Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 2, 2017

ကိုယ်ပိုင် စီးပွားရေး လုပ်တဲ့အခါ

 

ကိုယ်ပိုင်စီးပွားရေး လုပ်တာဟာ ဝန်ထမ်းနဲ့ မတူညီပါဘူး။ မိမိ လုပ်ငန်းက အကျိုးအမြတ် ရခဲ့ရင်လည်း မိမိသာ ခံစားရမယ် မရခဲ့ရင်လည်း မိမိသာ ဒုက္ခရောက်ပါလိမ့်မယ်။

မိမိလုပ်ငန်း ဝင်ငွေနည်းတယ်ဆိုပြီး ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ ဒါပေမယ့် လုပ်ငန်းကို ရေရှည် လည်ပတ်နိုင်အောင်တော့ ကြိုးစားရပါ လိမ့်မယ်။ 

တကယ်တော့ အမြတ်ဆိုတာဟာ - ဥပမာ အားဖြင့် တစ်နေ့ကို ၁၀၀၀ ပဲ မြတ်တယ် ဆိုရင် တလမှ ၃ သောင်းပဲ ရှိပါတယ် ဒါပေမယ့် တစ်နှစ်စာနဲ့ တွက်ကြည့်လိုက်မယ် ဆိုရင်တော့ ၃ သိန်းခြောက်သောင်း ဖြစ်သွားပါ လိမ့်မယ်။ ၅ နှစ်နဲ့ ထပ်မံ တွက်လိုက်မယ် ဆိုရင် ၁၈ သိန်းတောင် ဖြစ်သွား ပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုရင် ရလာတဲ့ အမြတ်အစွန်းလေးကို တန်ဖိုးထားစေလိုပါတယ်။ လုပ်ငန်းရေရှည် လည်ပတ်နိုင်ပြီ ဆိုရင်တော့ ပထမ နှစ်ဝင်ငွေနဲ့ ဒုတိယနှစ် ဝင်ငွေ လုံးဝ တူညီမှ မဟုတ်တော့ပါဘူး။

တစ်နှစ်နဲ့ တစ်နှစ်တွေ့ကြုံတဲ့ လုပ်ငန်းရဲ့ အတွေ့အကြုံတွေလေး ရရှိပါလိမ့် မယ်။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုရင် ဝင်ငွေနည်းရင် တောင့်ခံ နိုင်ရင် ကြိုးစားစေလိုပါတယ်။

ကျော်လင်းနိုင် (ပစ်တိုင်းထောင်)

No comments:

Post a Comment