Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 8, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သံဃာတစ်ပါး ယာဉ်တိုက်ခံရပြီး ပျံလွန်တော်မူ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဗောဓိကုန်းအမြန်လမ်းရဲစခန်းအပိုင်မှာ သံဃာတစ်ပါး လမ်းဖြတ်ကူးရာက ယာဉ်တိုက်ခံရကာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

 ဧပြီ(၇)ရက် ည(၉)နာရီခွဲခန့်က အုတ်တွင်းမြို့နယ် ၊ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေးလမ်းကြီးပေါ်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ အောင်ရတနာခရီးသည် တင်မှန်လုံယာဉ် တစ်စီးဟာ အမြန်လမ်းမိုင်တိုင်အမှတ်(၁၄၄)မိုင်(၂)ဖာလုံနဲ့ (၃)ဖာလုံအကြားအရောက်မှာ လမ်းရဲ့အရှေ့ ဘက်ကနေ အနောက်ဘက်ကို အုတ်တွင်းမြို့နယ်၊ ရွှေလောင်းကျေးရွာ၊ ရွှေလောင်းဘုန်းတော်ကြီး ကျောင်းက ဦးဇင်းတစ်ပါးလမ်းဖြတ်ကူးစဉ် ဝင်တိုက်မိတာဖြစ်ပါတယ်။


 ယာဉ်မတော်တဆမှုသတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ဦးဇင်းမှာ ၀ဲ/ယာ ခြေသလုံးကျိုးပဲ့ ကြေမွ၊ ၀မ်းဗိုက်နဲ့ခါးပေါက်ပြဲကြေမွ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ကြေမွ၊ ၀ဲပါးပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ ပျံလွန်သွားတဲ့အတွက် တောင်ငူ(၂၄)နာရီ လူမှုကူညီရေးအသင်းအဖွဲ့ယာဉ်နဲ့ တောင်ငူမြို့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၉/၂၀၁၇ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment