Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 6, 2017

လမ်းပေါ်ကချိုင့်ခွက် ၂ နှစ်ကြာတာတောင် လာမပြင်သေးလို့ မွေးနေ့လုပ်ပေး

 
၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတော့ မဟုတ်ပါဘူး။ အင်္ဂလန်က လမ်းတစ်ခုမှာ တွေ့ရတဲ့ ချိုင့်ခွက်ကို လာမပြင်ပေးလို့ အစိုးရသိအောင် အရွဲ့တိုက်ပြီး ချိုင့်ခွက်ကို မွေးနေ့ လုပ်ပေးတာ ဖြစ်ပါတယ်။

နော့တင်ဟမ်ရှိုင်းယားနယ်က ရွာတစ်ရွာရဲ့ ရွာလယ်လမ်းမှာရှိတဲ့ လမ်းပျက်နေတဲ့ ချိုင့်ခွက်ကို မွေးနေ့ကိတ်လေး လုပ်ပေးပြီး Twitter မှာ လူတစ်ဦးက တင်ထားခဲ့တာ ဖြစ်ပါတယ်။

“Plumtree ဒေသက ချိုင့်ခွက်ကလေးတွေဟာ နောက်ထပ် မွေးနေ့မင်္ဂလာကို ကြုံရပြန်ပါလေပြီ”ဆိုပြီး အဆိုပါစာမျက်နှာက ရေးသားထားပါတယ်။

လမ်းပေါ်က ချိုင့်ခွက်တွေဟာ ရှိနေခဲ့တာ ကြာပြီဖြစ်ပြီး ပိုပြီးနက်လာပါတယ်လို့ ဒေသခံ ဗွန်နီဒေးကင်က နော်တင်ဟမ်ပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

အဆိုပါ ချိုင့်ခွက်တွေဟာ ကားတွေ၊ ဆိုင်ကယ်တွေအတွက် အန္တရာယ်များတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။ ချိုင့်ခွက်တွေကိစ္စကို ပြီးခဲ့တဲ့ နှစ်ကတည်းက ရွာခံတွေက ပြောဆိုနေတာဖြစ်ပြီး ဒေသအာဏာပိုင်က လမ်းတွေပြင်ဖို့ ပေါင်ငွေ ၁ ဒသမ ၂ သန်း သုံးမယ်လို့ ကတိပြုထားခဲ့ပါတယ်။

ကဲ မြန်မာပြည်က တချို့လမ်းက ချိုင့်ခွက်တွေများဆိုရင် လူပျို အပျိုအရွယ်လောက်တောင် ဖြစ်နေလောက်ပြီနော်။

The Voice
http://thevoicemyanmar.com/relax/7619-lrk

No comments:

Post a Comment