Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 18, 2017

သင္တို႔မသိေသးတဲ့ ေက်ာ္ရဲေအာင္ အေၾကာင္း

 ေက်ာ္ရဲေအာင္သည္ ျမန္မာ့႐ုပ္ရွင္ေလာကတြင္ ေအာင္ျမင္ေက်ာ္ၾကားေသာ သ႐ုပ္ေဆာင္ မင္းသားတစ္ဦး ျဖစ္သည္။ ေက်ာ္ရဲေအာင္ကို ၁၉၆၆-ခုႏွစ္၊ ေမလ(၅)ရက္ေန႔တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕၌ အဖ ဦးျမင့္ေအာင္ႏွင့္ အမိေဒၚခင္လွတို႔မွ ေမြးဖြားခဲ့သည္။ အမည္ရင္းမွာ ကိုကိုႏိုင္ ျဖစ္သည္။

၁၉၉၀-ခုႏွစ္တြင္ ဒါ႐ိုက္တာ ဇဗၺဴထြန္းသက္ ႐ိုက္ကူးေသာ တို႔ကပိုခ်စ္သည္ ဇာတ္ကားတြင္ စိုးျမတ္သူဇာႏွင့္ တြဲဖက္၍ အႏုပညာေလာကထဲသို႔ ေရာက္ရွိခဲ့သည္။
 ေၾကာ္ျငာက႑တြင္ လွကေလးစိန္ထိုးမုန႔္ ေၾကာ္ျငာျဖစ္သည္။
 ၁၉၉၆-ခုႏွစ္တြင္ သားသမီးဇနီးၾကင္ယာ ဇာတ္ကားႏွင့္ ၂၀၀၇-ခုႏွစ္တြင္ ကိုးဆယ္ဆသာလိမ့္မယ္ ဇာတ္ကားျဖင့္ အကယ္ဒမီ ႐ုပ္ရွင္ထူးခြၽန္ဆုကို ႏွစ္ႀကိမ္တိုင္တိုင္ ရရွိခဲ့သည္။
 ေက်ာ္ရဲေအာင္သည္ ခ်စ္ဇနီး မဆုမြန္ႏွင့္ အိမ္ေထာင္က်ၿပီး သားႏွင့္သမီး ႏွစ္ေယာက္ ထြန္းကားသည္။
လက္ရွိတြင္အႏုပညာအလုပ္မ်ား ဆက္လက္လႈပ္ရွားလွ်က္ရွိသည္။

Source: ေမာင္ယဥ္ေက်ာ္၊ ထင္ေပၚေက်ာ္ၾကား အႏုပညာရွင္မ်ား၏ ႐ုပ္ရွင္ဒိုင္ယာရီ

Credit:AYK

#Unicode version
 ကျော်ရဲအောင်သည် မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြားသော သရုပ်ဆောင် မင်းသားတစ်ဦး ဖြစ်သည်။ ကျော်ရဲအောင်ကို ၁၉၆၆-ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၌ အဖ ဦးမြင့်အောင်နှင့် အမိဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကိုကိုနိုင် ဖြစ်သည်။


၁၉၉၀-ခုနှစ်တွင် ဒါရိုက်တာ ဇဗ္ဗူထွန်းသက် ရိုက်ကူးသော တို့ကပိုချစ်သည် ဇာတ်ကားတွင် စိုးမြတ်သူဇာနှင့် တွဲဖက်၍ အနုပညာလောကထဲသို့ ရောက်ရှိခဲ့သည်။

 ကြော်ငြာကဏ္ဍတွင် လှကလေးစိန်ထိုးမုန့် ကြော်ငြာဖြစ်သည်။

 ၁၉၉၆-ခုနှစ်တွင် သားသမီးဇနီးကြင်ယာ ဇာတ်ကားနှင့် ၂၀၀၇-ခုနှစ်တွင် ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားဖြင့် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုကို နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့သည်။

 ကျော်ရဲအောင်သည် ချစ်ဇနီး မဆုမွန်နှင့် အိမ်ထောင်ကျပြီး သားနှင့်သမီး နှစ်ယောက် ထွန်းကားသည်။
လက်ရှိတွင်အနုပညာအလုပ်များ ဆက်လက်လှုပ်ရှားလျှက်ရှိသည်။


Source: မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ

Credit:AYK

No comments:

Post a Comment