Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 9, 2017

တမန်တော်နေ့အခမ်းအနားမှာ မျိုးချစ်အဖွဲ့တက်ရောက်ခွင့်ပေးပြီး ကျင်းပ

အစ္စလာမ်ဘာသာဝင်တွေ ကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို မျိုးချစ်အဖွဲ့တက်ရောက်ခွင့်ရဖို့ တောင်းဆိုနေစဉ်။ Photo: Kaung Htet Kyaw, Thant Zin Oo/ RFA
အစ္စလာမ်ဘာသာဝင်တွေ ကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်ရဟန်း သံဃာတော်တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က တက်ရောက်ခွင့် တောင်းဆိုရာမှာ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပြီးနောက် သဘော တူညီမှုနဲ့ အခမ်းအနားကို ညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

မူလက အခမ်းအနားကို ၄ နာရီလောက်အကြာ ကျင်းပဖို့ပြင်ဆင်ခဲ့ပေမယ့် တကယ်ကျင်းပတဲ့ အခါ နာရီဝက်ကြာသာ ကျင်းပခဲ့ပါတယ်။

အထင်မြင်လွဲမှားမှုတွေ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ အခမ်းအနားမှာ တက်ရောက်ဟောပြော ဖို့ ရောက်ရှိနေတဲ့ ဟာဂျီ ဦးအေးလွင် က ပြောပါတယ်။

အရင်က ကျင်းပခဲ့တဲ့ တမာန်တော်နေ့ ဓမ္မသဘင်အခမ်းအနားတွေမှာ အခမ်းအနားနဲ့ မကိုက်ညီတဲ့ အကြောင်းအရာတွေကိုဟောပြောလေ့ရှိတာကြောင့် တက်ရောက်နားထောင်ခွင့်ရရှိဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တ က ပြောပါတယ်။

ရန်ကုန်မြို့မှာ အဲဒီတမာန်တော်နေ့ ဓမ္မသဘင်အခမ်းအနားကို အစိုးရခွင့်ပြုချက်နဲ့ ပြုလုပ်လာတာဟာ ဒီနှစ်ဆိုရင် ၈နှစ် ရှိပြီဖြစ်ပါတယ်။ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ရဲတပ်မှူး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment