Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 31, 2017

လူအစစ် porn star များနေရာမှာ ပုံရိပ်ယောင်ဇာတ်ကောင်များနဲ့ အစားထိုးနိုင်တော့မည်

အလိုအလျောက်လုပ်ဆောင်နိုင်မှုနည်းပညာဟာ ထောင်ပေါင်းများစွာသော အလုပ်အကိုင်နေရာများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာသလို ခန္ဓာကိုယ်နဲ့ ရင်းပြီး အသက်မွေးကြတဲ့ porn stars များအတွက်ပါ ပြဿနာရှိလာပါတယ်။ ကျွမ်းကျင်သူပညာရှင်များအဆိုအရ သိပ်မကြာတော့တဲ့ အနာဂါတ်မှာ လူသား porn star များနေရာမှာ ကွန်ပျူတာပုံရိပ်ယောင်နည်းပညာ ဇာတ်ကောင်များနဲ့ အစားထိုး ဖျော်ဖြေပေးသွားဖို့ ရှိတယ်လို့ ခန့် မှန်းနေကြပါတယ်။
play

လူသားစစ်စစ်များနေရာမှာ ပုံရိပ်ယောင်များနဲ့ အစားထိုးသွားမယ့် ဒီနည်းပညာကြောင့် porn ကားရိုက်သူများအနေနဲ့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဇာတ်ကားများ ထုတ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ နောက်များမှာ porn ကားတစ်ကားဖြစ်ဖို့ အတွက် ဒီဇိုင်နာများ ၊ မီးအလင်းအမှောင် အင်ဂျင်နီယာများ ၊ အသံနည်းပညာရှင်များနဲ့  သရုပ်ဆောင်တွေတောင်မှ လိုမှာ မဟုတ်တော့ပါဘူး။ ဒီလိုတကယ့် ဇာတ်ကောင်များအစား ရုပ်ရှင်လုပ်ငန်းများဟာ ပရိုဂရမ်ရေးထားတဲ့ နည်းပညာနှင့် ဒစ်ဂျစ်တယ်ပုံရိပ်ဖော်ခြင်းပေါ်ပဲ ဦးတည်အားထားသွားတော့မှာ ဖြစ်ပါတယ်။
"ဒီကမ္ဘာကြီးမှာ လိင်ပိုင်းဆိုင်ရာဇာတ်လမ်း ဇာတ်ကွက်တွေ ရိုက်ဖို့  လူသုံးစရာမလိုတော့ပါဘူး။" လို့ အနာဂါတ်ဆန်းစစ်မှု ပညာရှင် ဒေါက်တာ အီရန်ပီယာဆင်က ဆိုပါတယ်။ ဒေါက်တာပီယာဆင်ဟာ Bondara ရုပ်သံကုမ္ပဏီမှ အရွယ်ရောက်ပြီးသားတို့ အတွက် လိင်မှုဆိုင်ရာအနာဂါတ်စစ်တမ်းကို ရေးသားခဲ့သူ ဖြစ်ပါတယ်။"ရုပ်ရှင်စတူဒီယိုတစ်ခုမှာ porn မင်းသား မင်းသမီးငှားမယ်ဆိုရင် ဒေါ်လာထောင်ပေါင်းများစွာ ပေးပြီးမှ ငှားလို့ ရပါတယ်။ ဆော့ဖ်ဝဲလ်သုံးမယ်ဆိုရင် အကုန်အကျအများကြီး သက်သာသွားမှာပါ။ Brothels လို porn studio မျိုးမှာ လူသားတွေကို ဇာတ်ကောင်ပြုပြီး သုံးနေတုန်းဖြစ်ပါတယ်။ ဒီလိုသုံးတော့ ဆက်တင်ပိုင်းအရပြောရရင် ခံစားချက်နှိုးဆွတဲ့အပိုင်းတွေ ရှိတာပေါ့ဗျာ ။ ဒါပေမယ့်လည်း လူသား porn star တွေကို နောက်ဆို ကျွန်တော်တို့ မလိုတော့ပါဘူး။ "လို့ လည်း ပြောပါတယ်။

CamSoda နဲ့ Holodexx လိုမျိုး အရွယ်ရောက်ပြီးသူများအတွက် sites တွေမှာဆိုရင် pornographic holograms လို့ ခေါ်တဲ့ အဝတ်ဗလာနဲ့ ဖျော်ဖြေပေးမယ့် အမျိုးသမီးတို့ ရဲ့ 3D ရုပ်ကြွနည်းပညာကို စတင်သုံးစွဲလာပါတယ်။ အရွယ်ရောက်ပြီးသူများအတွက် ထုတ်ထားတဲ့ webcam platform တစ်ခုဖြစ်တဲ့ Camsoda ဟာ အိမ်ခန်းထဲမှာ တကယ့်လူအစစ် လှုပ်ရှားနေတဲ့ 3D ပုံဖော်မှုမော်ဒယ်ပေးနိုင်တဲ့ Holo-Cam လို့ ခေါ်တဲ့ နည်းပညာသစ်တစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ထူးခြားတာတစ်ခုက CamSoda ဟာ VR နားကြပ်တွေတင်မဟုတ်ဘဲ ရနံ့ ခံနိုင်စွမ်းစနစ်တွေကိုပါထည့်သုံးလာတာ ဖြစ်ပါတယ်။
စမတ်ဖုန်းအက်ပ်နဲ့ အာရုံခံမျက်နှာဖုံးကို တွဲသုံးနိုင်ပြီး bluetooth ကနေ တစ်ဆင့် ကိုယ်နှစ်သက်တဲ့ အနံ့ တွေပါထည့်သုံးနိုင်သလို အလင်းအမှောင်နဲ့  အလေးအပေါ့ ကိုပါ ချိန်ညှိနိုင်ပါတယ်။ အာရုံခံ မျက်နှာဖုံး mask တစ်ခုကို ၆၉.၉၉ ဒေါ်လာကျသင့်ပြီး အနံ့ ဆေးရည်တောင့်တစ်ဘူးလျှင် ၅.၉၉ ဒေါ်လာကနေ ၉.၉၉ ဒေါ်လာ အထိ ကျသင့်ပါတယ်။
play

ကွန်ပျူတာပုံရိပ်စနစ်တစ်ခုဖြစ်တဲ့ VR လိုမျိုး နည်းပညာတွေကို ဗွီဒီယိုဂိမ်းတွေမှာ တွေ့ လာရပြီးနောက် တစ်ခြား ရုပ်သံနဲ့ ဖျော်ဖြေရေးအပိုင်းတွေမှာပါ သုံးဖို့ စိတ်ဝင်စားလာကြတာပါ။ တကယ်လို့ သာ ဒီနည်းပညာတွေ ရုပ်သံနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ သုံးလာမယ်ဆိုရင် porn မင်းသားမင်းသမီးများ တင်မဟုတ်ဘဲ တကယ့် ရုပ်ရှင်ဇာတ်ကောင်မင်းသား မင်းသမီးတွေပါ ခေတ်ကုန်သွားဖို့ ရှိနေပါတယ်။
Source: Mirror 

No comments:

Post a Comment