Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 25, 2017

အုပ်စုလိုက်အဓမ္မကျင့်နေချိန်တွင် Live ထုတ်လွှင့်သည့် အမျိုးသားများ အဖမ်းခံရ


11.19
ဆွီဒင်ရဲတပ်ဖွဲ့က တိုက်ခန်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။


အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ဝိုင်းမုဒိန်းကျင့်ခဲ့တဲ့ ဖြစ်ရပ်ကို ဖေ့စ်ဘွတ်မှာ တိုက်ရိုက် Live ထုတ်လွှင့်ခဲ့တယ်လို့ သံသယရှိသူ သုံးဦးကို ဆွီဒင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဆွီဒင်နိုင်ငံ မြို့တော် စတော့လ်ဟုမ်းအရပ်နဲ့ မိုင် ၅၀ အကွာက အက်ပ်ဆာလာ မြို့မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အက်ပ်ဆာလာမြို့အတွင်း တိုက်ခန်းတစ်ခုအတွင်းမှာ အမျိုးသားသုံးဦးက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်နေတဲ့ ဖြစ်ရပ်အတွက် နယ်မြေရဲစခန်းကို ပြည်သူအချို့က အကြောင်းကြားလာခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖေ့စ်ဘွတ်မှာ Live လွှင့်နေတဲ့ တည်နေရာကို သိရှိပြီးနောက် ဝင်ရောက်စီးနင်းခဲ့ရာကတဆင့် အဲဒီနေရာမှာပဲ ပါဝင်သူအမျိုးသားသုံးဦးလုံးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာလည်း အဲဒီအချိန်တုန်းက မူးယစ်ဆေးယစ်မူးနေခဲ့ကြောင်း ရဲတပ်ဖွဲ့က  အတည်ပြုပေးထားပါတယ်။ " အဓမ္မကျင့်ခံရနေတြဲ့ ဖြစ်ရပ်ဟာ facebook group တစ်ခုပေါ်မှာ live ထုတ်လွှင့်ခဲ့ပြီး ဒီဖြစ်ရပ်အတွက် လူအများက အကြောင်းကြားလာခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး ဘယ်လိုကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားတွေဟာ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အတွင်း ရှိသူတွေဖြစ်ပြီး အဓမ္မအကျင့်ခံရတဲ့ အမျိုးသမီးကတော့ အသက် ၃၁ နှစ်ရှိပြီလို့သိရပါတယ်။ live ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံကိုတော့ ဖေ့စ်ဘွတ်က ပြန်လည်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းအသုံးပြုသူအားလုံးကို ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ အရာတွေ တိုက်ရိုက်ထုတ်လွှင့်နိုင်အောင်ဖန်တီးပေးထားတာဖြစ်ပါတယ်။
ှSource : Euronews
ဓူဝံ

No comments:

Post a Comment