Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 5, 2017

သိန်း ၂ သောင်းတန်ထီပေါက်ခဲ့ပေမဲ့ မိခင်ဖြစ်သူကြောင့် ဆုကြေးနဲ့လွဲချော်ခဲ့ရတဲ့ မိန်းကလေး


သင်ဘ၀ကြီးက ကံဆိုးနေပြီလို့ ထင်နေပါသလား။သင်အဲ့လို ထင်နေပြီဆိုရင်တော့ သင်ထက်ကံဆိုးတဲ့ လူတွေ ရှိသေးတယ် ဆိုတာကို သတိရလိုက်ပါ။သင်ရဲ့ ဘ၀ကိုက ကံဆိုးလွန်းတယ်လို့ ထင်မိနေရင် ဒီဖိလစ်ပိုင်နိုင်ငံ သူကောင်မလေးတစ်ယောက် က သင်ထက်ကံဆိုးနေနိုင်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသူ အကွီနို မီဆီနာ ဆိုသူကောင်မလေးတစ်ယောက်ဟာ ဂဏန်းများနဲ့ တိုက်အောင်ထိုးရတဲ့ ဖိလစ်ပိုင် ထီလက်မှတ်တစ်စောင်ကို Social Media ပေါ်တင်ခဲ့ပါတယ်။သူမဟာ PCSO (Philippine Charity Sweepstakes Office) မှ ဦးစီးဖွင့်တဲ့ ထီထိုးတဲ့ နေရာမှာ 6/55 ထီအတွက် ဂဏန်းကို ရေးခဲ့ပြီး မိခင်ဖြစ်သူကိုထိုးထားရန်မှာထားခဲ့ပါတယ်။နောက်တစ်နေ့ ထီဖွင့်တဲ့ အချိန်မှာ သူမရဲ့ ဂဏန်းပေါက်စဉ်ဟာ တူနေပေမဲ့ ထီနံပါတ်ကတော့ 6/45 ဖြစ်နေခဲ့ပါတယ်။သူမရဲ့ အမေဟာ သူမပြောခဲ့တဲ့ ဂဏန်းအတိုင်း အတိအကျထိုးခဲ့ပေမဲ့ ထီနံပါတ် 6/55 မှာ မထိုးခဲ့ဘဲ 6/45 မှာထိုးခဲ့တဲ့ အတွက် ဖိလစ်ပိုင် ရူဆို (Php) ၈၅ သန်း ( မြန်မာငွေ သိန်း နှစ်သောင်း ) ဆုငွေနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် 6/55 ထီက ၂၀၁၇ မတ်လ ၂၇ ရက်နေ့မှာ ဖွင့်ခဲ့တာ ဖြစ်ပြီး မိန်းကလေး ထိုးခဲ့တဲ့ 10, 13, 16, 32, 38,44 နံပါတ်နဲ့ တူညီစွာ ထီဖွင့်ခဲ့တာ ဖြစ်ပါတယ်။သို့ပေမဲ့ မိန်းကလေးပြောခဲ့တဲ့ ထီ 6/55 မှာ မထိုးခဲ့ဘဲ နားကြားလွဲခဲ့တဲ့ မိခင်ကြောင့် မြန်မာငွေ သိန်း ၂ သောင်းကျော်လွဲချော်ခဲ့ရပါတယ်။ဆိုရှယ်မီဒီယာ အသုံးပြုသူ အများစုကတော့ သူမရဲ့ ကံဆိုးမှုအတွက် ဖြေသိမ့်ပေးနေကြတယ် လို့သိရပါတယ်။

Shwemom

Ref : Viral For Real

No comments:

Post a Comment