Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 23, 2017

ဦးကိုနီလုပ်ကြံမှု သံသယတရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့ သတင်း ထွက်ပေါ်

ဦးဇေယျာဖြိုး သင်္ကန်းဝတ်ခဲ့တဲ့ ရန်ကုန်မြို့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရပုံ (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
ရန်ကုန် (Myanmar Now) - ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဇေယျာဖြိုး ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံရကြောင်း သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့မှာ မိန့်ပါတယ်။

လဆန်း ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဦးဇေယျာဖြိုးဟာ ၃ ရက်နေ့ မနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ”

သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက် တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ ဦးဇေယျာဖြိုးဟာ တပ်မတော်ကနေ နှုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ ဦးဇေယျာဖြိုး တစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။

“သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

“သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး”

ဦးဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်၊ တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။

“အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲ့ဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပက်သက်သလား၊ မပက်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ဇန်နဝါရီလကုန်းပိုင်း ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။

ဦးဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8, မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်၊ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထားပါတယ်။

ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ။

ထက်ခေါင်လင်း - Myanmar Now
https://www.facebook.com/myanmarnownews

ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး

ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး



ဦးကိုနီလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သည်ဟု သတင်းထွက်နေသူ ဗဟိုထောက်လှမ်းရေးတပ်နည်းပြဟောင်း ဇေယျာဖြိုးကိုရဟန်းဝတ်ဖြင့်ရှိနေစဉ်သက်ဆိုင်ရာကဖေဖေါ်ဝါရီလ၃ရက်နေ့ကလုပ်ထုံးလုပ်နည်းနှင့်အညီဖမ်းဆီးသွားကြောင်း The Speaker ဂျာနယ်ကဖေါ်ပြလိုက်သည်။

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံရာတွင်ပါဝင်သူဟုစွပ်စွဲခံထားရသည့် ဇေယျာဖြိုးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် တွင်ရဟန်းဝတ်ဖြင့်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြောင်း၊သာသနာ့ဘောင်ဝင်ရောက်အပြီး ၂ ရက်အကြာတွင် သက်ဆို်င်ရာတာဝန်ရှိသူများက ရဟန်းဝတ်နေသည့် ဇေယျာဖြိုးကို သိက္ခာချ လူထွက်စေကာ ဖမ်းဆီးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်၏ စကားကို ကိုးကားကာ အထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

“၁ရက်နေ့မှာ စတက်တယ်။၃ရက်တောင်အပြည့်မရဘူးလို့ပြောပါတယ်။အဲ့လိုကိစ္စတွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီးခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲကြားတာပဲ”ဟု ကျောက်ကုန်းကြီးကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်က ပြောကြောင်း The Speaker ဂျာနယ်ကဖေါ်ပြသည်။

ဇေယျာဖြိုးဆိုသူကိုဦးကိုနီအားလုပ်ကြံမှုဖြင့်ဖမ်းဆီးကြောင်းကိုနိုင်ငံတော်အဆင့်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဇေယျာဖြိုးနေထိုင်သည့် အမှတ်  D ၈ မင်္ဂလာလမ်း တာမွေလေးရပ်ကွက် အိမ်တွင်သော့ပိတ်ထားကြောင်းနှင့်ဇေယျာဖြိုးအားစရဖမှခေါ်ဆောင်သွားကြောင်းတာမွေရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားထားကြောင်းအထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြောင်း Myanmar Now သတင်းဌာနက ရေးသားဖေါ်ပြထားသည်။

ဇေယျာဖြိုးဆိုသူသည်စစ်တက္ကသိုလ်အပတ်စဉ်၃၆ဆင်းတစ်ဦးဖြစ်ပြီးဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်)တွင် သင်တန်းနည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။

ဦးကိုနီအားလုပ်ကြံမှုဖြင့် စစ်မေးခံနေရသူ ဇေယျာဖြိုးအား အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အသင်း ၂ နှစ်ပြည့်အခမ်းအနား အထူးသီးသန့်နေရာတွင် သီတဂူဆရာတော်၊ မဘသ ဥက္ကဌဆရာတော် တို့နှင့်တွေ့ရပုံကိုလည်း ဖဘသုံးစွဲသူအချို့က ဖြန့်ဝေလျှက်ရှိသည်။

ဟိန်းအောင်
Myanmar Muslim Media
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၇ 


တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း 

No comments:

Post a Comment