Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 19, 2017

ဦးဥတ္တမ ဆိုသူဘုန်းကြီးက အဓမ္မဆွဲရုန်း ခေါ်ဆောင် ခိုးယူသွားသော မိန်းခလေးကို တွေ့ရှိပါက သတင်းပေး အကြောင်းကြားပါရန် မေတ္တာရပ်ခံချက်


ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်း ( ပ ) ၁၄/၂၀၁၄ ပြစ်မှု ၃၆၆ အမှုမှ တရားခံ ဦးဥတ္တမ (ခ)ကြည်လင် နှင့် ပြစ်မှုကျူးလွန်ခြင်းခံရသူ မသင်းသင်းဇော် အမှုမှာ ၂၈-၃-၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့် ကျောက်ပန်းတောင်းမြို့နယ် မလွှကုန်းကျေးရွာနေ ဒေါ်ကြည်မြင့်သည် သမီးဖြစ်သူ မသင်းသင်းဇော်အား ရန်ကုန်မြို့သို့ သွားရောက် ရန် တစ် ရွာတည်းနေ ငြိမ်းချမ်းအောင် အား ဂွေးချိုကားဂိတ်သို့ ဆိုင် ကယ်နှင့် လိုက်လံပို့ဆောင်စေခဲ့ရာ ၁၂၀၀ အချိန် ငြိမ်းချမ်းအောင် ပြန်လည်ရောက် ရှိ ပြောပြချက်အရ ဂွေးပင် ရွာ အ ရှေ့ဘက် ဓါတ်ငွေ့ပိုက်လိုင်းအနီး အ ရောက်တွင် ဒေါ်ကြည်မြင့် ပစ္စည်းလေးပါး ရဟန်းခံထားသော မလွှကုန်းကျောင်းထိုင် ဆရာတော် ဦးဥတ္တမ မှ ၄င်းပိုင် ၈ခ/၈၂၉၂ ဇီးရောင် ဂျစ်ကားနှင့် ဘေးချင်းကပ် မောင်းနှင် လိုက်ပါတားဆီးပြီး မရပ်လျှင် ကားနှင့်တိုက်သတ်မည်ပြောဆိုသဖြင့် ဆိုင် ကယ်အား ရပ်တန့်ပေးစဉ် ကားပေါ်မှဆင်းလာကာ ဦးဥတ္တမ မှ မသင်းသင်းဇော်အား ကားပေါ်သို့ အတင်းအဓမ္မ ဆွဲရုန်းခေါ်ဆောင် ကြောင်း မသင်းသင်းဇော်မှ ရှိခိုးငိုယို တောင်းပန်သည့်ကြားမှ ကားပေါ်တင် တံခါးပိတ်မောင်းနှင် ခိုးယူသွားကြောင်း
သိရသဖြင့် သမီးဖြစ်သူအား အဓမ္မဆွဲရုန်း ခေါ်ဆောင် ခိုးယူသွားသူ ဦးဥတ္တမအား အ ရေးယူပေးရန် ဒေါ်ကြည်မြင့်မှ တရားလိုပြုလုပ် တိုင် တန်းသောအမှု ဖြစ်ပါသည်။

အမှုမှတရားခံ ဦးဥတ္တမ မှာ အခင်းဖြစ်ပြီး ကတည်းက မသင်းသင်းဇော်အား ဆွဲရုန်းခိုးယူကာ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် တွေ့ရှိပါက သတင်းပေးအ ကြောင်းကြားပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

တရားခံဦးဥတ္တမ (ခ) ကြည်လင် (ဘ) ဦးစံမောင် (မိ) ဒေါ်အေးကြိုင် ၃၅ နှစ် သစ်တိန်းရွာ ကျောက်ပန်းတောင်းမြို့နယ်
ပြစ်မှုကျူးလွန်ခံရသူမသင်းသင်းဇော် (ဘ) ဦးစိန်အောင် မင်း (မိ) ဒေါ်ကြည်မြင့် ၁၈ နှစ် မလွှကုန်းရွာ ကျောက်ပန်းတောင်းမြို့နယ်
ကျူးလွန် ရာတွင် အသုံးပြုသည့်ယာဉ်၈ခ/၈၂၉၂ ဇီးရောင် ဂျစ် ( အလုံပိတ် ရှေ့မှန်တွင် ယခင် က မိုးမြင့်သာ ဆရာတော်ဟုစ တေကာဖြင့်ရေးထား )

ဆက်သွယ် ရန်

ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး
၀၆၁ – ၅၀၅၈၅

ပွေးကျစ်နယ်မြေရဲစခန်း ၀၉-၃၃၁၅၆၀၄၂

by နိုင်ရဲလင်း facebook
http://www.timeayeyar.com/2017/04/blog-post_739.html

No comments:

Post a Comment