Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 4, 2017

လူ့ခွင့်ရေးချိုးဖေါက်မှု အရေးယူဖို့ အချက်အလက်ပေးရန် ကုလကို ဒေါ်အောင်ဆန်းစုကြည် ပြောဆို

( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် )Photo: RFA
ရခိုင်ပြည်နယ်မောင်းတောဒေသမှာ မြန်မာလုံခြုံရေးတပ်တွေက လူအခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက စွပ်စွဲချက်တွေအပေါ်မှာ အထောက်အထားခိုင်လုံရင် စုံစမ်းစစ်ဆေး အရေးယူမူတွေပြုလုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကသောကြာနေ့က ပြောဆိုတယ်လို့ ရိုက်တာသတင်းတရပ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး အရာရှိတွေကို ကိုးကားပြီး ရေးသားထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေးရုံးက မောင်းတောဒေသမှာ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသလို အမျိုးသမီးတွေလည်း အုတ်စုလိုက် အဓမ္မပြုကျင့်ခံရတာတွေရှိတယ်ဆိုတဲ့ အစီရင်ခံစာတဆောင်ကို ပြုစုခဲ့ပြီး
လွန်ခဲ့တဲ့နာရီပိုင်းက လူ့အခွင့်အရေးကော်မရှင်နာ Zeid Ra’ad al–Hussein ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဆိုခဲ့ပါတယ်။

သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကိုဖြစ်နိုင်တဲ့ နည်းနဲ့ ချက်ခြင်းရပ်ပေးဘို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း စုံစမ်းစစ်ဆေး မူတွေပြုလုပ်သွားမှာဖြစ်ပြီး အဲဒီလို အရေးယူဖို့အတွက်သူ့အနေနဲ့ သတင်းအချက်အလက်တွေ ရရှိဖို့လိုကြောင်း ပြောတယ်လို့ ဆိုပါတယ်။

 အလားတူ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဦးဇော်ဌေးကလည်း အထူးစိုးရိမ်မိတယ်လို့ပြောဆိုပြီး ဖွဲ့စည်းထားတဲ့ ဒုတိယသမတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာ ဒေသတွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကာလ ၄လအတွင်းလူပေါင်းရာနဲ့ ချီပြီးအသတ်ခံရဘွယ်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ လူပေါင်း၂၀၀ ကျော်ကို မေးမြန်းခဲ့ရာမှာ ၄၇%ထဲက မိသားစုဝင်တွေ အသတ်ခံခဲ့ရတယ်လို့ပြောဆိုပြီး ၄၃%ရဲ့မိသားစုဝင်တွေ အဓမ္မပြုကျင့်ခံရတယ်လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။

 လူ့အခွင့်ရေးကော်မရှင်က ဒီကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုစေလွှတ်ဖို့ သင့်တယ်လို့လည်းပြောဆိုခဲ့သလို တချို့လိုအပ်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာ တရားရုံးကို တာဝန်ပေးအပ်ဖို့သင့်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment