Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 21, 2017

မန္တလေးကျုံးထဲ လသားအရွယ် သားကိုချီပြီး မိခင်ဖြစ်သူ ခုန်ချမှုဖြစ်



မန္တလေးမြို့ လမ်း(၈၀) (၁၃) (၁၄)လမ်းကြား ကျုံးအနောက်ဘက်မှာ အမျိုးသမီးတစ်ဦးဟာ လသားအရွယ်သားကို ပိုက်ပြီး ကျုံးထဲခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၂၁ရက်နေ့  ဒီနေ့ နေ့လည် (၁၂)ခွဲလောက်မှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး သတင်းအရ နေ့လည် (၁)နာရီလောက်မှ စတင်ဆယ်ယူနိုင်ခဲ့တယ်လို့ အောင်မြေသာစံမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


 ခုန်ချခဲ့တဲ့ အမျိုးသမီးဟာ အောင်မြေသာစံမြို့နယ်နေသူ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ကလေးကတော့ အသက်(၇)လအရွယ် ယောင်္ကျားလေးတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးဟာ ကလေးမွေးပြီးကတည်းက စိတ်ကျန်းမာရေးချို့ယွင်းခဲ့တယ်လို့လည်း သိရပါတယ်။


 ဒီဖြစ်စဉ်မှာ အမျိုးသမီးကတော့ သေဆုံးခဲ့ပြီး ကလေးကတော့ အသက်ရှင်နိုင်ချေရှိတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး အဲဒီအမျိုးသမီးကို မဟာအောင်မြေသာဇံမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းက သေမှုသေခင်းနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Than Htay
5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment