Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

ဘင်္ဂလားကျောင်းတိုက်မှ အရှင်ဦးဝီရမျိုးဆက်နှင့် မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့ မှ ရွှေတိဂုံဘုရား၌ ဈေးရောင်းချသောမူဆလင်ဈေးဆိုင်အားပိတ်သိမ်းစေ

ကိုထွေး(ခ)စလင်း

မနေ့ က(၁၇.၄.၂၉၁၇)မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်တိုင်းဗဟန်းမြို့ နယ်ရှိ ရွှေတိဂုံဘုရား
အရှေ့ဘက်မုခ်ဈေးတန်း၌ သင်္ဃန်းကျွန်းမြို့ နယ်၌နေထိုင်သူ ကိုထွေး(ခ)စလင်းအား အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့် ရွှေတိဂုံဘုရား၌ ဈေးရောင်းချခွင့်မပြုပါသဖြင့် ဈေးဆိုင်အားပိတ်သိမ်းစေခဲ့ကြောင်းသိရှိရပါတယ်။

အလားတူ မနေ့ က ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း အမှတ် ၈၅၉၊ မေခလာလမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်နေသူ မှတ်ပုံတင်အမှတ် ၁၂/ဥကတ(နိုင်) ၀၄၂၆၇၃
ကိုင်ဆောင်ထားသော ကိုသန်းနိုင်ဦး (ခ) အလီ (အဖ - ဦးတိုးမြင့်) မှ ရောင်းချနေသော
မျက်မှန်ဆိုင်အား ရန်ကုန်မြို့ ရှိ "ဘင်္ဂလားကျောင်းတိုက်" မှ အရှင်ဦးဝီရမျိုးဆက်နှင့် မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့ မှ သံဃာတော်များမှ ပိတ်သိမ်းလိုက်ပြီး ငွေတစ်သိန်းဝန်းကျင်ခန့် တန်ဖိုးရှိသာ
မျက်မှန်အလက် ၁၂၀ ခန့် အား ဘင်္ဂလားကျောင်းတိုက်သို့ သိမ်းဆည်းသွားခဲ့ပြီး ပစ္စည်းများအား
ပြန်လည်ရယူလိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊
မြို့ နယ်ရဲစခန်း၊ မြို့ နယ်ထွေအုပ်နှင့် သက်ဆိုင်ရာဗလီတခုမှ တာဝန်ရှိသူတယောက်တို့ ဖြင့်
"နောက်နောင်ဗုဒ္ဓဘာသာဝင်တို့ မနှစ်သက်သော စေတီ၊ ကျောင်းကတ်၊ ဘုရားများတွင် ကျုးကျော်ဝင်ရောက် ရောင်းချခြင်းမပြုတော့ပါဟု ကတိပြုပါသည်"

စာသားပါရှိသော ဝန်ခံကတိပြုစာအားရေးသား၍
"ဘင်္ဂလားကျောင်းတိုက်" ရှိ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဖုန်းနံပါတ် - ၀၉၄၂၀၀၅၅၃၀၈
၌လာရောက်ရွေးယူရန် အဆိုပါစာ၌ ဖော်ပြထားကြောင်း သိရှိရပါတယ်။
MUNA




မျိုးချစ်မြန်မာရဟန်းတော်များမှ သိမ်းဆည်းထားသောသန်းနိုင်ဦး(ခ) အလီ ၏ပစ္စည်းများအား လာရွေးယူရန်
အသိပေးစာ


သန်းနိုင်ဦး (ခ) အလီ ၏ ပစ္စည်းများအား
အရှင်ဦးဝီရမျိုးဆက်နှင့် မျိုးချစ်မြန်မာရဟန်းတော်များ
အဖွဲ့ မှ သံဃာတော်များမှ သိမ်းဆည်းနေစဉ်

No comments:

Post a Comment