Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 25, 2017

ပျော်ပျော်ပဲနေတက်ပါတယ်ဆိုတဲ့ ရတနာမြိုင်ကျောင်းတိုက်က ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် ပိုင်သစ်

ပျော်ပျော်ပဲနေတက်ပါတယ်ဆိုတဲ့ ရတနာမြိုင်ကျောင်းတိုက်က ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် ပိုင်သစ်

 ပြီးခဲ့တဲ့ သင်္ကြန်ကာလက ရတနာမြိုင်ကျောင်းသစ်တိုက်မှာ ဒုလ္လဘများ သင်္ဃန်စီးခဲ့ကြရာမှ ပျော်ပျော်ပဲနေတက်ပါတယ်ဆိုတဲ့ ကိုးတောင်ပြည့်ဂွေးကြီးဆရာတော်ဆိုပြီး ဗီဒီယိုဖိုင်တခု လူမှုကွန်ယက်ပေါ် ရေပန်းစားပြီး လူကြည့်များခဲ့ပါတယ်။

 ဂွေးကြီးဆရာတော် ပိုင်သစ်သည် သူ၏ ဖေ့ခ်ဘွတ်အကောင့်မှာ လက်​မ ​ထောင်​နိုင်​ရမယ်​ ​ပျော်​​ပျော်​​နေနိုင်​ရမယ်​ ဘာသာ​ရေး​လေးစားလိုက်​နာရမယ်​ ဒါဆိုလူဖြစ်​ကျိုးနပ်​ပိ​ပေါ့ ဟူ၍ ရေးသားတင်ထားခဲ့ခြင်းပါ။ နောက်ပြီးတော့ ဂွေးကြီးဆရာတော် ပိုင်သစ်သည် နှစ်လုံးသုံးလုံးဂဏန်းတွေ ပေးတာ အတော်မှန်ခဲ့ပါတယ်။ သူပေးတဲ့ ဂဏန်းက မနက်မထွက် ညနေ သေချာပေါက် ထွက်ခဲ့ပါတယ်။ တချို့ကဆို ပိုင်သစ်ကို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးလို့တောင် ဆိုကြပါတယ်။

 အမှန်တော့သူဟာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တဦးမဟုတ်သလို ဝါတော်ရ ထေကြီး ဝါကြီး သံဃာတစ်ပါးလဲ မဟုတ်ခဲ့ပါ။ သူသည် တဒင်္ဂ သင်္ကြန်အချိန်ကာလတခုမှာ ကုသိုလ်ယူကာ ဒုလ္လဘဝတ်ရင်း လူမှုကွန်ယက်ပေါ်ကို ဟာသဗီဒီယိုဖိုင် လုပ်တင်ခဲ့ရာမှ လူသိများလာပြီး အခုဆို ဆယ်လီတောင် ဖြစ်နေပါပြီ။

 ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် ပိုင်သစ်ဟာ ဒီကနေ့မနက်က လူထွက်ခဲ့ပြီး သူရဲ့ နောက်ဆုံး ဟာသ အနေနဲ့ သတ္တဝါအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ အမည်ရ ဗီဒီယိုဖိုင် တခုကိုတင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ကိုတော့ အောက်တွင် ကြည့်ရှုနိုင်ပါတယ်။

MCNews
အရင်းအမြစ်: ပိုင် သစ် FB





No comments:

Post a Comment