Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 20, 2017

သင်္ကြန်ပြန်လာသူတွေ ထိုင်းပြန်ဖို့ ခက်ခဲနေ

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာအလုပ်သမားများကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သင်္ကြန်ကာလ နေရပ်ပြန် လာကြပြီး လုပ်ငန်းခွင်ဝင်ဖို့ ထိုင်းနိုင်ငံကို ပြန်ရာမှာ စာရွက်စာတမ်းအခက်အခဲတွေနဲ့ ကြုံတွေ့နေပါတယ်။

နိုင်ငံကူးလက်မှတ်၊ ယာယီ Passport၊ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်သေခံကဒ်ပြားတွေ ကိုင်ဆောင်ထားကြပေမယ့်လည်း အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေကိုပါ စစ်ဆေးနေတဲ့အတွက် အခက်တွေ့ကြရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

"ပန်းရောက်ကဒ်ဆိုရင် ခရီးသွားထောက်ခံစာလိုတယ်၊ Passport စာအုပ်ကြီး ယာယီ Passport ဆိုရင် ဝပ်ပါမစ်ပြရမယ်၊ အခုနောက်ဆုံးပေါ်တာ CI ပဲ မည်သူမည်ဝါဖြစ်ကြောင်း သူလည်း ယာယီ Passport အတိုင်း ဝပ်ပါမစ် ပြရမယ်၊ မဲဆောက်နဲ့ မြဝတီ ဟိုဘက်ဒီဘက်ကူးတာက သောင်ရင်းမြစ်ကနေပြီးတော့ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံရှိပါလျက်နဲ့ အောက်လှေဂိတ်လို့ခေါ်တဲ့ ကူးတို့လှေနဲ့ ပြန် ကြတာရှိတယ်၊ တရားမဝင်ဘူး၊ ပြန်တဲ့အခါကျတော့ သူတို့မှာအထွက်တုံးဆိုတာမရှိဘူး၊ အဝင်တုံး ကျတော့လည်း ဂွကျတာပေါ့"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကစပြီး ဧပြီလ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်း အလုပ်သမားတွေ ကို နေရပ်ပြန်ခွင့်ပြုထားတာဖြစ်ပါတယ်။

အဓိက ပြန်လာကြသူတွေဟာ မဲဆောက်-မြဝတီ လမ်းကြောင်းကဖြစ်ကြပြီး အများစုတို့ဟာ မြန်မာနိုင်ငံ ဘက်ခြမ်း ဖြတ်ကူးရာမှာ နယ်စပ်တံတားအောက် သောင်ရင်းမြစ်ထဲကဖြတ်ပြီး ပြန်ကြတဲ့အတွက် Passport ၊ ယာယီသက်သေခံကဒ်ပြားတွေမှာ အထွက်တံဆိပ်တုံး မထုလိုက်ကြရပါဘူး။

ထိုင်းနိုင်ငံကိုပြန်လည်သွားရောက်ဖို့ အထောက်အထားမစုံလင်တဲ့သူတွေ အခက်ကြုံကြရသလို တရားဝင်အနေ နဲ့ ပြန်ကြသူတွေကိုလည်း အလုပ်လုပ်ကိုင်ခွင့်အထောက် အထားတွေကိုပါ စစ်ဆေးကြတဲ့အတွက် အခက်အခဲ ကြုံတွေ့နေရတာပါ။

ထိုင်းအစိုးရက ဒီနှစ်မှာ အခုလိုတရားဝင်အနေနဲ့ အခုလိုစီစဉ်ပေးတာကို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဘက်ကလည်း တရားဝင်အနေနဲ့ သွားလာကြဖို့လိုတယ်လို့  ဦးမိုးကြိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ကစပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်လည် သွားရောက်သူ လက်ရှိအချိန်အထိ လူဦးရေ ၅ သောင်းကျော်လောက် ရှိတယ်လို့ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment