Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

ယာဉ်မောင်းနှင့်ယာဉ်မောင်းအကူ ဖော်ထုတ်လိုက်တဲ့ပြည်မြို့က လူသတ်မှု

 

ပြည် ဧပြီ (၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရန်ကုန်မြို့
သို့ကားအော်ဒါငှားသူ အမျိုးသမီးတစ်ဦး၏ပစ္စည်းများမှ 
မသင်္ကာဖွယ်ဖြစ်ကြောင်း ယာဉ်မောင်းမှကားရပ်၍လှည့်
ကင်းရဲအဖွဲ့အား သတင်းပေး ပို့တိုင်ကြားရာမှ လူသတ်မှု
တစ်ခုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ ဧပြီ(၅)ရက်နေ့ ည(၁၁)နာရီ(၃၀)အချိန်ခန့်
တွင်ဆည်မြောင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်
ကွက်ပြည်မြို့မှရန်ကုန်မြို့သို့ ယာဉ်မောင်ကိုကျော်စိုး
ဦးနှင့်ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းတို့ကားအော်
ဒါလိုက်ခဲ့ကြကြောင်းသိရသည်။
“ကျွန်တော်က ကိုးသောင်းရောက်မှကားပေါ်တက်လာ
တာ ကားပေါ်မှာ ပါလာတဲ့ ကားငှားသူအမျိုးသမီးရဲ့ပစ္စ
ည်းတွေကို မသင်္ကာဘူးလို့ကိုကျော်စိုးဦးကဖုန်းဆက်ေ
ပြာလို့ကျွန်တော်က ကားနောက်ခန်းကလိုက်ခဲ့တာအ
သမီးကရှေ့ခန်းလာထိုင်အတင်းပြောခဲ့တာ။ဒါပေမဲ့ကျွ
န်တော်ကနောက်ခန်းကထိုင်ပြီးအထုပ်ကြီးကိုကိုင်ကြည်
့တော့ သိပ်ပြီးဘဝင်မကျဖြစ်တာနဲ့ကိုကျော်စိုးဦးကို SM
ILE MOTEL ရှေ့ရောက်တော့ကားကိုရပ်ခိုင်းပြီးကား
ပေါ်ပါလာတဲ့ပစ္စည်းတွေကဘာတွေလဲမေးတော့သူလဲ
မသိဘူး သူကားပေါ်မတင်ရဘူးလို့ပြောတယ်။ဒါနဲ့အမ ကျွန်တော်တို့ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကဘာတွေ
လဲမေးတော့ အဲဒီအမျိုးသမီးက မဖြေဘူး အဲလိုမေးနေ
တုန်း ကျောက်ရုပ်ဘက်ကနေလှည့်ကင်းရဲကားလာ
တော့ တားပြီးတိုင်ခဲ့လို့ အခုလိုလူသတ်မှုပေါ်ပေါက်ခဲ့
တာ”ဟု ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းကပြော
သည်။
ထို့နောက် ရဲတပ်ဖွဲ့မှ အဆိုပါကားအား ငှားရမ်းလာ
သူအား၎င်းကားပေါ်တွင်ရှိသော ပစ္စည်းများနှင့်မေး
မြန်းခဲ့ရာ သေချာပြောပြဖြေကြားခြင်းမရှိသဖြင့် ရဲစ
ခန်းသို့ခေါ်ဆောင်လာကာထပ်မံစစ်ဆေးခဲ့ကြောင်း
ဆိုသည်။
“ကျွှန်တော်တို့လှည့်ကင်းအဖွဲ့ကကျောက်ရုပ်ဘက်က
နေ လှည့်ကင်းလှည့်လာတော့SMILE MOTEL ရှေ့မှာ 
ကားအဖြူတစ်စီးကတားတော့ရပ်ပြီးဘာကူညီရမလဲမေးတယ်။ကားဆရာက သူ့ကားပေါ်ပါလာတဲ့ပစ္စည်းတွေ
ကိုမသင်္ကာလို့ စစ်ဆေးပေးဖို့ပြောလို့စခန်းခေါ်လာပြီး
စစ်ဆေးတော့အမျိုးသမီးအလောင်းကို တိပ်တွေနဲ့ ပတ်
ပြီး အိပ်ထဲထည့်လာတာကိုစစ်ဆေးတွေ့ရှိရတယ်အမျိုး
သမီးကတော့ အသက်မရှိတော့ဘူး”ဟုလှည့်ကင်းအဖွဲ့
ခေါင်းဆောင် ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ်ကပြောသည်။
အဆိုပါကားငှားလာသူ အမျိုးသမီးမှာဒေါ်နေဝါစိုး(ခ)
ဒေါ်ဖြူခိုင်ဖြစ်ပြီးပဲခူးမြို့ အမှတ်(၁၅၈)၊ဗိုလ်မင်းသိမ်း
(၂)လမ်း၊ဟံသာဝတီရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောာင်းသိရပြီး လွန်ခဲ့သောတစ်နှစ်ခန့်က အိမ်ထောင်ကွဲနေ
သည့်ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းဦးဦးစီးအရာရှိ၊ဆည်ေ
မြာင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်ကွက်၊ပြည်မြို့
ရှိ ဌာနပိုင်နေအိမ် ဦးထွန်းမင်းဦး၏ နောက်အိမ်ထောင် မသိင်္ဂီဝင်း၊ပြည်နည်းပညာတက္ကသိုလ်မှ စက်မှုဘာသာ
ရပ်ပြကျောင်းဆရာမ တစ်ဦးတည်းရှိနေစဉ် ဧပြီ(၅)ရက်
နေ့ ည(၁၀)နာရီအချိန်ခန့်သွားရောက်စကားပြောရာမှ 
ဧည့် ခန်းတွင်လုံးထွေးသတ်ပုတ်ရန် ဖြစ်ကြပြီးအသင့်ေ
တွ့ရှိသောအရိုး(၉)လက်မခန့်ရှိတစ်မတ်လုံးသံရိုးတပ်တူ ဖြင့်ဦးခေါင်းနောက်စေ့ယာဘက်အား တစ်ချက်ထု
ခဲ့ကြောင်း ထို့နောက်အလောင်းအားအစိမ်းရောင်တိပ်
များဖြင့် ပတ်ကာထုတ်ပိုးပြီး ကားကိုရန်ကုန်သို့ငှားကာ
ပစ္စည်းနှင့်အလောင်းအားတင်၍ထွက်ခဲ့စဉ်လှည့်ကင်းနှင့်တွေ့ခဲ့ကြောင်းသတင်းရရှိသည်။
ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့မရဲစခန်း ဒုရဲမှူးစခန်းမှူးတင်ကိုမှ တရားလိုပြုလုပ်တိုင်တန်း
ချက်အရပြည်မြို့မရဲစခန်း(ပ)အမှတ် ၈၃၁/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁အရအမှုဖွင့်ဆောင်
ရွက်ထားရှိကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
-
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
 

No comments:

Post a Comment