Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 11, 2017

အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောက်ျားတစ်ယောက်နှင့် မြန်မာလူမှုအသိုင်းအ၀ိုင်းရဲ့အမြင်


နေ့ လည် အတန်းမရှိ
ဆေးရုံပြန်သွားစရာလည်း မရှိတော့ အလကားရတဲ့ဒံပေါက်လေးဆွဲပြီး အိပ်မယ်ပေါ့လေ
အတွေးထဲတော့ သာယာမှု အပေါင်းခညောင်းနေတာပါပဲ။

ph တစ်ခုလာတယ်။
ငယ်သူငယ်ချင်းဖြစ်နေတယ်။
ရင်းနှီးပေးမယ့် ph ဆက်ခဲလှတဲ့ သူငယ်ချင်းမလေးပါ။
သူက အစောကြီးအိမ်ထောင်ကျပြီးသူ့ 
ကလေးတွေ နဲ့ သူ အလုပ်များသူလေးမို့ 
gathering တွေမှာတောင် မတွေ့ ရသူလေးပါ။

ကျွန်မကလည်း ၁၀တန်းအောင် ဆေးကျောင်းတက် posting ဝင်
ကျောင်းဆက်တက်ဆိုတော့ ကျွန်မကလဲ
စည်းအပြင်ကလူပဲပေါ့လေ

phကိုင်လိုက်တယ်။
စကားတွေကြားပြီးရင်မောသွားတယ်။
ကွာရှင်းတော့မယ်တဲ့။

ဟင်!!
ဘယ်လိုဖြစ်ကြတာလဲပေါ့။

အဲဒါ မတိုင်ခင် သူ့ အကြောင်းလေးပြောချင်ပါတယ်။
ကျွန်မ သူငယ်ချင်း(နာမည်ကို ဝေ လို့ ခေါ်ကြပါစို့ ) က ငယ်ကတည်းက သိပ်အေးပါတယ်။
သမာရိုးကျမြန်မာကားတွေထဲကလိုပါပဲ။
ယောကျာ်းလေး သူငယ်ချင်းမရှိဘူး
အပြင်သိပ်မထွက်ဘူး။
အိမ်က တင်းကျပ်တယ်။
အထက်မှာ အကိုတွေချည်းပဲ။
အကိုတွေက ချုပ်ခြယ်ကြတယ်ပေါ့လေ

(စကား မစပ် ကြေငြာလေးဝင်ပျဇီ
ကျွန်မလည်း အကို၂ယောက် ရှိပါတယ်
ကိုယ့်အကိုတွေနဲ့ ကိုယ်ကဘယ်လောက်တောင် ရင်းနှီးကြသလဲဆိုရင် သူတို့ သူငယ်ချင်းတွေအားလုံးနဲ့ ကိုယ်က ခင်ပါတယ်။
ကိုယ်ပိုးကြေးပန်းကြေးရတဲ့ ချောကလက်တွေ မုန့် တွေလည်း သူတို့ ကဘယ်တော့မှ မှိုတက်မခံပါဘူး :p
လက်ရှိနင့်ရည်းစားက ဘယ်ကတုန်းလို့ တစ်ခါတစ်လေစပ်စုတတ်ကြပါသေးတယ်
ဒါပေမယ့် အတိုအပြတ် အဟိုက် အဖော်တွေတော့ မဝတ်ရပါဘူး
သူတို့ ရှေ့ မှာ အသည်းကွဲလို့ မငိုရပါဘူး
ငိုရင် တအားစိတ်ဆိုးပါတယ်။
ခုထိ ကလေး လို့ ခေါ်ကြတုန်းပါ။ ဤကား စကားချပ်)

ဝေ ၁၀တန်းအောင်တော့ သူ့ အိမ်ကစိတ်မချလို့ ဆိုပြီး Distance ပဲတက်ခိုင်းပါတယ်။
အနီးကပ်ကျမှ သွားတက်ပေါ့လေ။
ပြသနာက အဲမှာစပါတယ်။
ဝေက တစ်ခါမှ တစိမ်းယောကျာ်းလေး အထိအတွေ့ မရှိပါဘူး
အနီးကပ်တတ်ရင်း ကောင်လေး တစ်ယောက်နဲ့ ငြိမိကြတယ်ပြောပါတယ်။
ကြိုက်သလား မကြိုက်သလား မသိလိုက်ပေမယ့် သူ့ အိမ်ကို တို့ ပေးတဲ့သူ ရှိပါလိမ့်မယ်။
သူ့ အကိုတွေက စိတ်ဆိုးပြီး ရိုက်ကြတယ်ဆိုပဲ။ဒါတွေက နောက်မှ ပြန်သိတာပါ။
ပြီးတော့ သူ့ အဖေ က အိမ်ထောင်ချပေးလိုက်ပါတယ်တဲ့။

ခုနေ တွေးမိတော့ ဝေဘယ်လောက်တောင်များ အဲအချိန် စိတ်ဆင်းရဲနေခဲ့မလဲ ဆိုတာကို!"

ဝေ့အမျိုးသားက အဲတုန်းက အသက် ၂၅လောက်ထင်တယ်။
အသက်အတိအကျတော့မသိပါဘူး။

ဇာတ်လမ်းရှည်မှာစိုးလို့  ကျော်လိုက်ရအောင်။

ဝေ ကလေး ၂ယောက် ရပါတယ်။
သူ့ အမျိုးသားက Yangon မှာပဲ ပရိဘောဂဆိုင် ဖွင့်ထားပါတယ်။
ဘောစိဖြစ်နေတယ်ပေါ့လေ။
ဝေကတော့ အိမ်ရှင်မပေါ့။
ဆိုင်မှာတောင်မထိုင်ရပါဘူး။

ဝေ့အမျိုးသားဆိုင်မှာ မန်နေဂျာ အမျိုးသမီးထားပါတယ်။
ကျွန်မလဲမြင်ဖူးပါတယ်။
လူရည်သန့် သန့်  နဲ့ ၃၅နှစ်လောက်ပါ။
social သိပ်ကောင်းတာပါပဲ။
ကျွန်မ ပထမဆုံး တစ်ခေါက်မှာတင် marketing နဲ့ ပတ်သတ်ပြီး impressive ဖြစ်မိအောင်ကို ထက်ပါတယ်။
ဝေ့ခင်ပွန်းက သိပ်အားကိုးပါတယ်။
ကျွန်မရှေ့ တင်ကိုချီးကျူးတာပါ။

.

ကဲ . . အဲဒီတော့
လိုရင်းပြောရင် အဲ့အမနဲ့ ဝေ့ ခင်ပွန်းက ငြိစွန်းနေကြပါသတဲ့။

ဝေသိတာလွန်ခဲ့တဲ့ 8လလောက်ကပါတဲ့။
လိုက်ချောင်းတော့ အဲ့အမတိုက်ခန်းအောက်မှာ
ခင်ပွန်းကားကိုတွေ့ ပါသတဲ့
ဝရန်တာမှာ မနက်က ဝတ်သွားတဲ့  Shirt နဲ့ ပုဆိုးလှန်းထားပါသတဲ့

ဟင်
နင် တက်မကြည့်ဘူးလားမေးတော့
ငိုပြီးပြောတယ်။
ငါ့ကို သူတို့ တစ်ခုခု လုပ်ရင်ဘယ်လိုလုပ်မလဲတဲ့

အဲဒါနဲ့ ကျွန်မလည်း
ဟဲ့
နင်က တရားဝင် မိန်းမလေ
မယားကြီးလေ
နင်သာ လုပ်ရမှာ လို့ ပြောတော့

ဟင့်အင်း မလုပ်ရဲဘူး
ငါကြောက်တယ်တဲ့
သူတို့ ၂ယောက်က ငါ့ထက်တော်တာတဲ့

ရင်ထဲ အတော်ကိုနာသွားပါတယ်။

ဘာဆိုဘာမှကိုမဆိုင်တာပါ။
အငုံ့ စိတ်ကိုဘယ်လိုများ ရင့်သန်စေတာလဲလို့ 
မေးချင်တော့တာပါ။

အဲဒါနဲ့ ဖောက်ပြန်တာသေချာလို့ လားလို့ နည်းနည်းဖော့ပြီးမေးကြည့်ပါတယ်။

အင်း
messageတွေတွေ့ တယ်
photo တွေ တွေ့ တယ်။

သူ့ အိမ်ကိုပြောလားဆိုတော့
အင်း ပြောတယ်။
သူတို့ တားပေးမယ် ပြောပြီး မထူးဘူးတဲ့
ယောက်ခမက ညီးထင်နေတာပါဆိုပြီး လျောချသွားတယ်တဲ့။

နင့်အိမ်ကိုရောလို့ ထပ်မေးတော့
ကိုယ့်လင်ကိုယ် ကိုယ့်ဘက်ပါအောင်ယူတဲ့
ကိုယ့်အိမ်ထောင်ကို ကိုယ့်ဘာသာတည်ငြိမ်အောင် ထိန်းသိမ်းရမယ်။
စိတ်လိုက်မာန်ပါမလုပ်နဲ့ 
ကလေးတွေမျက်နှာထောက်ဦး
ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်တာမဟုတ်ပဲနဲ့ 
ဘာလို့ ကွာမှာလဲ။
ဟိုဟာမကိုအတည်ယူထားတာ မဟုတ်တာပဲ တော်သေးတဲ့။
နင် ပွဲကြမ်းရင်နင်ရော နင်လင့်ပါ သိက္ခာကျတဲ့အပြင် မိသားစု အသရေ ပျက်တယ်ဆိုပြီး ဝိုင်းပြောကြတယ်တဲ့

ph ပြောနေရင်း အံကြိတ်မိတယ်။
ဘယ်လောက်တောင် victim blaming လုပ်လိုက်သလဲ။
မိန်းမသားတွေဘဝ ဘယ်လောက်တောင် discriminate လုပ်ခံနေရသလဲ။

ဖောက်ပြန်နေတာက ယောကျာ်း တကယ့်လက်ရှိ ပြသနာပေါင်းစုံနဲ့ social trama ရနေတာ မိန်းမ ။
တစ်သက်လုံး လူ့ ဘောင်လောကထဲ ကိုယ်တိုင်ကိုယ်ကျ မတိုးဖူးတော့ အရာအားလုံးမှာ သူ့ အပြစ်တွေပဲ လို့  ထင်မှတ်ပြီး Psychological trama ရနေတာပါ။

ဒီလိုတွေဖြစ်လာအောင် ဘယ်သူ တွေတွန်းပို့ ခဲ့သလဲ။?
အငုံ့ စိတ်ကို ဘယ်သူတွေရိုက်သွင်းခဲ့သလဲ။?
သူ့ ဘဝရဲ့  Aim က ဘယ်မှာလဲ။?
သူဘာဖြစ်ချင်နေခဲ့လဲ။?
သူဘယ်သူနဲ့ ပျော်ရွှင်နေချင်ခဲ့လဲ။?
သူ့ ဘဝရဲ့ ထွက်ပေါက်က ဘယ်မှာလဲ။?

ဘယ်သူမှ responsibility ယူပြီး ဖြေပေးမယ့်သူ မရှိပါဘူး။

ခု နင်ဘယ်လိုလုပ်နေလဲ။
နင့်ယောကျာ်းကော.ဆိုတော့
ခုဆို ပေါ်တင်ပဲတဲ့
အိမ်ပြန်မလာဘူးတဲ့
ကွာခိုင်းနေတယ်တဲ့
ကလေးတွေ ထားခဲ့ရမယ်
သိန်း ၁၀၀ ပေးမယ်တဲ့

နှစ်ဖက်မိဘတွေကဆူနေတယ်တဲ့
အေးဆေး မဖြေရှင်းပဲ လိုက်ဖော်တော့
ခုဆို ဒုက္ခ ရောက်ပြီမလားတဲ့

နင့်ရဲ့ အဖိုးတန် အကိုတွေကရော သူ့ ယောက်ဖကို သွားမသတ်ဘူးလားလို့ မေးတော့
ယောကျာ်းလေးဆိုတာ အနည်းနဲ့ အများ ရှိတတ်တာပဲကို နင်က နားမလည်ပေးနိုင်ဘူးလားလို့ ပြောတယ်တဲ့။

တောက်တချက် ခေါက်မိသွားတယ်။

အေး
ဖောက်ပြန်တဲ့နေရာမှာ နင်သာဆိုရင်တော့ နင့်အကိုတွေ အဖေတွေက နင့်ကိုသတ်မယ်ထင်တယ်နော်
ခုတော့ ယောကျာ်းက ဖောက်ပြန်တာ
ထုံးစံလို့ ထင်နေတာနေမယ်လို့ ပြောမိသွားတယ်။

ပြောချင်တာလာပါပြီ။
အိမ်က မိန်းမက ပွစိ ပွစိလုပ်တယ်တို့ 
ပုံပျက်ပန်းပျက်မို့ လို့  စိတ်ညစ်တယ်လို့ 
တုံးတုံးအအ မို့ လို့ ပွဲ မတိုးဘူးလို့ 
အစရှိသဖြင့် ပြောကြပါတယ်

အပျော်ရှာမိပါတယ်
သာယာမိပါတယ်
ိစိတ်ကစားမိပါတယ်ပေါ့

တစ်ခါတစ်လေ မိန်းမတွေလည်းစိတ်ကစားတတ်ကြပါတယ်။
ဒါ physiology ပါ။
ဘဘာဝပါ။
control လုပ်တာနဲ့ မလုပ်တာပဲကွာတာပါ။
မိန်းကလေးတွေသာ အဲလို မျိုး ပေါ်တင်ကြေငြာပြီး စိတ်ကစားကြည့်ပါလား.
social ရော presonal အသိုင်းအဝိုင်းကပါ ဝိုင်းပြီးဆွမ်းကြီးလောင်းကြမှာပါ။
အကျင့်ပျက်မိန်းမ တစ်ယောက်လို့ ခံယူပြီး
တစ်သက်လုံး psychologically trama နဲ့ နေပေရော့ပဲ။
နားလည်ပေးမယ့်သူလက်ဆယ်ချောင်းမပြည့်စေရပါဘူး
အာမခံပါတယ်။

ဘယ်သူတွေကရော ဝေ့လို မိန်းမသားတွေအတွက် responsibility ပေးနိုင်ကြမလဲ။
ရိုက်ချိုးခံထားတဲ့ စိတ်ခွန်အားတွေအတွက်ဘယ်လိုMotivationတွေများ လုပ်ပေးနိုင်မလဲ။
ခေါက်ရိုးကျိုး personal life တွေကနေ ဘယ်လို ဖောက်ထွက်ကြမလဲ။
အဲလို မိန်းကလေးတွေအတွက် supportive care တွေ အများကြီးလိုနေပါသေးတယ်။
အခါအခွင့်သင့်ရင် တော့ ကျွန်မ ရအောင်လုပ်ပါ့မယ်
ကျွန်မအဖေ ပြောဖူးတာတစ်ခုရှိပါတယ်။
လူတွေကို ကာကွယ်ချင်ရင် ကိုယ်တိုင်က ကာကွယ်နိုင်တဲ့ ခွန်အားမျိုးရအောင်လုပ်တဲ့
ဟုတ်တယ်။
အဲခွန်အားမျိုးရအောင် ကျွန်မအများကြီး ကြိုးစား ရပါဦးမည်။

May Mon
7/2/2017

No comments:

Post a Comment