Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 7, 2017

ဦးမျိုးရန်နောင်သိမ်း ကို ထောင် ၆ လ ချမှတ်


ဦးမျိုးရန်နောင်သိမ်း ကို ရန်ကုန်မြို့ ကမာရွတ်နယ် တရားရုံမှာ ဧပြီလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ photo: Thiha Tun/RFA
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဦးမျိုးရန်နောင်သိမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရဲစခန်းမှာ ချုပ်နှောင်ခဲ့တာဖြစ်တဲ့အတွက် လာမယ့် မေလ ၃ ရက်နေ့မှာ ၆ လပြည့်မှာဖြစ်တယ်လို့ သူရဲ့အမျိုးသမီးဖြစ်သူ မချို ချို ကပြောပါတယ်။

ဒီကနေ့ တရားရုံးက အမိန့်ချအပြီးမှာ ကိုမျိုးရန်နောင်သိန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဟာ လက်ရှိ အချိန်မှာ ရှိဖို့လိုအပ်ပေမယ့် တရားမျှတမှုမရှိတဲ့အတွက် ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လာရင် မထိနဲ့ ဆိုတဲ့ သဘောမျိုးဖြစ်နေပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရနှစ်ရပ်ရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအမှုကို အယူခံဝင်ဖို့ ရှိ မရှိကိုတော့ ကိုမျိုးရန်နောင်သိမ်း က ပြောမသွားခဲ့ပါဘူး။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်က နယ်ခြားစောင့်စခန်းများကို စစ်သွေးကြွများက တိုက်ခိုက် ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်တဲ့စာသား များကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တဲ့အတွက် ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment