Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

မြိတ်ရေပြင်တွင် ကုန်တင်လှေနှင့် ၀ါတမ်းမီးဝိုင်းလှေတိုက်မိနစ်မြှပ်မှုဖြစ်ပွား

မြိတ်ရေပြင်တွင် ကုန်တင်လှေနှင့် ၀ါတမ်းမီးဝိုင်းလှေတိုက်မိနစ်မြှပ်မှုဖြစ်ပွား
 
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
6.4.2017

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ရေပြင်၊ မြိတ်ဆိပ်ကမ်းအရှေ့ရှိ ပထော်တောင်အရှေ့ရေပြင်တွင် ဧပြီလ(၆)ရက်၊ ညနေ(၃)နာရီ(၁၅)မီနစ်ခန့်က အမ်ဗွီဝေပုလ္လအမည်ရှိ သံခွန်အမျိုးအစား ကုန်တင်ရေယာဉ်နှင့် မြတ်နိုးသူ(၇၂) ၀ါတမ်းမီးဝိုင်းလှေတို့  ဦးခေါင်းချင်းတိုက်မိကာ  မြတ်နိုးသူ(၇၂)၀ါတမ်းမီးဝိုင်းလှေမှာ နစ်မြှပ်မှုဖြစ်ပွါးခဲ့သည်။

 ဖြစ်စဉ်မှာ ထိုင်းနိုင်ငံမှဘိလပ်မြေတင်ဆောင်၍ ပဲ့နင်းဦးဝင်းနိုင်စိုးမောင်းလာသည့် ပိုင်ရှင် ဦးကျော်ဦး (မြိတ်မြို့နေ)ပိုင် အမ်ဗွီဝေပုလ္လကုန်တင်ရေယာဉ်သည် မြိတ်မြို့၊ ထူးထူးတိုးကုမ္ပဏီတွင် ဘိလပ်မြေချရန် မြိတ်ဆိပ်ကမ်းအတွင်းသို့ လမ်းကြောင်းအတိုင်းမောင်းဝင်လာစဉ် မြိတ်တဘက်ကမ်းတွင် ရှိသော ဦးသုခကုမ္ပဏီ၌ လှေဂီယာဘောက်ပြုပြင်ရန် မြိတ်မြို့ဆားတံတားမှ ပဲ့နင်းဦးမောင်ဝေမောင်းနင်လာပြီး ပိုင်ရှင်ဦးသုခ(မြိတ်)ပိုင်  မြတ်နိုးသူ(၇၂) ၀ါတမ်းမီးဝိုင်းလှေ(လူသုံးဦးပါ) တို့သည် မြိတ်ဆိပ်ကမ်းနှင့် ပထော်တောင်အရှေ့ဘက်ကြား ရေပြင်တွင် ကန့်လန့်ဖြတ်အနေအထားဖြင့် လှေဦးချင်းတိုက်မိကာ မြတ်နိုးသူ(၇၂)လှေမှာ တစ်ဘက်သို့တိမ်းမှောက်ကာ နစ်မြှပ်သွားသည်။

 အဆိုပါလှေနစ်မြှပ်သွားသည့် အလျား(၅၀ ပေ ၅ လက်မ)၊ အနံ(၁၃ ပေ ၂ လက်မ)၊ ရေစူး(၆ပေ)ရှိ မြတ်နိုးသူ(၇၂)၀ါတမ်းမီးဝိုင်းလှေကို တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ရေကြောင်းရဲတပ်ဖွဲ့(မြိတ်)၊ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရေကြောင်းဦးစီးဌာနတို့မှ ကြီးကြပ်၍  အောင်ချစ်ခင်(၃)ငါးသယ်လှေနှင့် အောင်သုခ(၉)၀ါလတ်လှေဖြင့် ဆွဲတင်ဆယ်ယူခဲ့ပြီး လှေတိုက်နစ်မြှပ်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများမှ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်ဆက်
Myat Htut
  

No comments:

Post a Comment