Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 25, 2017

လွလွပပ ဘ၀ကူးေျပာင္းခ်င္တဲ့ ေနာက္ဆံုးစိတ္ဆႏၵ အတိုင္း ျပည့္၀သြားတဲ့ ဖိလစ္ပိုင္သူ

မၾကာခင္ ေသေတာ့မွာကို ႀကိဳသိေနတဲ့ အသက္ ႏွစ္ဆယ္အရြယ္ ဖိလစ္ပိုင္သူေလးတစ္ေယာက္ဟာ လွလွပပ ဘ၀ကူးေျပာင္းခ်င္တဲ့ သူ႕ရဲ႕ေနာက္ဆံုးစိတ္ဆႏၵ ျပည့္၀ေအာင္ ႀကိဳတင္ျပင္ဆင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Racine Pregunta လို႔ အမည္ရတဲ့ သူမဟာ အ႐ိုးကေန စတင္ျဖစ္ေပၚလာတဲ့ ကင္ဆာ ေ၀ဒနာ Osteosarcoma တစ္မ်ဳိးကို ခံစားခဲ့ရၿပီး ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္မွာ ကြယ္လြန္သြားခဲ့တာပါ။


သူမဟာ မကြယ္လြန္မီ ငါးရက္အလို (ဧၿပီ ၁၂ ရက္) ကတည္းက မၾကာခင္ ေသဆံုးေတာ့မယ္ ဆိုတာ ႀကိဳသိႏွင့္ေနၿပီး ျဖစ္တာေၾကာင့္ ေနာက္ဆံုးစိတ္ဆႏၵအေနနဲ႔ လွလွပပ ပံုစံမ်ဳိးနဲ႔ ဘ၀ကူးေျပာင္းခ်င္တဲ့ ေတာင္းဆိုမႈ ရွိခဲ့ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ဘက္ပိုင္း Davao ၿမိဳ႕က ျဖစ္တဲ့ သူမ ကြယ္လြန္သြားခ်ိန္မွာေတာ့ တကယ္ပဲ သူမ ျဖစ္ေစခ်င္ခဲ့တဲ့ လွလွပပ ပံုစံမ်ဳိး ၿပံဳးၿပံဳးေလး ေသဆံုးသြားခဲ့ၿပီး သူမရဲ႕ အစီအစဥ္အားလံုး ၿပီးေျမာက္ေစဖို႔အတြက္ မိသားစုကေန ျပင္ဆင္၊ ေဆာင္ရြက္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။
အျဖဴေရာင္ ေခါင္းတလားထဲမွာ ပခံုးေပၚေနတဲ့ ၀တ္စံုအျဖဴေရာင္ ၀တ္ဆင္ထားၿပီး နဖူးစည္းမွာလည္း ပန္းေလးေတြနဲ႔ အလွဆင္ထားသလို မိတ္ကပ္ပညာရွင္ရဲ႕ အျပင္အဆင္ေတြနဲ႔ လွလွပပ ဘ၀ကူးေျပာင္းသြားတဲ့ သူမရဲ႕ပံုေတြဟာ လူမႈကြန္ရက္စာမ်က္ႏွာေပၚ ေရာက္ရွိလာခဲ့ရာကေနတစ္ဆင့္ လူသိမ်ားလာခဲ့ပါတယ္။

Ref: Daily Mail
Credit: ေက်ာ္လင္းေအာင္(MoMoLay)


#Unicode Version
မကြာခင် သေတော့မှာကို ကြိုသိနေတဲ့ အသက် နှစ်ဆယ်အရွယ် ဖိလစ်ပိုင်သူလေးတစ်ယောက်ဟာ လှလှပပ ဘဝကူးပြောင်းချင်တဲ့ သူ့ရဲ့နောက်ဆုံးစိတ်ဆန္ဒ ပြည့်ဝအောင် ကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Racine Pregunta လို့ အမည်ရတဲ့ သူမဟာ အရိုးကနေ စတင်ဖြစ်ပေါ်လာတဲ့ ကင်ဆာ ဝေဒနာ Osteosarcoma တစ်မျိုးကို ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာ ကွယ်လွန်သွားခဲ့တာပါ။


သူမဟာ မကွယ်လွန်မီ ငါးရက်အလို (ဧပြီ ၁၂ ရက်) ကတည်းက မကြာခင် သေဆုံးတော့မယ် ဆိုတာ ကြိုသိနှင့်နေပြီး ဖြစ်တာကြောင့် နောက်ဆုံးစိတ်ဆန္ဒအနေနဲ့ လှလှပပ ပုံစံမျိုးနဲ့ ဘဝကူးပြောင်းချင်တဲ့ တောင်းဆိုမှု ရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ဘက်ပိုင်း Davao မြို့က ဖြစ်တဲ့ သူမ ကွယ်လွန်သွားချိန်မှာတော့ တကယ်ပဲ သူမ ဖြစ်စေချင်ခဲ့တဲ့ လှလှပပ ပုံစံမျိုး ပြုံးပြုံးလေး သေဆုံးသွားခဲ့ပြီး သူမရဲ့ အစီအစဉ်အားလုံး ပြီးမြောက်စေဖို့အတွက် မိသားစုကနေ ပြင်ဆင်၊ ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အဖြူရောင် ခေါင်းတလားထဲမှာ ပခုံးပေါ်နေတဲ့ ဝတ်စုံအဖြူရောင် ဝတ်ဆင်ထားပြီး နဖူးစည်းမှာလည်း ပန်းလေးတွေနဲ့ အလှဆင်ထားသလို မိတ်ကပ်ပညာရှင်ရဲ့ အပြင်အဆင်တွေနဲ့ လှလှပပ ဘဝကူးပြောင်းသွားတဲ့ သူမရဲ့ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ် ရောက်ရှိလာခဲ့ရာကနေတစ်ဆင့် လူသိများလာခဲ့ပါတယ်။


Ref: Daily Mail

Credit: ကျော်လင်းအောင်(MoMoLay)

No comments:

Post a Comment