Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 24, 2017

ဦးကိုနီကို လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးသည် ယခင် ဗထလ ဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်) မှ သင်တန်း နည်းပြတစ်ဦးဖြစ်နေ

 မြန်မာသတင်း — February 22, 20The Speaker သတင်းဂျာနယ်
အတွဲ(၁)၊ အမှတ် (၁၄) မှ ကူးယူဖော်ပြသည်။

၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်၏ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရခဲသော ကိစ္စနှင့် ပတ်သက်၍ တရားခံ ကြည်လင်း၊ စေခိုင်းသူ အောင်ဝင်းဇော် တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အပြင် ငွေပေးစေခိုင်းသူ အောင်ဝင်းခိုင်မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် အတူ ဦးကိုနီ လုပ်ကြံမှုတွေပါဝင်ခဲ့သူ ဇေယျာဖြိုးကိုလည်း သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေး ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့နှင့် အမှုတွဲ ဇေယျာဖြိုးသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းရှိ ကျောင်းကုန်းကျောင်းကြီး ပရိယတ္တိ စာသင်တိုက်တွင် ရဟန်းဝတ်နေစဉ် ဖေဖော်ဝါရီ ၃ ရက်က သက်ဆိုင်ရာမှ လာရောက်ခေါ်ဆောင်မှုကြောင့် သိက္ခာချ လူဝတ်လဲကာ လိုက်ပါသွားခဲ့ကြောင်း အဆိုပါကျောင်တိုက်ရှိ ကျောင်းထိုင် ဆရာတော်က မိန့်ကြားသည်။

“ခရီးသွားနေတော့ သိပ်ပြီးတော့ မသိဘူး။ သုံးရက်တောင် မပြည့်ဘူး ၊ ၁ ရက်နေ့မှာ စတက်တယ်။ ၃ ၇က်တောင် အပြည့်မရဘူးလို့ ပြောပါတယ်။ အဲလို ကိစ္စ တွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီး ခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲ ကြားတာပဲ။ သက်ဆိုင်ရာတွေရော ပါသလား တော့ မသိဘူး။ ဒကာတွေတော့ လာကြတယ်လို့ ကျောင်းက ဦးပဉ္ဖင်းတွေက ပြောတယ်။ အ၇ပ်ဝတ်တွေနဲပ လာတယ်လို့တော့ ပြောတယ်။ မနက်ကိုးနာရီ လောက် လာခေါ်တယ်လို့ ပြောကြတာပဲ ” ဟု ကျောင်းထိုင်ဆရာတော်က The Speaker သို့ မိန့်ကြားသည်။

ကျောင်းကုန်းကျောင်းကြီး ပရိယတ္တိ စာသင်တိုက် ကျောင်းထိုင်ဆရာတော်သည် မအူပင်သို့ ခရီးသွားရန် ရှိသည့် အတွက် ဆရာတော် ခရီးမသွားမီ ဇေယျာဖြိုးအား ရဟန်းဝတ်ပေးခဲ့ပြီး ခရီးသွားနေခဲ့သဖြင့် ဇေယျာဖြိုးကို လာခေါ်သည့် ညနေတွင် ဆရာတော်အား ဖုန်းဆက်လျောက်ထားခဲ့ကြောင်း သိရသည်။

“ဦးပဉ္ဖင်းက ခရီးသွားစရာရှိတယ်ဆိုတော့ ဦးပဉ္ဖင်းရှိတုန်း ဝတ်လိုက်မယ်ဆိုပြီး တော့ ညနေမှာ ဝန်လိုက်တာ ။ နောက် သုံးရက်လောက်နေတော့ ခေါ်သွားတယ်။ သိက္ခာချပြီးတော့ အိမ်ခဏပြန်သွားတယ်။ ဦးပဉ္ဖင်း ကို သူညနေကျတော ဖုန်းဆက်တယ်။ သိက္ခာချလိုက်တဲ့ အကြောင်း လှမ်းဆက်တာ” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဇေယျာဖြိုး သည် နှစ်စဉ် ဖေဖော်ဝါရီလ တွင် ရဟန်းဝတ်နေကျဖြစ်ကြောင်း ယခုနှစ်သည် ကိုးကြိမ်မြောက် ဝတ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရဟန်းဝတ်ပါက တစ်ပတ်ခန့် ဝတ်လေ့ရှိကြောင်း ကျောင်းကုန်းပရိယတ္တိ စာသင်တိုက်တွင်မူ လွန်ခဲ့သည့် လေးနှစ်၊ ငါးနှစ် ခန့်က တစ်ကြိမ်၊ ယခုတစ်ကြိမ် နှစ်ကြိမ်သာ ရဟန်းဝတ်ခဲ့ဖူးကြောင်း သိ၇သည်။ ဘာသာရေး အလွန်လိုက်စားသူတစ်ဦးဖြစ်ရာ ရဟန်းဝတ်နေစဉ် အချိန်တွင်လည်း တရားရှုမှတ်နည်းများကို ပြပေးရန်မလိုဘဲ ၄င်းကိုယ်တိုင်ပင် ရှုမှတ်အားထုတ်နိုင်သည်ဟု ဆိုသည်။

ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၆) ဆင်းတစ်ဦးဖြစ်ပြီး ဗဟိုထောက်လှမ်းရေး တပ် ဗထလ(ရေကြည်အိုင်) တွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပီး စစ်ခွေး အထူးလေ့ကျင်ရေး နှင့် ပတ်သက်၍ အိန္ဒိယတွင် သင်တန်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံရန် ငွေပေးစေခိုင်းသူ အောင်ဝင်းခိုင်နှင့် ပတ်သက်ဆက်နွယ်သူများကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးလျက်ရှိရာ ဇေယျာဖြိုးကိုသာမက အောင်ဝင်းခိုင်ခေါ်ဆိုခဲ့သော ဖုန်းကောလ်များမှ ဦးကိုနီသေဆုံးသည့် နေ့ မတိုင်မီ တစ်ပတ်အတွင်းခေါ်ဆိုခဲ့သော ဖုန်းနံပါတ်များကို ဆက်သွယ်၍ ခေါ်ယူစစ်ဆေးခဲ့ရာ လူဦးရေ ၆၀ ကျော် စစ်ဆေးခံခဲ့ရကြောင်း သိရသည်။

ဇေယျာဖြိုးနှင့် ၄င်း မိသားစုသည် အမှတ် D-8 မင်္ဂလာလမ်း တာမွေလေးရပ်ကွက်တွင် နေထိုင် ကြပြိး ၄င်း အိမ်သို့ The Speaker မှာ သွားရောက်ရာတွင် အိမ်တံခါးများ သော့ပိတ်ထားသည်ကို တွေ့ရှိခဲ့သည်။ အိမ်နီးချင်းများကလည်း ၄င်းတို့ကို မတွေ့သည်မှာ တစ်ပတ်ခန့် ရှိပြိဖြစ်ကြောင်း ပြောကြသည်။

” မတွေ့တာ တော့ ကြာပြီ။ တစ်ပတ်လောက်ရှိပြီ ။ ခါတိုင်း သတင်းစာပို့နေကျ ကောင်လေးတောင် လာမပို့တော့ဘူး” ဟု ဇေယျာဖြိုး ၏ အိမ်နီးချင်းကပြောသည်။

အဆိုကိစ္စ နှင့် ပတ်သက်၍ တာမွေလေး ရပ်ကွက် အုပ်ချူပ်ရေးမှုးထံသို့ သွားရောက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းမှာ ထိုကိစ္စ နှင့် ပတ်သက်၍ ဘာမှ သိရှိမှု မရှိကြောင်းနှင့် တာမွေ ရဲစခန်းသို့သာ ဆက်သွယ်မေးမြန်းရန်ပြောခဲ့သည်။

တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တာဝန်ရှိသူများကို ဇေယျာဖြိုး၏ အိမ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ရာ ဇေယျာဖြိုးအား စရဖ မှ ခေါ်ဆောင်သွားပြေီး ခေါ်ဆောင်သွားသည့် နေရာကိုတော့ မသိရှိကြောင်း တာမွေ မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇေယျာ၊ လင်းလင်း

No comments:

Post a Comment