Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 19, 2017

ျမန္မာ့လူ႔အခြင့္အေရးအေျခအေန အျပဳသေဘာနဲ႔ ခ်ဥ္းကပ္ဖို႔ ျမန္မာအစိုးရ တိုက္တြန္း

ေမာင္ေတာက မီးေလာင္ခံထားရတဲ့ေစ်းတခု၊ ၂၇ ေအာက္တုိဘာ၊ ၂၀၁၆။
ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးအေျခအေန၊ အထူးသျဖင့္ ရခုိင္ျပည္နယ္ဘက္က အေျခအေနနဲ႔ပတ္သက္လို႔ ဆက္ၿပီး ေစာင့္ၾကည့္သြားမယ္လို႔ ကုလ သမဂၢလံုျခံဳေရးေကာင္စီက ေျပာခဲ့တဲ့ေပၚ ျမန္မာအစိုးရအေနနဲ႔ေတာ့ လူ႔အခြင့္အေရးေကာင္စီမွာ ေျပာထားတဲ့ သေဘာထားအတိုင္း ရပ္တည္သြားမယ္ လို႔ တုံ႔ျပန္လိုက္ပါတယ္။ ထင္ရွားတဲ့ ျမန္မာလူ႔အခြင့္အေရး လႈပ္ရွားသူတဦးကေတာ့ ႏိုင္ငံတကာရဲ့ ေတာင္းဆိုခ်က္ကို ပူးေပါင္းေဆာင္ရြက္ျခင္းအား ျဖင့္ တံု႔ျပန္သင့္ေၾကာင္း ေျပာဆုိပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ကုလသမဂၢလံုၿခံဳေရးေကာင္စီက ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသက အေျခအေနနဲ႔ ပတ္သက္ၿပီးျမန္မာႏိုင္ငံရဲ့ လူ႔အခြင့္အေရ းအေျခအေနကို ေစာင့္ၾကည့္ေနေၾကာင္း နဲ႔ လူ႔အခြင့္အေရးအေျခအေနကို စံုစမ္းစစ္ေဆးဖုိ႔ ႏိုင္ငံတကာအခ်က္အလက္ ႐ွာေဖြေရးအဖဲြ႕ ဖဲြ႔စည္းခဲ့တ အေပၚ ေထာက္ခံေၾကာင္း အဂၤါေန႔က က်င္းပတဲ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီအထူးအစည္းေ၀းမွာ ေကာင္စီရဲ့ အလွည့္က်ဥကၠဌ Nikki Haley က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီေျပာဆုိခ်က္အေပၚမွာေတာ့ ျမန္မာ သမၼတရံုး၀န္ၾကီးဌာနရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဦးေဇာ္ေဌးက အခုလုိ တံုျပန္ေျပာဆုိပါတယ္။

“အဲဒါနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာထားတယ္ခင္ဗ်ေနာ္၊ အဲဒီ လူ႔အခြင့္အေရးေကာင္စီမွာေျပာထားတာရွိတယ္ ၊ က်ေနာ္တို႔ကေတာ့ သီးျခား ေျပာမေနေတာ့ဘူးေနာ္။”

ရခိုင္ျပည္နယ္က လူ႔အဖဲြ႔အစည္းႏွစ္ခုအၾကား သဟဇာတျဖစ္ေစဖုိ႔ အေျခအေနဟာ အရပ္သား အစိုးရသစ္ရင္ဆိုင္ေနရတဲ့ ႀကီးမားတဲ့ စိန္ေခၚခ်က္တရပ္ျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံတကာအေနနဲ႔ ရခိုင္အေရးကိစၥမွာ ျပစ္တင္ရႈတ္ခ်တာမ်ိဳးထက္ အျပဳသေဘာေဆာင္ခ်ဥ္းကပ္တာဟာ ျမန္မာအစိုးရကို အမွန္တကယ္ကူညီရာေရာက္မွာျဖစ္ေၾကာင္းကို ျမန္မာ ဒု ႏိုင္ငံျခားေရး၀န္ၾကီး ဦးေက်ာ္တင္ကကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွာ ေျပာဆိုထားတာပါ။

လူ႔အခြင့္အေရးအေျခအေနကို စံုစမ္းစစ္ေဆးဖုိ႔ ႏိုင္ငံတကာအခ်က္အလက္ ႐ွာေဖြေရးအဖဲြ႕ေစလႊတ္ေရးနဲ႔ပတ္သက္လုိ႔လည္း လက္မခံႏိုင္ေၾကာင္း နဲ႔ ဒုသမၼတ ဦးျမင့္ေဆြ ဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ က ေဆာင္ရြက္ေနေၾကာင္း ျမန္မာႏိုင္ငံျခားေရး၀န္ၾကီး ဌာနက သတင္းထုတ္ျပန္ထား ပါတယ္။ႏိုင္ငံေတာ္အတုိင္ပင္ခံ ပုဂိၢဳလ္ေဒၚေအာင္ဆန္းစုၾကည္ ကလည္း ရခိုင္ျပည္နယ္အေရးကိစၥကို ေလ့လာသံုးသပ္ဖုိ႔အတြက္ မစၥတာကိုဖီအာနန္ဦးေဆာင္တဲ့ေကာ္မရွင္ကို ဖဲြ႔စည္းထားေၾကာင္း BBC သတင္းဌာနနဲ႔ ေတြ႔ဆံုေမးျမန္းရာမွာ ေျပာဆုိထားပါတယ္။

ျမန္မာ့လူ႔အခြင့္အေရးလႈပ္ရွားသူတဦးျဖစ္တဲ့ Equality Myanmar ရဲ့ ဒါရိုက္တာ ဦးေအာင္မ်ိဳးမင္းက ျမန္မာႏိုင္ငံရဲ့ လူ႔အခြင့္အေရးအေျခအေနဟာ ႏိုင္ငံတကာက အထူးအာရံုစိုက္ေနၿပီး ေတာင္းဆုိခ်က္ေတြဟာ ပိုမိုျပင္းထန္လာေနေၾကာင္း သံုးသပ္ေျပာဆုိပါတယ္။ ဒီလုိေတာင္းဆိုခ်က္ေတြအေပၚ အသင့္ေတာ္ဆံုး တံုျပန္သင့္တဲ့အေျခအေနကိုလည္း အခုလို ေျပာဆုိပါတယ္။

“ဒီလိုမ်ိဳးကိစၥေတြျဖစ္လာလို႔ရွိရင္ အေကာင္းဆံုးျပန္လည္တံု႔ျပန္ႏိုင္တဲ့ ကိစၥကေတာ့ မရွိဘူးဆိုရင္ မရွိဘူး၊ ရွိတယ္ဆိုရင္ ရွိတယ္ ၊ ဆိုတာကို သက္ေသျပႏိုင္ေသာ ပံုစံမ်ိဳးနဲ႔ ပူးေပါင္းေဆာင္ရြက္တာက အေကာင္းဆံုးျဖစ္တယ္။ ပူးေပါင္းေဆာင္ရြက္မႈမရွိပဲနဲ႔ က်ေန္ာတို႔ လုပ္ေဆာင္မယ္ဆိုရင္ ႏိုင္ငံတကာက ပိုမိုၿပီးေတာ့ ဒီထက္ပိုၿပီးေတာ့ ေတာင္းဆိုမႈေတြ ထပ္ျဖစ္လာမယ္ဆိုတာကို က်ေန္ာတို႔ေျပာထားပါတယ္။ ျဖစ္လားမျဖစ္လားဆိုတာက ၂ ဖက္အသံေတြၾကားေနရတာေပါ့ေနာ္။ ဘာေၾကာင့္ျဖစ္တယ္ဆိုတာရယ္၊ မျဖစ္ဘူးဆိုတဲ့ ျငင္းဆန္မႈရယ္ရွိေနတယ္။ ဒါေပမယ့္ ဒီလို ပူးေပါင္းေဆာင္ရြက္မႈ မရွိမျခင္းကာလတေလွ်ာက္လံုးကေတာ့ ဒီကိစၥေတြကိုႏိုင္ငံတကာက ဆက္လက္ၿပီးေတာ့ အေရးယူေဆာင္ရြက္မႈေတြ ထုတ္ေဖာ္ေျပာၾကားမႈေတြ ကေတာ့ မလြဲမေသြ ရင္ဆိုင္ေနရဦးမွာပါပဲ။”

ဒုသမၼတ ဦးျမင့္ေဆြဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္နဲ႔ ကိုဖီအာနန္ ဦးေဆာင္တဲ့ အၾကံေပးေကာ္မရွင္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဦးေအာင္မ်ိဳးမင္းက အခုလုိ ေထာက္ျပပါတယ္။

“ႏိုင္ငံတကာကေတာ့ ဒီကိစၥ ၂ ခုစလံုးကို မလံုေလာက္ဘူးလို႔တြက္ဆပါတယ္။ ပထမဦးဆံုး ၁ ခု ကိုယ့္ရဲ႕ျပည္တြင္းမွာ ဖြဲ႔ထားတဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ကိစၥ၊ ျပည္တြင္းအေနအထား ႏိုင္ငံေတာ္အဆင့္ လုပ္ေဆာင္တဲ့ေနရေတြမ်ိဳးမွာဆိုရင္ တိုင္ၾကားမႈေတြကို အေရးယူေဆာင္ရြက္မႈမရွိဘူး ၊ ေနာက္တခါ ထိေရာက္ေသာ စံုစမ္းစစ္ေဆးမႈေတြ မလုပ္ဘူးဆိုတဲ့ ေထာက္ျပမႈေတြရွိတယ္။ေနာက္တခါ Mr. ကိုဖီအာနန္ ဦးေဆာင္တဲ့ကိစၥကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို စံုစမ္းစစ္ေဆးတဲ့သေဘာထက္စာရင္ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ပဋိပကၡေတြကို အျမန္ဆံုး ဘယ္လိုခ်ဳပ္ၿငိမ္းမလဲဆိုတဲ့ ပံုစံမ်ိဳးကို ပိုၿပီးေတာ့ ဦးတည္တာျဖစ္ေနပါတယ္၊ သေဘာသဘာ၀ မတူဘူး။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို တိတိက်က် စံုစမ္းစစ္ေဆးဖို႔အတြက္ ေက္ာမရွင္တရပ္ထပ္ေခၚဖို႔ က်ေနာ္ေတြးမိပါတယ္။”

ကေလးစစ္သားပေပ်ာက္ေရး ကိစၥ၊ နာဂစ္မုန္တိုင္းအလြန္ကာလမွာ အာဆီယံ၊ ကုလသမဂၢတို႔နဲ႔အတူ ကာကြယ္ကူညီေဆာင္ရြက္တဲ့ကိစၥေတြဟာ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ သာဓကေတြ ျဖစ္တယ္ဆိုတာကိုေတာ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီက အသိအမွတ္ျပဳပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလက ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈေတြေနာက္ပိုင္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ကို ထြက္ေျပးခုိလံႈသြားတဲ့ ဒုကၡ သည္ ၇ေသာင္းေလာက္ ရွိတယ္လို႔ ကုလသမဂၢကေျပာထားပါတယ္။

ရခိုင္ျပည္အေရးနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့လပိုင္းေတြအတြင္း ကုလသမဂၢမွာ ေျပာဆို ေဆြးေႏြး ဆံုးျဖတ္ခဲ့ၿပီးတဲ့ေနာက္ အခုေနာက္ဆံုး လံုျခံဳေရးေကာင္စီ မွာပါ ေဆြးေႏြးၾကၿပီးေတာ့ သေဘာထားထြက္လာတာျဖစ္ပါတယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........

မြန်မာ့လူ့အခွင့်အရေးအခြေအနေ အပြုသဘောနဲ့ ချဉ်းကပ်ဖို့ မြန်မာအစိုးရ တိုက်တွန်း
 MP4 YOU   8:04 AM   GOV  , HUMANRIGHT

မောင်တောက မီးလောင်ခံထားရတဲ့စျေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်က အခြေအနေနဲ့ပတ်သက်လို့ ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပြောခဲ့တဲ့ပေါ် မြန်မာအစိုးရအနေနဲ့တော့ လူ့အခွင့်အရေးကောင်စီမှာ ပြောထားတဲ့ သဘောထားအတိုင်း ရပ်တည်သွားမယ် လို့ တုံ့ပြန်လိုက်ပါတယ်။ ထင်ရှားတဲ့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတဦးကတော့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းအား ဖြင့် တုံ့ပြန်သင့်ကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြံုရေးကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အခြေအနေနဲ့ ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေ းအခြေအနေကို စောင့်ကြည့်နေကြောင်း နဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းခဲ့တ အပေါ် ထောက်ခံကြောင်း အင်္ဂါနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြံုရေးကောင်စီအထူးအစည်းဝေးမှာ ကောင်စီရဲ့ အလှည့်ကျဥက္ကဌ Nikki Haley က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပြောဆိုချက်အပေါ်မှာတော့ မြန်မာ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို တုံပြန်ပြောဆိုပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားတယ်ခင်ဗျနော်၊ အဲဒီ လူ့အခွင့်အရေးကောင်စီမှာပြောထားတာရှိတယ် ၊ ကျနော်တို့ကတော့ သီးခြား ပြောမနေတော့ဘူးနော်။”

ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းနှစ်ခုအကြား သဟဇာတဖြစ်စေဖို့ အခြေအနေဟာ အရပ်သား အစိုးရသစ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ စိန်ခေါ်ချက်တရပ်ဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ ရခိုင်အရေးကိစ္စမှာ ပြစ်တင်ရှုတ်ချတာမျိုးထက် အပြုသဘောဆောင်ချဉ်းကပ်တာဟာ မြန်မာအစိုးရကို အမှန်တကယ်ကူညီရာရောက်မှာဖြစ်ကြောင်းကို မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောဆိုထားတာပါ။

လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့စေလွှတ်ရေးနဲ့ပတ်သက်လို့လည်း လက်မခံနိုင်ကြောင်း နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် က ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စကို လေ့လာသုံးသပ်ဖို့အတွက် မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ကော်မရှင်ကို ဖွဲ့စည်းထားကြောင်း BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုထားပါတယ်။

မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ နိုင်ငံတကာက အထူးအာရုံစိုက်နေပြီး တောင်းဆိုချက်တွေဟာ ပိုမိုပြင်းထန်လာနေကြောင်း သုံးသပ်ပြောဆိုပါတယ်။ ဒီလိုတောင်းဆိုချက်တွေအပေါ် အသင့်တော်ဆုံး တုံပြန်သင့်တဲ့အခြေအနေကိုလည်း အခုလို ပြောဆိုပါတယ်။

“ဒီလိုမျိုးကိစ္စတွေဖြစ်လာလို့ရှိရင် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်တဲ့ ကိစ္စကတော့ မရှိဘူးဆိုရင် မရှိဘူး၊ ရှိတယ်ဆိုရင် ရှိတယ် ၊ ဆိုတာကို သက်သေပြနိုင်သော ပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုမရှိပဲနဲ့ ကျနေ်ာတို့ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံတကာက ပိုမိုပြီးတော့ ဒီထက်ပိုပြီးတော့ တောင်းဆိုမှုတွေ ထပ်ဖြစ်လာမယ်ဆိုတာကို ကျနေ်ာတို့ပြောထားပါတယ်။ ဖြစ်လားမဖြစ်လားဆိုတာက ၂ ဖက်အသံတွေကြားနေရတာပေါ့နော်။ ဘာကြောင့်ဖြစ်တယ်ဆိုတာရယ်၊ မဖြစ်ဘူးဆိုတဲ့ ငြင်းဆန်မှုရယ်ရှိနေတယ်။ ဒါပေမယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှု မရှိမခြင်းကာလတလျှောက်လုံးကတော့ ဒီကိစ္စတွေကိုနိုင်ငံတကာက ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ ထုတ်ဖော်ပြောကြားမှုတွေ ကတော့ မလွဲမသွေ ရင်ဆိုင်နေရဦးမှာပါပဲ။”

ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ ပတ်သက်ပြီးတော့လည်း ဦးအောင်မျိုးမင်းက အခုလို ထောက်ပြပါတယ်။

“နိုင်ငံတကာကတော့ ဒီကိစ္စ ၂ ခုစလုံးကို မလုံလောက်ဘူးလို့တွက်ဆပါတယ်။ ပထမဦးဆုံး ၁ ခု ကိုယ့်ရဲ့ပြည်တွင်းမှာ ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိစ္စ၊ ပြည်တွင်းအနေအထား နိုင်ငံတော်အဆင့် လုပ်ဆောင်တဲ့နေရတွေမျိုးမှာဆိုရင် တိုင်ကြားမှုတွေကို အရေးယူဆောင်ရွက်မှုမရှိဘူး ၊ နောက်တခါ ထိရောက်သော စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဘူးဆိုတဲ့ ထောက်ပြမှုတွေရှိတယ်။နောက်တခါ Mr. ကိုဖီအာနန် ဦးဆောင်တဲ့ကိစ္စကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတဲ့သဘောထက်စာရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး ဘယ်လိုချုပ်ငြိမ်းမလဲဆိုတဲ့ ပုံစံမျိုးကို ပိုပြီးတော့ ဦးတည်တာဖြစ်နေပါတယ်၊ သဘောသဘာဝ မတူဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျ စုံစမ်းစစ်ဆေးဖို့အတွက် ကေ်ာမရှင်တရပ်ထပ်ခေါ်ဖို့ ကျနော်တွေးမိပါတယ်။”

ကလေးစစ်သားပပျောက်ရေး ကိစ္စ၊ နာဂစ်မုန်တိုင်းအလွန်ကာလမှာ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့အတူ ကာကွယ်ကူညီဆောင်ရွက်တဲ့ကိစ္စတွေဟာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ဖြစ်တယ်ဆိုတာကိုတော့ ကုလသမဂ္ဂလုံခြံုရေးကောင်စီက အသိအမှတ်ပြုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံသွားတဲ့ ဒုက္ခ သည် ရသောင်းလောက် ရှိတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ကုလသမဂ္ဂမှာ ပြောဆို ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး လုံခြံုရေးကောင်စီ မှာပါ ဆွေးနွေးကြပြီးတော့ သဘောထားထွက်လာတာဖြစ်ပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment