Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

သင်္ကြန်တွင်း နေရပ်ပြန်မြန်မာလုပ်သားများ မြဝတီနယ်စပ် အာရှလမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်(2)ဦးသေဆုံး(11)ဦး ဒဏ်ပြင်းထန်စွာရရှိခဲ့ ....

 သင်္ကြန်တွင်း နေရပ်ပြန်မြန်မာလုပ်သားများ မြဝတီနယ်စပ်
အာရှလမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်(2)ဦးသေဆုံး(11)ဦး
ဒဏ်ပြင်းထန်စွာရရှိခဲ့ ....
======================
3-4-2017
မြဝတီ ကော့ကရိတ်အာရှလမ်း

ထိုင်းမြန်မာနယ်စပ် မြဝတီ ကော့ကရိတ်အာရှလမ်းမကြီး
ဆရာပက်​လက်​​တောင်​ အဆင်း သကြားကား ​မှောက်​တဲ့ အထက်​​ကွေ့ မှာ ထိုင်းနိင်ငံမှ အိမ်ပြန်မြန်မာလုပ်သား
အများစု စီးနင်းတင်​​ဆောင်​လာတဲ့ တောင်းအေ့စ်ကား
တစ်​စီး တိမ်း​မှောက်​ကာ လမ်း​ဘေးသို့ ထိုးကျ​ခဲ့ပြီး
သင်္ကြန်တွင်း မိဘဆွေမျိုးများဆီသို့ အလည်ပြန်လာသော
မြန်မာလုပ်သား ကျားတစ်ဦး မတစ်ဦးသေဆုံးခဲ့သလို
အခြား ၁၁ ဦးမှာလည်း ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပါတယ်။

ပုလဲဖြူ လူမှုကယ်​ဆယ်​​ရေး အဖွဲ့ မှ ညီ​နောင်​ မြို့သစ်​ လူမှုကယ်​ဆယ်​​ရေး အဖွဲ့ နှင့်​ ဆက်​သွယ်
ပြီး အ​ရေး​ပေါ်ယာဉ်​ ​ပေါင်း ၆ စီးဖြင့်​ မြဝတီ ​ဆေးရုံသို့
ယနေ့နေ့လယ်ပိုင်းမှာ ကူညီပို့​ဆောင်​​ပေးခဲ့တယ် လို့
သိရပါသည်။
ယာဉ်​​မောင်းသူ အိပ်​ငိုက်နေ၍ အိမ်ပြန်မြန်မာလုပ်သား
တစ်​ဦး မှ သီချင်းဖွင့်​ပေးခဲ့သေးပေမယ့် နောက်​တစ်ကြိမ်
ထပ်မံအိပ်ငိုက်ပြီး ကားများမကြာခဏတိမ်းမှောက်လေ့
ရှိတဲ့ အာရှလမ်းအပိုင်း ပက်လက်တောင်အဆင်းမှာ
တိမ်း​မှောက်​​ လှိမ့်​သွားကြောင်း သိရပါသည်​။

Photo-----
Kohtaik(ကော့ကရိတ်Rescue)
သတင်း- ရဲမင်း( AAC @ RAKSTHAI)
 
    

No comments:

Post a Comment