Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက လည်းပင်းညှစ်ရာမှ လူသတ်မှုဖြစ်ပွား



နေပြည်တော် ဧပြီ ၁၉

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွာကောက်အုပ်စု၊ ပန်းခင်း (၃) ရပ်တွင် ဧပြီ ၁၇ နေ့ ည ၂ နာရီ အချိန်ခန့်၌ လင်မယားချင်းစကားများရာ ခင်ပွန်းဖြစ်သူမှ လည်ပင်းညှစ်သဖြင့် အမျိုးသမီးမှာ သေဆုံး သွားကြောင်း ရာအိမ်မှူး ဦးစိုးမြင့်၏ သတင်းပေးပို့မှုကြောင့် ပျဉ်းမနားမြို့မစခန်းမှူး ဒုရဲမှူးတင်ဌေး ဦးဆောင်၍ နယ်ထိန်းတပ်ဖွဲ့ဝင်၊ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မဇင်မာခိုင် (၁၈)နှစ် ဆိုသူမှာ ၎င်း၏နေအိမ်ပေါ်၌ လည်ပင်းညိုမဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။


အမှုဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ နေထက်လင်း (၂၀)နှစ် ပန်ရံလုပ်ကိုင်သူသည် ဧပြီ (၁၇)ရက် နံနက် (၅)နာရီ အချိန်၌ ရပ်ကွက်အတွင်းရှိ အလှူအိမ်သို့သွားရောက်ခဲ့ပြီး ည (၁၁)နာရီအချိန်တွင် ၎င်း၏နေအိမ်သို့ပြန်ရောက်ရှိ စဉ် ဇနီးဖြစ်သူ မဇင်မာခိုင်က ၎င်းအား မိဘ၊ ဆွေးမျိုးများနှင့် ပေးစား၊ ဆဲဆိုသဖြင့် အပြန်အလှန်စကားများခဲ့ပြီ ဇနီးဖြစ်သူအား လည်ပင်းညှစ်ရာမှ သေဆုံးခဲ့ကြောင့် ပြောပြသိရှိရသဖြင့် နေထက်လင်းဆိုသူကို ည ၂ ခွဲ အချိန်တွင် ဖမ်းဆီးကာ စခန်းမှူး ဒုရဲမှူးတင်ဌေးမှ တရားလိုပြုလုပ်၍ ပျဉ်းမနားမြို့မရဲစခန်း ပ (၄၁၉/၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ပြီး တရားရုံးသို့ ဆက်လက်တင်ပို့ဆောင်ရွက်နိုင်ရန် ရဲလုပ်ထုံ လုပ်နည်းနှင့် အညီ လိုအပ်သလို စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ရဲရဲ (ပျဉ်းမနား) မြန်မာ့အလင်း
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment