Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 25, 2017

ယုဇနပလာဇာမှာ ငါးနှစ်အရွယ် ကလေးတစ်ဦး စက်လှေကားညပ်မှုဖြစ်

ရန်ကုန်မြို့ယုဇနပလာဇာမှာ ဧပြီလ ၂၄ ရက်ညနေ ၄ နာရီလောက်က ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး စက်လှေကားညပ်မှု ဖြစ်ပွားခဲ့လို့ ကြက်ခြေနီအဖွဲ့တွေသွားရောက်ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။

မိခင်နဲ့အတူဈေးလာဝယ်တဲ့ ကလေးငယ်တစ်ဦး စက်လှေကားမှာ ခြေထောက်ညပ်နေပြီး ထုတ်လို့မရတာကြောင့် လာရောက်ကူညီဖို့ အကြောင်းလာတာလို့ ကြက်ခြေနီအဖွဲ့ဝင်တွေ သွားရာက်ရာခဲ့ရာမှာ အဆိုပါကလေးရဲ့ ညာဘက်ခြေမျက်စိအပေါ်နားထိ စက်လှေကားခြေနင်းဘေးမှာ အထဲကို ညှပ်ဝင်နေခဲ့တာလို့ သိရပါတယ်။

ကလေးငယ်ရဲ့ခြေထောက်က ခြေနင်းပြားရဲ့အောက်ကို ခြေမျက်စိအထိ စိုက်ဝင်နေလို့ ကလေးကိုဆွဲထုတ်လို့ မရဖြစ်နေတာလို့ မီးသတ်ကို အကြောင်းကြားပြီး ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါကလေးငယ်ရဲ့ ခြေထောက်ဒဏ်ရာက ကြေမွပြီး သွေးထွက်နေလို့ မိနစ် ၃၀ ကြာ ကြိုးစားဆွဲထုတ်ခဲ့ရပြီး ရှင်ကူလူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင်ကြက်ခြေနီအဖွဲ့က ပို့ဆောင် ကူည်ီပေးခဲ့တယ်လို့ သိရပါတယ်။
Source & Photos : Yangon Property

No comments:

Post a Comment