Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 7, 2017

အကယ္ဒမီေနတိုး၏ မိခင္မွ ေခြ်းမေလာင္းအတြက္ ေရးတဲ႔စာ


သမီးေရ ………

သားက အရမ္းကို ေအးေအးေဆးေဆးေနတတ္ေတာ့ သူ႔ဘဝရဲ႕ လက္တြဲေဖၚအျဖစ္ ပိုင္ဆိုင္ခြင့္ရတ့ဲ သမီးေလးက တအားကံေကာင္းတ့ဲမိန္းကေလးတို႔ အရီးထင္တယ္ ………။


သမီးေရ ………

အရီးကေတာ့ ေယာကၡမႏွစ္ပါးကိုလည္း အေမအေဖလို ဆက္ဆံျပဳစုေကြ်းေမြးခ့ဲတယ္ … အရီးလက္ထဲမွာပဲ ေယာကၡမဆံုးပါးသြားခ့ဲတယ္ … အခုထိလည္း ေန႔တိုင္းကန္ေတာ့ၿပီးမွ အိပ္ရာဝင္တယ္ ………။


သမီးေရ ………

အရီးရဲ႕သားကို ဘယ္လိုဘယ္ဝါ မိန္းကေလးမ်ိဳးကိုမွ ေရြးခ်ယ္ရမယ္လို႔ တင္းက်ပ္ထားတာလည္း မရွိပါဘူး … အရီးသားက ေအးေဆးတည္ၿငိမ္စြာ ေနထိုင္တတ္သူမို႔ အိမ္ေထာင္တစ္ခု တည္ေဆာက္ရင္လည္း ကိုယ့္မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လူမွဳဘဝေလး ရွင္သန္ခ်င္ပါတယ္ ………။

သမီးေရ ………

သားတစ္ေယာက္ရဲ႕ မိခင္တစ္ဦးအေနနဲ႔ တစ္ခ်ိန္ခ်ိန္မွာ ျဖစ္ခြင့္ျမင္ခြင့္ရမယ့္ အရီးရဲ႕ ေခြ်းမေလာင္းေလးကို မိခင္တစ္ဦးအေနနဲ႔လည္း ရိုးသားျဖဴစင္စြာနဲ႔ ဆႏၵျပဳပါတယ္ သမီးရယ္ ………။

Credit:ေဒၚသန္းၿမိဳင္

#Unicode Version
သမီးရေ ………

သားက အရမ်းကို အေးအေးဆေးဆေးနေတတ်တော့ သူ့ဘဝရဲ့ လက်တွဲဖေါ်အဖြစ် ပိုင်ဆိုင်ခွင့်ရတဲ့ သမီးလေးက တအားကံကောင်းတဲ့မိန်းကလေးတို့ အရီးထင်တယ် ………။

သမီးရေ ………

အရီးကတော့ ယောက္ခမနှစ်ပါးကိုလည်း အမေအဖေလို ဆက်ဆံပြုစုကျွေးမွေးခဲ့တယ် … အရီးလက်ထဲမှာပဲ ယောက္ခမဆုံးပါးသွားခဲ့တယ် … အခုထိလည်း နေ့တိုင်းကန်တော့ပြီးမှ အိပ်ရာဝင်တယ် ………။

သမီးရေ ………

အရီးရဲ့သားကို ဘယ်လိုဘယ်ဝါ မိန်းကလေးမျိုးကိုမှ ရွေးချယ်ရမယ်လို့ တင်းကျပ်ထားတာလည်း မရှိပါဘူး … အရီးသားက အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူမို့ အိမ်ထောင်တစ်ခု တည်ဆောက်ရင်လည်း ကိုယ့်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် လူမှုဘဝလေး ရှင်သန်ချင်ပါတယ် ………။

သမီးရေ ………

သားတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ တစ်ချိန်ချိန်မှာ ဖြစ်ခွင့်မြင်ခွင့်ရမယ့် အရီးရဲ့ ချွေးမလောင်းလေးကို မိခင်တစ်ဦးအနေနဲ့လည်း ရိုးသားဖြူစင်စွာနဲ့ ဆန္ဒပြုပါတယ် သမီးရယ် ………။
Credit:ဒေါ်သန်းမြိုင်

No comments:

Post a Comment