Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 4, 2017

ခြင်္သေ့နဲ့ နွားများ

''ခြသေ့င်္နဲ့နွားများ''
သူတို့က တော်လွန်းတာမဟုတ်ဘူး
ကျွန်တော်တို့က ညံ့လွန်းတာ။
သူတို့က ဓားပြတွေလို ညီညွတ်တယ်
ကျွန်တော်တို့က လူကောင်းတွေလို့ပြောပြီး မညီညွတ်ဘူး။
သူတို့က ပြတ်ပြတ်သားသားဆိုးတယ်
ကျွန်တော်တို့က ပြတ်ပြတ်သားသားမကောင်းဘူး။
သူတို့က တံတွေးနဲ့ထွေးပြီး နားရင်းရိုက်တယ်
ကျွန်တော်တို့က သီချင်း စာ ကဗျာတွေ ပြေးပြေးရေး ငိုတယ်။
သူတို့က ပင်ပင်ပန်းပန်း နန်းတော်ကြီးတွေ တည်တယ်
ကျွန်တော်တို့က သက်သက်သာသာနဲ့ ဖြို ချချင်နေတယ်။
သူတို့က သမိုင်းဝင် ရာဇဝင်လူဆိုး
ကျွန်တော်တို့က စိတ်ကူးယဉ်သူရဲကောင်း။
သူတို့ ပြည်သူ့မေတ္တာနဲ့ လက်ခုပ်သံကို စွန့်ပစ်နိုင်တယ်
ကျွန်တော်တို့ ပြည်သူ့မေတ္တာနဲ့ လက်ခုပ်သံ ငတ်ကောင်းတုန်း။
ခြသေ့င်္က အသားစားဖို့ ဆုံးဖြတ်ထားပြီးပြီ
နွားတွေက ညီညွတ်ဖို့ မဆုံးဖြတ်ရသေးဘူး ဒါပါပဲ။ ။
ရွှေဂျော်ဂျော်


No comments:

Post a Comment