စိတ်ဖောက်ပြန်နေသူ အမျိုးသမီးတစ်ဦးတိုက်ပေါ်မှခုန်ချခဲ့သော်လည်းရဲတပ်ဖွဲ့ဝင်များကကူညီ ကယ်ဆယ်ပေးခဲ့သဖြင့် ဒဏ်ရာရရှိမှုမရှိကြောင်းသိရ
ရန်ကုန်၊ ဧပြီ ၉
၈.၄.၂၀၁၇ရက်နေ့ ၂၀၁၀ အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊
ဗိုလ်တထောင်ဈေးလမ်းရှိ တိုက်ခန်း၏ ဒုတိယထပ်တွင်နေထိုင်သူ အမျိုးသမီး
တစ်ဦးသည် ဓားအတို ၁ လက်ကိုင်၍ တိုက်နောက်ဘက်ပြူတင်းပေါက်မှ
စိတ်ဖောက်ပြန်ကာ ခုန်ချရန်ပြင်ဆင်နေကြောင်း သတင်းအရ ပုဇွန်တောင်
မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ရာ အဆိုပါနေရာတွင်
မနွယ်နီဝင်း၊ (၂၃)နှစ်မှာ ခုန်ချမည့်ဟန်ပြင်ဆင်နေသည်ကိုတွေ့ရှိရသဖြင့်
ရဲတပ်ဖွဲ့ဝင်များက မွေ့ယာနှင့် ဖော့တုံးများခင်းကျင်းပြင်ဆင်ပြီး စောင်အစွန်းများကိုကိုင်ဆောင်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ
အမျိုးသမီးမှာ ၂၀၃၀ အချိန်ခန့်တွင် တိုက်ပေါ်မှခုန်ချခဲ့ပါသည်။
ယင်းသို့ တိုက်ပေါ်မှခုန်းချခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များကယ်ဆယ်ရေး
လုပ်ငန်းများဆောင်ရွက်ပေးခဲ့သဖြင့် အဆိုပါအမျိုးသမီးမှာ ဒဏ်ရာရရှိခြင်း
မရှိဘဲ ၎င်းအမျိုးသမီးအား ဆေးကုသနိုင်ရန် လူနာတင်ယာဉ်ဖြင့် ရန်ကုန်
ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment