Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 31, 2017

ဦးကိုနီရဲ့မိသားစုကို သွားရောက်အားပေးခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံ

 လူမင်းတို့ဇနီးမောင်နှံဘေးမှာ ဦးကိုနီရဲ့မိခင်ကို မြင်တွေ့ရပါတယ်။

မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဋ္ဌနဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ သူ့ရဲ့ဇနီး မခင်စပယ်ဦးတို့ဟာ ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရပြီးသေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေး ဦးကိုနီရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုကို သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။


ဦးကိုနီက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အပြန် ရန်ကုန်လေဆိပ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ လုပ်ကြံခံရစဉ်က ဦးကိုနီ ချီပွေ့ထားခဲ့တဲ့ ကလေးလေးကို လူမင်းက ပေါင်ပေါ်တင် ပွေ့ဖက်ထားတာကို မြင်တွေ့ရပါတယ်။

ယင်းဖြစ်ရပ်ကြောင့် မြန်မာပြည်သူများကြားမှာ အံ့သြတုန်လှုပ် စိတ်မကောင်းချင်းများစွာ ဖြစ်ပေါ်စေခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဦးကိုနီရဲ့ ဈာပနကိုလည်း လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။


ဒါ့အပြင် ဦးကိုနီအား သေနတ်နဲ့ ပစ်ခဲ့တဲ့တရားခံကို လိုက်လံဖမ်းဆီးရင်း သေဆုံးသွားခဲ့ရတဲ့ တက္ကစီသမား ကိုနေဝင်းရဲ့မိသားစုကိုလည်း အနုပညာရှင်များက ဇန်န​​၀ါရီလ ၃၀ ရက်နေ့မှာ ငွေကျပ် ၁,၆၃၀,၀၀၀ (တစ်ဆယ့်ခြောက်သိန်းသုံးသောင်း) သွားရောက်လှူဒါန်းခဲ့ပါတယ်။
ဓူဝံ
Source & Photos : Myanmar Celebrities, , 7Day Daily, ယုန်လေးဖေ့စ်ဘွတ်

No comments:

Post a Comment