မှောင်မည်းနေတဲ့ ပုဂံဘုရားတွေမှာ နံရံဆေးရေးပန်းချီတွေကို ဘယ်လိုရေးဆွဲခဲ့ကြသလဲ?
ကျွန်တော်ကို သူငယ်ချင်းတော်တော်များက ဒီမေးခွန်းလာမေးကြတယ်
ကျွန်တော်လည်းပဲ ဒီအကြောင်းကိုတော်တော် စိတ်ဝင်စားဖြစ်တယ်
ပုဂံမှာရှိတဲ့ တချိုဘုရားတွေမှာ လုံးဝအမှောင်တိဖုံးနေတယ်
ပန်းချီဆွဲဖို့ဆိုတာ အလင်းရောင်ရှိဖို့လိုအပ်တယ်
အမှောင်ထဲမှာ ဆီမီး ဖယောင်းတိုင်မီးထွန်းပြီး
ဆွဲဖို့လဲမဖြစ်နိုင်ပါဖူး
မျက်နှာကျက်မှာ ကြက်ခိုးတွေ သွားစွဲကုန်မှာပေါ့
ကျွန်တော်ပုဂံကိုရောက်တော့ ဘုရားတွေ
ဘာကြောင့် မှောင်ရသလဲဆိုတဲ့အကြောင်းရင်းကို
လေ့လာဖြစ်တယ်
အဖြေက အဓိကအလင်းဝင်မဲ့ ပြတင်းပေါက်တွေကို
ကျောက်ဇာကွက်အကာနဲ့ ပိတ်ထားလို့ပါပဲ
ဒီလို ကျောက်ဇာပြုတင်းပေါက်တွေကို ပုဂံခေတ်အစောပိုင်းကာလ ဘုရားတွေမှာပဲတွေ့ရတယ်
ကျန်စစ်သားမင်းကြီးလက်ထက်မှာ ဗိသုကာပညာတွေဟာ
အင်မတန်တိုးတက်ပြောင်းလဲခဲ့တယ်
ဗိသုကာပညာရှင်တွေက မှောင်မည်းနေတဲ့ အားနည်းချက်ကိုပြင်ဖို့ကြိုးစားခဲ့ကြတယ်
နည်းလမ်းအမျိုးမျိုးရှာဖွေခဲ့ကြတယ်
အာနန္ဒာဂူတော်ကြီးတည်ဆောက်ချိန်မှာတော့ ယင်းကျောက်ဇာပြူတင်းပေါက်တွေကို အသုံးမပြုတော့ပါဖူး
ဒါကြောင့် အာနန္ဒာဂူတော်ကြီးဟာ ထုထည်ကြီးမားပေ
အလင်းရောင်ကောင်းကောင်းရရှိခဲ့တယ်
သဘာဝအလင်းကို ကောင်းကောင်းကြီးအသုံးချလာတတ်ကြတယ်
ယင်းအားသာချက်ကို ရှာဖွေတွေ့ရှိချိန်ကစလို့ နောက်ပိုင်းဘုရားအများစုမှာ ကျောက်ဇာပြူတင်းပေါက်တွေ
အသုံးမပြုတော့ပါဖူး
ဒီနေရာမှာ အဖြေပေါ်သွားပါပြီ
မှောင်မည်းနေတဲ့ဘုရားတွေမှာပန်းချီတွေဘယ်လိုရေးဆွဲခဲ့သလဲဆိုတော့ကား ကျောက်ဇာပြူတင်းပေါက်တွေ မပိတ်ခင်
ထိန်ထိန်လင်းနေတုန်းမှာရေးဆွဲခဲ့ပါတယ်
ပန်းချီတွေအားလုံး အပြီးသတ်ရေးဆွဲပြီး နောက်ဆုံးမှ ကျောက်ဇာပြူတင်းပေါက်တွေကိုပိတ်ခဲ့ကြတယ်လို့ယူဆရမယ်
Simon Htoo Thant
No comments:
Post a Comment