Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 7, 2017

သူ ႔ဘ၀ သူ႕ခံစားခ်က္ေတြကုိ ရင္ဖြင္႔လိုက္တဲ႔ အကယ္ဒမီ သက္မြန္ျမင္႔


သရုပ္ေဆာင္ သက္မြန္ျမင့္ တစ္ေယာက္က ဘဝကို ဟန္ေဆာင္မႈကင္းစြာ ျဖတ္သန္းတယ္လုိ႕ ဆုိပါတယ္။ ေလာကႀကီး မွာ လုပ္ယူလုိ႕ မရတာဟာ တပါးသူရဲ႕ ခ်စ္ျခင္းေမတၱာတရားပါပဲလို႕ သူမက ဆုိပါတယ္။ ခ်စ္သူမုန္းသူရွိၾကတာ ဓမၼတာ ဆုိေပမယ့္ သူမမွာ ခ်စ္တဲ့သူေတြ မ်ားေနတာ သူမေလာက္ ကံေကာင္းတဲ့ သူရွိပါဦးမလား ဆိုၿပီး ေဖ့စ္ဘြတ္မွာ ေရးသား ထားပါတယ္။


“ကၽြန္မ မေခ်ာပါ ဒါေပမဲ့ ကၽြန္မကို ခ်စ္ၾကတယ္။ ကၽြန္မ body မမိုက္ပါ ဒါေပမဲ့ ကၽြန္မကို ခ်စ္ၾကတယ္။ ကၽြန္မ ဒီဇိုင္း လန္ထြက္မေနပါဒါေပမဲ့ ကၽြန္မကို ခ်စ္ၾကတယ္။ ကၽြန္မက ဆဲြေဆာင္မႈေကာင္းတဲ့သူ မဟုတ္ပါ ဒါေပမဲ့ ကၽြန္မကို ခ်စ္ ၾကတယ္။

ကၽြန္မ မဟုတ္မခံ စြာေတးလန္ပါ ဒါေပမဲ့ ကၽြန္မကို ခ်စ္ၾကတယ္။ ကၽြန္မ လူမႈဆက္ဆံေရး မေကာင္းပါ ဒါေပမဲ့ ကၽြန္မကို ခ်စ္ၾကတယ္။ ကၽြန္မကို ခ်စ္ၾကတယ္ ခ်စ္ၾကတယ္။ ေလာကႀကီးမွာ လုပ္ယူလို႔မရတာ တပါးသူရဲ႕ ခ်စ္ျခင္းေမတၱာရဖို႔ပဲ။


ကၽြန္မ ခံယူတဲ့အတိုင္း ဘဝကို ဟန္ေဆာင္မႈကင္းကင္း လြတ္လပ္စြာျဖတ္ သန္းပါတယ္။ ခ်စ္သူ မုန္းသူ ရွိၾကတာ ဓမၼတာမွာ ကၽြန္မကို ခ်စ္ၾကတဲ့သူ အမ်ားႀကီး! ကၽြန္မေလာက္ ကံေကာင္းသူရွိပါဦးမလား။”လို႕ ေျပာထားပါတယ္။

ဇာတ္ကားရိုက္ကူးမႈေတြ နားထားတဲ့ သက္မြန္ျမင့္တစ္ေယာက္ကေတာ့ သားေလးနဲ႕ သမီးေလးအတြက္ အခ်ိန္ေပး ေနပါတယ္။ သက္မြန္ျမင့္ကေတာ့ မိသားစုကို အခ်ိန္ေပးေနရင္း ပရိသတ္မ်ားနဲ႕ အဆက္အသြယ္မျပတ္ေအာင္ ေနေနသူလည္း ျဖစ္ပါတယ္။

သူမရဲ႕ လႈပ္ရွားမႈတုိင္းကို ေဖ့စ္ဘြတ္ေပၚကေန အၿမဲတမ္း အသိေပးေနတဲ့ သရုပ္ေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ ” အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေ ဆာ င္ ဆုကို ရရွိထားသူ တစ္ဦး ျဖစ္သလို ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ ဆုေပးပြဲမွာ “ခ်စ္လွစြာေသာအ မု န္း” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Photo : သက္မြန္ျမင့္ ေဖ့စ္ဘြတ္
Credit: Duwun

#Unicode version
သရုပ်ဆောင် သက်မွန်မြင့် တစ်ယောက်က ဘဝကို ဟန်ဆောင်မှုကင်းစွာ ဖြတ်သန်းတယ်လို့ ဆိုပါတယ်။ လောကကြီး မှာ လုပ်ယူလို့ မရတာဟာ တပါးသူရဲ့ ချစ်ခြင်းမေတ္တာတရားပါပဲလို့ သူမက ဆိုပါတယ်။ ချစ်သူမုန်းသူရှိကြတာ ဓမ္မတာ ဆိုပေမယ့် သူမမှာ ချစ်တဲ့သူတွေ များနေတာ သူမလောက် ကံကောင်းတဲ့ သူရှိပါဦးမလား ဆိုပြီး ဖေ့စ်ဘွတ်မှာ ရေးသား ထားပါတယ်။

“ကျွန်မ မချောပါ ဒါပေမဲ့ ကျွန်မကို ချစ်ကြတယ်။ ကျွန်မ body မမိုက်ပါ ဒါပေမဲ့ ကျွန်မကို ချစ်ကြတယ်။ ကျွန်မ ဒီဇိုင်း လန်ထွက်မနေပါဒါပေမဲ့ ကျွန်မကို ချစ်ကြတယ်။ ကျွန်မက ဆွဲဆောင်မှုကောင်းတဲ့သူ မဟုတ်ပါ ဒါပေမဲ့ ကျွန်မကို ချစ် ကြတယ်။

ကျွန်မ မဟုတ်မခံ စွာတေးလန်ပါ ဒါပေမဲ့ ကျွန်မကို ချစ်ကြတယ်။ ကျွန်မ လူမှုဆက်ဆံရေး မကောင်းပါ ဒါပေမဲ့ ကျွန်မကို ချစ်ကြတယ်။ ကျွန်မကို ချစ်ကြတယ် ချစ်ကြတယ်။ လောကကြီးမှာ လုပ်ယူလို့မရတာ တပါးသူရဲ့ ချစ်ခြင်းမေတ္တာရဖို့ပဲ။

ကျွန်မ ခံယူတဲ့အတိုင်း ဘဝကို ဟန်ဆောင်မှုကင်းကင်း လွတ်လပ်စွာဖြတ် သန်းပါတယ်။ ချစ်သူ မုန်းသူ ရှိကြတာ ဓမ္မတာမှာ ကျွန်မကို ချစ်ကြတဲ့သူ အများကြီး! ကျွန်မလောက် ကံကောင်းသူရှိပါဦးမလား။”လို့ ပြောထားပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေ နားထားတဲ့ သက်မွန်မြင့်တစ်ယောက်ကတော့ သားလေးနဲ့ သမီးလေးအတွက် အချိန်ပေး နေပါတယ်။ သက်မွန်မြင့်ကတော့ မိသားစုကို အချိန်ပေးနေရင်း ပရိသတ်များနဲ့ အဆက်အသွယ်မပြတ်အောင် နေနေသူလည်း ဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဖေ့စ်ဘွတ်ပေါ်ကနေ အမြဲတမ်း အသိပေးနေတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ” အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ေ ဆာ င် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ “ချစ်လှစွာသောအ မု န်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်
Credit: Duwun

No comments:

Post a Comment