Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

၃၈ ယောက်ဆန့် ရေယာဉ်က ၈၃ယောက်တင်သဖြင့် ဖမ်းဆီး

 
၃၈ ယောက်ဆန့် ရေယာဉ်က ၈၃ယောက်တင်သဖြင့် ဖမ်းဆီး 
***************************************
၃.၄.၂၀၁၇

ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ အမြန်ရေယာဉ်တစီးဟာ 
ခရီးသည် ၃၈ယောက်သာတင်ပြီးပြေးဆွဲခွင့်ရှိပေမယ့် 
ခရီးသည် ၈၃ယောက်တင်ကာ မနိုင်ဝန်ထမ်းပြီးပြေးဆွဲနေတာကြောင့် ကနီမြို့နယ်မှာ ယနေ့ညနေပိုင်းက ဖမ်းဆီးအရေးယူလိုက်ပါတယ်။
ရေယာဉ်ခံနိုင်ဝန်ထက်ပိုပြီး လူအများအပြားတင်ဆောင်တာကြောင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ အောင်စိုးမိုးကျော် (၂) ရေယာဉ် ဟာ ၂၀၁၆ ခုနှစ်အောက်တိုဘာ ၁၅ရက်မနက်၅နာရီအချိန်ခန့်က ကနီခရိုင် မိကျောင်းတွင်းကျေးရွာအထက်ဆိပ်ကမ်းနေရာအနီးမှာ ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့ရပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ရေယာဉ်တိမ်းမှောက်မှုကင်းဝေးအောင် တာဝန်ရှိသူတွေအနေနဲ့ ရေယာဉ်ပြေးဆွဲမှုတွေကို သေချာစိစစ်ဆောင်ရွက်လျှက်ရှိပြီး မနိုင်ဝန်တင်ယာဉ်များကို ဖမ်းဆီးအရေးယူလျှက်ရှိကြောင်းသိရပါတယ်။
MUNA

ဓါတ်ပုံ - Tun Tun Win/facebook
   

No comments:

Post a Comment