Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 5, 2017

ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတစ်ခု ၊ မြင့်မြတ်တဲ့ တပ်မတော်ကောင်းတစ်ခု၊ ပြည်သူကလေးစားချစ်ခင်တဲ့ တပ်မတော်ကောင်း တစ်ခု


တပ်မတော်ရဲ့ အခွင့်အရေးတွေကို လျှော့ချချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးကို လုပ်နေတာ မဟုတ်ပါဘူး ။ ကျမတို့ရဲ့ တပ်မတော်ကို
ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ကောင်းတစ်ခု ၊ မြင့်မြတ်တဲ့
တပ်မတော်ကောင်းတစ်ခု၊ ပြည်သူကလေးစားချစ်ခင်တဲ့ တပ်မတော်ကောင်း
တစ်ခု ဖြစ်စေချင်လွန်းလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုပြီး
တိုက်တွန်းနေတာပါ ။

ဒီမှာတစ်ခါတည်း တပ်မတော်ကို ဖွဲ့စည်းစဉ်ခဲ့တုန်းက ဖေဖေပြောသွားတဲ့
စကားတစ်ခုကို ကျမပြန်ပြောပါမယ် ။ ဒါဟာ ခဏခဏပြောပြီးသားလည်း
ဖြစ်ပါတယ် ။ ဘယ်နှစ်ခါပြောပြော မရိုးနိုင်တဲ့စကားလည်းဖြစ်ပါတယ် ။
တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်
ရဲ့ အခြေခံဖြစ်ရမယ်ဆိုတဲ့ စကားပါ ။

ဒီဟာက ဖေဖေဟာ ဘယ်လောက် တပ်မတော်ကိုတန်ဖိုးထားတယ်ဆိုတာ
ကို ပြတာပဲ။ တိုင်းပြည်ရဲ့ အခြေခံဆိုတာ အင်မတန်မှ သိက္ခာရှိတဲ့နေရာပါ ။
အင်မတန်မှ သိက္ခာရှိတဲ့ တာဝန်တစ်ခုဖြစ်ပါတယ် ။ တိုင်းပြည်ရဲ့ အခြေခံ
ထက် ပိုပြီးတော့ခိုင်မာတဲ့နေရာဆိုတာ မရှိပါဘူး ။ တိုင်းပြည်ကို အကျိုးပြုဖို့
အတွက် ထူထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ဒီရည်ရွယ်ချက်အရ ဆက်ပြီးတော့
လုပ်သွားမယ်ဆိုတာ ကျမတို့ယုံကြည်လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲ
ရေးကို တိုက်တွန်းနေတာဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment