Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 19, 2017

ထိုင္းလိပ္ကၽြန္းလူသတ္မႈ ျမန္မာ ၂ ဦးအယူခံ ေနာက္ထပ္ ၁ လ တိုးခြင့္ျပဳ


ၿဗိတိသ်ွလူငယ္၂ဦးျဖစ္တဲ့ David Miller ႏွင့္ Hannah Witheridge တို႔ သတ္ျဖတ္ခံခဲ့ရတဲ့ လိပ္ကၽြန္းလူသတ္မူနဲ႔ ပတ္သက္လို႔ ေသဒဏ္ေပးျခင္း ခံထားရတဲ့ ျမန္မာေရႊ႕ေျပာင္းလူငယ္၂ဦး ရဲ႕ အမူ အတြက္ ဗဟုိတရားရံုးကို အယူခံရက္ထပ္တုိးၿပီး ေတာင္းခဲ့ရာမွာ ေမလ၂၃ရက္ေန႔ ထိ အယူခံတင္မယ့္ရက္ ကိုတလတုိးၿပီး ခြင့္ျပဳခဲ့ပါတယ္။ထိုင္းအေျခစိုက္ VOA သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းႏိုင္ငံ ၿဗိတိသ်ွလူငယ္ ၂ဦး သတ္ျဖတ္ခံခဲ့ရမူနဲ႕ ပတ္သက္လုိ႔ ေသဒဏ္ေပးျခင္း ခံထားရတဲ့ ျမန္မာေရႊ႕ေျပာင္းလူငယ္၂ဦး ကို ထိုင္းတရားရံုးက ဒီဇင္ဘာလ ၂၄ ၇က္ေန႔က ေသဒဏ္ခ်မွတ္လိုက္ၿပီးတဲ့ေန႔မွာေတာ့ သူတို႔အတြက္အယူခံကို ၁လခ်င္းအလိုက္ ရက္တိုးေပးဖို႔ ေတာင္းဆိုခဲ့ရာမွာ ၅ လေျမာက္အျဖစ္ ထိုင္းအယူခံတရားရံုးက ခြင့္ျပဳေပးခဲ့တာပါ။ တရားခံအျဖစ္ စြပ္စြဲခံရသူေတြကို စစ္ေဆးေမးျမန္းဖို႔အတြက္ အက်ဥ္းေထာင္ထဲမွာ ျမန္မာနဲ႕ထိုင္း တတ္ကၽြမ္းတဲ့သူေတြကို ဘာသာျပန္ဖို႔အတြက္ ဘန္ခ၀မ္ အက်ဥ္းေထာင္ကေန ခြင့္မျပဳတာေၾကာင့္ တရားခံေတြရဲ႕အက်ိဳးေဆာင္ေရွ႕ေနေတြက စစ္ေဆးေမးျမန္းမႈေတြ ထပ္လုပ္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ရက္တိုးရႏိုင္ဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။

ေမလ၂၃ရက္ေန႕ထိ အယူခံေလွ်ာက္ႏိုင္ဖို႔ ထပ္တိုးခြင့္ျပဳ ရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔တရားခံေတြရဲ႕အက်ိဳးေဆာင္ေရွ႕ေနဦးေအာင္မ်ိဳးသန္႔က အခုလိုေျပာပါတယ္။

“၂၃ ရက္ ၅ လ ၂၀၁၇ အထိ ၁ လ ထပ္ၿပီးေတာ့တိုးရပါတယ္။ အခုက သူတို႔က တင္ေတာင္းတာဆိုေတာ့ ၅ ႀကိမ္ေျမာက္ေပါ့ေနာ္ ၊ ၿပီးခဲ့တဲ့တပတ္ေလာက္ကေတာ့ ေရွ႕ေနမ်ားေကာင္စီနဲ႔ ဘာသာျပန္နဲ႔ အယူခံနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာေတြကို တရားခံနဲ႔ ေမးခ်င္တယ္ဆိုၿပီးေတာ့ ဘန္ခ၀မ္ေထာင္ကို သြားၾကပါတယ္။ အခုသြားတဲ့အခ်ိန္မွာ ဘန္ခ၀မ္ ေထာင္က တာ၀န္ရွိတဲ့လူႀကီးကေနၿပီးေတာ့ ထိုင္းေရွ႕ေနေတြကို ေပး၀င္ခြင့္ေပးၿပီးေတာ့ ျမန္မာဘာသာျပန္ကိုေတာ့ ေပး၀င္ခြင့္မျပဳခဲ့ပါဘူး။ အဲဒီလိုမျပဳလို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီက ထပ္ၿပီးေတာ့ စာတင္ခဲ့တာေတြလည္းရွိပါတယ္။ ဒါေၾကာင့္မို႔ အဲလိုဟာေတြက်ေတာ့ ကေလးေတြဆီမွာ ေမးမယ့္ဟာက ျမန္မာဘာသာကို ထိုင္းေရွ႕ေနမ်ားေကာင္စီနဲ႔ တိုက္ရိုက္မလုပ္ႏိုင္ပဲနဲ႔ ဘာသာျပန္ကိုခြင့္မျပဳတာေၾကာင့္မို႔လို႔ အဲဒီတုန္းက ေဆာင္ရြက္ရမယ့္အခ်က္အလက္ေတြအားလံုးဟာ ေဆာင္ရြက္ျခင္းမရွိႏိုင္ပဲနဲ႔ ဒါေၾကာင့္မို႔ အခုလို အယူခံအခ်ိန္မွာ အခ်ိန္မွီမတင္ႏိုင္ဘူးဆိုတာ ျဖစ္သြားတာပါ။”

အယူခံရံုးကေတာ့ ဒီလိုထပ္တိုးေတာင္းဆိုမႈနဲ႔ ပတ္သက္လို႔ ေနာက္ဆံုး အၾကိမ္အျဖစ္ ခြင့္ျပဳေပး ခဲ့တယ္လို႔လဲ ဆက္ေျပာျပပါတယ္။

“တရားရံုးကလည္းေျပာလိုက္ပါတယ္ ၊ ဒီဟာက ေနာက္ဆံုးအႀကိမ္ခြင့္ျပဳတာလို႔ ေျပာလိုက္ပါတယ္။ ဒါေပမယ့္ အန္ကယ္တို႔ဘက္က တင္ျပတဲ့အေၾကာင္းအရာကလည္း ခုနကေျပာသလိုပါပဲ အခုဒီလိုထပ္ၿပီးရပ္တိုးရတဲ့အေၾကာင္းအရင္းဟာ ဥပေဒအရ ဘာသာျပန္ေခၚသြားခြင့္ရွိတဲ့ကိစၥကို ေထာင္ကေနၿပီးေတာ့ ေခၚခြင့္မျပဳပဲနဲ႔ တားဆီးတဲ့အတြက္ေၾကာင့္ လိုအပ္တဲ့အခ်က္ေတြေတာင္းဆိုလို႔မရဘူး၊ ေဆြးေႏြးခြင့္မရခဲ့ဘူး ၊ ဒါေၾကာင့္ဒီလိုထပ္ၿပီးေတာ့ အယူခံေတာင္းတယ္လို႔ တင္ျပတာကို တရားရံုးကလက္ခံတာပါ။ အယူခံ တရားရံုးေပါ့။”

ျမန္မာေရႊ႕ေျပာင္းလူငယ္၂ဦးအတြက္ အယူခံတရားရံုး ကေန ေသဒဏ္ကို ဆက္လက္အတည္ျပဳခဲ့ျပိီး အယူခံကိုပယ္ခ်လိုက္ျပီးတဲ့ေနာက္မွာေတာ့ ျမန္မာသံရံုးဘက္ကေန ထုိင္းႏိုင္ငံတရားရံုးခ်ဳပ္ထိ အယူခံတက္ဖို႔ အတြက္ျပင္ဆင္ေနခဲ့ၾကတာပါ။ ထုိင္းႏုိင္ငံက အလုပ္သမားေရးေဆာင္ရြက္ေနတဲ့ အဖဲြအစည္းေတြ ထုိင္းေရွ႕ေနမ်ားေကာင္းစီနဲ႕ အတူပူးေပါင္းလုပ္ေဆာင္နုိင္ဖို႔ အတြက္ ျမန္မာႏိုင္ငံဘက္က ဥပေဒနဲ႔ မူခင္းဆိုင္ရာ အႀကံျပဳႏိုင္တဲ့သူေတြကို လည္းေစလြတ္ခဲ့ပါတယ္။ ေနျပည္ေတာ္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး- ( ညႊန္ၾကားေရးမွဴးခ်ဳပ္ေဒၚခင္ခ်ိဳအုန္း CID မႈခင္းဌာနက
-CID မႈခင္းဆိုင္ရာကၽြမ္းက်င္သူ ရဲမွဴးႀကီး ဦးစိုးနိုင္ဦး တို႔ဟာ မတ္လေနာက္ဆံုးပတ္မွာ ထုိင္းႏုိင္ငံကိုလာေရာက္ၿပီး ဒီအမႈနဲ႕ပတ္သက္လုိ႕ အေသးစိတ္ေလ့လာမူေတြလုပ္ခဲ့ၿပီး ထုိင္းေရွ႕ေနမ်ားေကာင္စီနဲ႔ လည္းေတြဆံုခဲ့တာပါ။ ဒီအတြက္ေမလ ၂၃ရက္ေန႔ အမွီေတာ့ ထုိင္းႏိုင္ငံတရားရံုးခ်ဳပ္ကို အယူခံတင္ဖို ့ႀကိဳးစာသြားမွာျဖစ္တယ္လို႔ လည္း ေ၇ွေနဦးေအာင္မ်ိဳးသန့္က ေျပာပါတယ္။

အခုအယူခံရဲ႕ ေနာက္ထပ္တလ ထပ္တိုးရတဲ့အတြက္ တရားခံေတြျဖစ္တဲ့ ျမန္မာလူငယ္ ၂ ဦးကို စစ္ေဆးေမးျမန္းႏိုင္ဖို႔ ဘန္ခ၀မ္အက်ဥ္းေထာင္ကို ထပ္မံသြားေရာက္ႏိုင္ဖို႔ ရွိေနၿပီး အက်ဥ္းေထာင္က ခြင့္ျပဳမျပဳဆိုတာကိုေတာ့ အေျခအေနမသိရေသးဘူးလို႔ဆိုပါတယ္။

“အဲဒီအခါမွာ ဘာသာျပန္ေခၚၿပီးေတာ့သြားမယ္။ အရင္ လိုပဲ တားမလား၊ မတားဘူးလားေတာ့ မသိဘူး။ သက္ဆိုင္ရာေတြကိုေတာ့ ေရွ႕ေနမ်ားေကာင္စီကေနစာတင္ေပးတာ ၊ ဒီလိုေတာ့မျဖစ္သင့္ဘူး ဒါဟာ ထိုင္းလူမ်ိဳးမဟုတ္ဘူး ျမန္မာတရားခံေတြျဖစ္တဲ့အတြက္ ျမန္မာတရားခံတေယာက္ကို စကားေျပာတဲ့အခါမွာ ဘာသာျပန္လိုတယ္ ဆိုၿပီး သူတို႔ကို တင္ထားၿပီး စားေရးထားပါတယ္။”

ျမန္မာႏိုင္ငံက ဥပေဒပညာရွင္ေတြနဲမူခင္းဆိုင္ရာက်ြမ္းက်င္သူေတြဟာ မတ္လ ၂၆ ရက္ေနကေန မတ္ ၂၉ ရက္ထိ ထုိင္းႏုိင္ငံကို လာေရာက္ခဲ့တဲ့ ၄ရက္တာခရီးစဥ္အတြင္းမွာ လိပ္က်ြန္းလူသတ္မူနဲပတ္သက္လုိ့ ေသဒဏ္ေပးခံထားရတဲ့ျမန္မာလူငယ္ ၂ဦးကိုလည္းေတြဆံုခဲ့ပါတယ္။ မတ္လ ၂၈ ရက္ေန့မွာေတာ့ ျမန္မာေရြေျပာင္းလူငယ္၂ဦးရဲ ့အယူခံအတြက္ျပင္ဆင္မူေတြကို ျမန္မာသံရံုးကုိယ္စားျပဳ ေ၇ွေနဦးေအာင္မ်ိဳးသန့္နဲ့ အတူ ပူးေပါင္းျပင္ဆင္မူေတြလုပ္ခဲ့တာပါ။

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ခန္႔မွန္းေခ် ၄,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈျဖစ္ပြားခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပဲ ဖမ္းဆီးခံရတဲ့ ျမန္မာလူငယ္ ၂ ေယာက္ကေတာ့ သတ္ျဖတ္မႈေတြကို က်ဴးလြန္ေၾကာင္းအေစာပိုင္းတုန္းက ၀န္ခံေျပာဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ရဲေတြရဲ႕ႏိွပ္စက္မႈ ေတြေၾကာင့္ ေျဖာင့္ခ်က္ေပးခဲ့ရတာ ျဖစ္တဲ့အေၾကာင္း တရားရံုးမွာ ထြက္ဆိုခဲ့တာပါ။

၂၀၁၄ ခုႏွစ္ စက္တင္ဘာလကုန္ပိုင္းမွာ ေတာ့ လူသတ္မူနဲ႔ တရားစဲြဆုိခံခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ဦးကိုေတာ့ တႏွစ္ေက်ာ္ၾကာ ထုိင္းႏိုင္ငံေကာ့စေမြ အက်ဥ္းေထာင္မွာ ဖမ္းဆီးထားၿပီး ၂၀၁၅ခုႏွစ္ကုန္မွာ ထိုင္းႏိုင္ငံေကာစေမြတရား႐ံုးကေန အမူ ၇မူနဲ့အျမင့္ဆံုးျပစ္ဒဏ္အျဖစ္ေသဒဏ္ေပးခဲ့ျပီးဘန္ခြမ္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားပါတယ္။ သူတို႔လႊတ္ေျမာက္ေရးအတြက္ မွ်တစြာစီရင္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံတ၀ွမ္း ဆႏၵျပပြဲၾကီးေတြ အၾကီးအက်ယ္ျဖစ္ပြားခဲ့ကာ ရခိုင္ျပည္နယ္အတြင္းက ျမိဳ႕နယ္ ၁၅ ၿမိဳ႕နယ္က လူထုအင္အား ၁ သိန္းခန္႔ဟာလည္း ထိုင္းဘုရင္မင္းျမတ္နဲ႔ ထိုင္းအစိုးရကို လက္မွတ္ေရးထိုးထားတဲ့ ေမတၱာလက္ခံစာ ၁ ေစာင္လည္း ေပးပို႔ထားပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

ထိုင်းလိပ်ကျွန်းလူသတ်မှု မြန်မာ ၂ ဦးအယူခံ နောက်ထပ် ၁ လ တိုးခွင့်ပြု

ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ David Miller နှင့် Hannah Witheridge တို့ သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦး ရဲ့ အမူ အတွက် ဗဟိုတရားရုံးကို အယူခံရက်ထပ်တိုးပြီး တောင်းခဲ့ရာမှာ မေလ၂၃ရက်နေ့ ထိ အယူခံတင်မယ့်ရက် ကိုတလတိုးပြီး ခွင့်ပြုခဲ့ပါတယ်။ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ဗြိတိသျှလူငယ် ၂ဦး သတ်ဖြတ်ခံခဲ့ရမူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်း ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦး ကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်ပြီးတဲ့နေ့မှာတော့ သူတို့အတွက်အယူခံကို ၁လချင်းအလိုက် ရက်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ ၅ လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင့်ပြုပေးခဲ့တာပါ။ တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စစ်ဆေးမေးမြန်းဖို့အတွက် အကျဉ်းထောင်ထဲမှာ မြန်မာနဲ့ထိုင်း တတ်ကျွမ်းတဲ့သူတွေကို ဘာသာပြန်ဖို့အတွက် ဘန်ခဝမ် အကျဉ်းထောင်ကနေ ခွင့်မပြုတာကြောင့် တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေတွေက စစ်ဆေးမေးမြန်းမှုတွေ ထပ်လုပ်နိုင်ဖို့အတွက် နောက်ထပ်ရက်တိုးရနိုင်ဖို့အတွက် စီစဉ်ခဲ့ပါတယ်။

မေလ၂၃ရက်နေ့ထိ အယူခံလျှောက်နိုင်ဖို့ ထပ်တိုးခွင့်ပြု ရတဲ့အခြေအနေနဲ့ ပတ်သက်လို့တရားခံတွေရဲ့အကျိုးဆောင်ရှေ့နေဦးအောင်မျိုးသန့်က အခုလိုပြောပါတယ်။

“၂၃ ရက် ၅ လ ၂၀၁၇ အထိ ၁ လ ထပ်ပြီးတော့တိုးရပါတယ်။ အခုက သူတို့က တင်တောင်းတာဆိုတော့ ၅ ကြိမ်မြောက်ပေါ့နော် ၊ ပြီးခဲ့တဲ့တပတ်လောက်ကတော့ ရှေ့နေများကောင်စီနဲ့ ဘာသာပြန်နဲ့ အယူခံနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တရားခံနဲ့ မေးချင်တယ်ဆိုပြီးတော့ ဘန်ခဝမ်ထောင်ကို သွားကြပါတယ်။ အခုသွားတဲ့အချိန်မှာ ဘန်ခဝမ် ထောင်က တာဝန်ရှိတဲ့လူကြီးကနေပြီးတော့ ထိုင်းရှေ့နေတွေကို ပေးဝင်ခွင့်ပေးပြီးတော့ မြန်မာဘာသာပြန်ကိုတော့ ပေးဝင်ခွင့်မပြုခဲ့ပါဘူး။ အဲဒီလိုမပြုလို့ ထိုင်းရှေ့နေများကောင်စီက ထပ်ပြီးတော့ စာတင်ခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ အဲလိုဟာတွေကျတော့ ကလေးတွေဆီမှာ မေးမယ့်ဟာက မြန်မာဘာသာကို ထိုင်းရှေ့နေများကောင်စီနဲ့ တိုက်ရိုက်မလုပ်နိုင်ပဲနဲ့ ဘာသာပြန်ကိုခွင့်မပြုတာကြောင့်မို့လို့ အဲဒီတုန်းက ဆောင်ရွက်ရမယ့်အချက်အလက်တွေအားလုံးဟာ ဆောင်ရွက်ခြင်းမရှိနိုင်ပဲနဲ့ ဒါကြောင့်မို့ အခုလို အယူခံအချိန်မှာ အချိန်မှီမတင်နိုင်ဘူးဆိုတာ ဖြစ်သွားတာပါ။”

အယူခံရုံးကတော့ ဒီလိုထပ်တိုးတောင်းဆိုမှုနဲ့ ပတ်သက်လို့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်ပြုပေး ခဲ့တယ်လို့လဲ ဆက်ပြောပြပါတယ်။

“တရားရုံးကလည်းပြောလိုက်ပါတယ် ၊ ဒီဟာက နောက်ဆုံးအကြိမ်ခွင့်ပြုတာလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် အန်ကယ်တို့ဘက်က တင်ပြတဲ့အကြောင်းအရာကလည်း ခုနကပြောသလိုပါပဲ အခုဒီလိုထပ်ပြီးရပ်တိုးရတဲ့အကြောင်းအရင်းဟာ ဥပဒေအရ ဘာသာပြန်ခေါ်သွားခွင့်ရှိတဲ့ကိစ္စကို ထောင်ကနေပြီးတော့ ခေါ်ခွင့်မပြုပဲနဲ့ တားဆီးတဲ့အတွက်ကြောင့် လိုအပ်တဲ့အချက်တွေတောင်းဆိုလို့မရဘူး၊ ဆွေးနွေးခွင့်မရခဲ့ဘူး ၊ ဒါကြောင့်ဒီလိုထပ်ပြီးတော့ အယူခံတောင်းတယ်လို့ တင်ပြတာကို တရားရုံးကလက်ခံတာပါ။ အယူခံ တရားရုံးပေါ့။”

မြန်မာရွှေ့ပြောင်းလူငယ်၂ဦးအတွက် အယူခံတရားရုံး ကနေ သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့ပြိီး အယူခံကိုပယ်ချလိုက်ပြီးတဲ့နောက်မှာတော့ မြန်မာသံရုံးဘက်ကနေ ထိုင်းနိုင်ငံတရားရုံးချုပ်ထိ အယူခံတက်ဖို့ အတွက်ပြင်ဆင်နေခဲ့ကြတာပါ။ ထိုင်းနိုင်ငံက အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲအစည်းတွေ ထိုင်းရှေ့နေများကောင်းစီနဲ့ အတူပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အတွက် မြန်မာနိုင်ငံဘက်က ဥပဒေနဲ့ မူခင်းဆိုင်ရာ အကြံပြုနိုင်တဲ့သူတွေကို လည်းစေလွတ်ခဲ့ပါတယ်။ နေပြည်တော် ပြည်ထောင်စု ရှေ့နေချုပ်ရုံး- ( ညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ချိုအုန်း CID မှုခင်းဌာနက
-CID မှုခင်းဆိုင်ရာကျွမ်းကျင်သူ ရဲမှူးကြီး ဦးစိုးနိုင်ဦး တို့ဟာ မတ်လနောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံကိုလာရောက်ပြီး ဒီအမှုနဲ့ပတ်သက်လို့ အသေးစိတ်လေ့လာမူတွေလုပ်ခဲ့ပြီး ထိုင်းရှေ့နေများကောင်စီနဲ့ လည်းတွေဆုံခဲ့တာပါ။ ဒီအတွက်မေလ ၂၃ရက်နေ့ အမှီတော့ ထိုင်းနိုင်ငံတရားရုံးချုပ်ကို အယူခံတင်ဖို ့ကြိုးစာသွားမှာဖြစ်တယ်လို့ လည်း ရှေနေဦးအောင်မျိုးသန့်က ပြောပါတယ်။

အခုအယူခံရဲ့ နောက်ထပ်တလ ထပ်တိုးရတဲ့အတွက် တရားခံတွေဖြစ်တဲ့ မြန်မာလူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းနိုင်ဖို့ ဘန်ခဝမ်အကျဉ်းထောင်ကို ထပ်မံသွားရောက်နိုင်ဖို့ ရှိနေပြီး အကျဉ်းထောင်က ခွင့်ပြုမပြုဆိုတာကိုတော့ အခြေအနေမသိရသေးဘူးလို့ဆိုပါတယ်။

“အဲဒီအခါမှာ ဘာသာပြန်ခေါ်ပြီးတော့သွားမယ်။ အရင် လိုပဲ တားမလား၊ မတားဘူးလားတော့ မသိဘူး။ သက်ဆိုင်ရာတွေကိုတော့ ရှေ့နေများကောင်စီကနေစာတင်ပေးတာ ၊ ဒီလိုတော့မဖြစ်သင့်ဘူး ဒါဟာ ထိုင်းလူမျိုးမဟုတ်ဘူး မြန်မာတရားခံတွေဖြစ်တဲ့အတွက် မြန်မာတရားခံတယောက်ကို စကားပြောတဲ့အခါမှာ ဘာသာပြန်လိုတယ် ဆိုပြီး သူတို့ကို တင်ထားပြီး စားရေးထားပါတယ်။”

မြန်မာနိုင်ငံက ဥပဒေပညာရှင်တွေနဲမူခင်းဆိုင်ရာကျွမ်းကျင်သူတွေဟာ မတ်လ ၂၆ ရက်နေကနေ မတ် ၂၉ ရက်ထိ ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ၄ရက်တာခရီးစဉ်အတွင်းမှာ လိပ်ကျွန်းလူသတ်မူနဲပတ်သက်လို့ သေဒဏ်ပေးခံထားရတဲ့မြန်မာလူငယ် ၂ဦးကိုလည်းတွေဆုံခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာတော့ မြန်မာရွေပြောင်းလူငယ်၂ဦးရဲ ့အယူခံအတွက်ပြင်ဆင်မူတွေကို မြန်မာသံရုံးကိုယ်စားပြု ရှေနေဦးအောင်မျိုးသန့်နဲ့ အတူ ပူးပေါင်းပြင်ဆင်မူတွေလုပ်ခဲ့တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှုတွေကို ကျူးလွန်ကြောင်းအစောပိုင်းတုန်းက ၀န်ခံပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲတွေရဲ့နှိပ်စက်မှု တွေကြောင့် ဖြောင့်ချက်ပေးခဲ့ရတာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ တော့ လူသတ်မူနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ၂၀၁၅ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေတရားရုံးကနေ အမူ ရမူနဲ့အမြင့်ဆုံးပြစ်ဒဏ်အဖြစ်သေဒဏ်ပေးခဲ့ပြီးဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ သူတို့လွှတ်မြောက်ရေးအတွက် မျှတစွာစီရင်နိုင်ဖို့အတွက် မြန်မာနိုင်ငံတဝှမ်း ဆန္ဒပြပွဲကြီးတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ကာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၅ မြို့နယ်က လူထုအင်အား ၁ သိန်းခန့်ဟာလည်း ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းအစိုးရကို လက်မှတ်ရေးထိုးထားတဲ့ မေတ္တာလက်ခံစာ ၁ စောင်လည်း ပေးပို့ထားပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
http://www.themeltingpot4u.com/2017/04/blog-post_572.html

No comments:

Post a Comment