Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 21, 2017

အမျိုးသားတစ်ဦးကိုဓားထောက်ပြီး အဓမ္မကျင့်ခဲ့သည့်မိန်းကလေး ထောင်ဒဏ်ကျဖို့ရှိနေ


By netsetaw -


မီချီဂန်ပြည်နယ်သူတစ်ယောက်ဖြစ်တဲ့ Lestina Marie Smith အမည်ရ အသက် 17 နှစ်အရွယ် ကောင်မလေးဟာ အသက် 19 နှစ်ရွယ် အမျိုးသားတစ်ဦးကို ဓားထောက်ပြီး အဓမ္မကျင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ သူမကို ဖမ်းဆီးစစ်ဆေးခံခဲ့ပြီး Marie ဟာ ဓားနဲ့ထောက်ပြီး ချစ်တင်းနှောဖို့ ခြိမ်းခြောက်ခဲ့တာလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ Saginaw မြို့နယ်မှာ ဇန်န၀ါရီလ 11 ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ Marie ရဲ့ ပြစ်မှုကို တရားရုံးက ရာဇ၀တ်ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ အမှုနှစ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။  အဓမ္မပြုကျင့်ခံရတဲ့ အသက် 19 နှစ်အရွယ် အမျိုးသားရဲ့အမည်ကို ဥပဒေအရ ဖော်ပြခြင်းမပြုဖို့ တားမြစ်ထားပါတယ်။


Marie ကာယကံရှင်အမျိုးသားကို အလွန်ညစ်ညမ်းသော ချစ်တင်းနှောနည်းများ ပြုလုပ်ပေးဖို့ ပက်ပက်စက်စက် ခြိမ်း
ခြောက်ခဲ့တယ်လို့ တရားလိုအမျိုးသားက ထွက်ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပြစ်မှုကျူးလွန်တဲ့ တရားခံ Marie ကို Saginaw County တရားရုံးအချုပ်မှာ အာမခံမဲ့ ချုပ်နှောင်ထားပါတယ်။


Marie ဟာ ပြစ်မှုထင်ရှားပါ ထောင်ဒဏ်တစ်သက် ချမှတ်ခံရဖို့ ရှိနေပါတယ်။ လာမယ့် ဖေဖော်ဝါရီ 3 ရက်နေ့မှာ သူမကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှာပါ။ တရားခံရဲ့ မိခင်နဲ့ သူငယ်ချင်းတွေက သတင်းမီဒီယာတွေဟာ အသက်မပြည့်သေးသူရဲ့ ဓာတ်ပုံကို ဖုံးအုပ်ခြင်း မပြုပဲ သုံးစွဲတယ်လို့ စွပ်စွဲခဲ့ပေမယ့် အမေရိကန် ဥပဒေအရ ပြစ်မှုကြီး ကျူးလွန်သူတွေကို အသက်အရွယ် ကန့်သတ်မထားပဲ ဓာတ်ပုံဖော်ပြခွင့် ပြုထားပါတယ်။

Marie ရဲ့ Facebook မှာလည်း သူမကို ထောက်ခံအားပေးကြတဲ့ သူငယ်ချင်းတွေ ရှိနေတယ်လို့ သိရပြီး၊ စာနာထောက်ထားကြောင်း စာများ၊ ဆုတောင်းစာများ အသီးသီးပို့ပေးနေကြတယ်လို့လည်း သိရပါတယ်။

မဒီလေး (Shwemom)

source : mirro.co.uk
 
















No comments:

Post a Comment