Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 20, 2017

အမြန်လမ်းပေါ်မှာ ဘုရားဖူးကား မီးလောင်ကာ လူ ၈ ဦးသေဆုံး


ဇန်န၀ါရီ၊ ၂၁၊ ရန်ကုန် – သည်ကနေ့ မနက်ပိုင်းက အမြန်လမ်းမပေါ်မှာ လူ ၉ ဦးလိုက်ပါလာတဲ့ ဘုရားဖူးခရီးသည်တင်ကား ဘီးပေါက်ရာကနေတဆင့်ယာဉ်တိုက်မှုဖြစ်ကာ မီးလောင်ပြီး လူ ၈ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ နေပြည်တော်ကနေ ရန်ကုန်ကိုအသွား အမှတ် ၃ လမ်းဆုံ၊ ၄ မိုင် ၂ ဖာလုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


” ဘီးပေါက်ပြီးတော့ လမ်းလယ်ကျွန်းကိုဝင်တိုက်သွားတာပါ။ လမ်းလယ်ကျွန်းကို ၀င်တိုက်ရင်း မီးပါလောင်သွားတာပါ။ ပိုင်ရှင်တွေ ဘယ်သူလည်း ဆိုတာတွေ၊ ယာဉ်ပေါ်မှာပါလာတဲ့ လူတွေကို စုံစမ်းနေတုန်းပါ။ ရုပ်အလောင်းတွေက မီးလောင်သွားတော့ အတည်ပြုလို့ မရသေးပါဘူး။” အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မှူးရုံး(ဌာနချုပ်)မှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှာ အသေးစိတ်အခြေအနေတွေကို စုံစမ်းနေရဆဲဖြစ်တယ်လို့  တာဝန်ကျရဲအရာရှိတစ်ဦးက ဆိုပါတယ်။ မီးလောင်သွားတဲ့ သေဆုံးသွားတဲ့ ရှစ်ဦးမှာကျားဘယ်နှစ်ဦး မဘယ်နှစ်ဦးဖြစ်တယ်ဆိုတာ မသိရသေးဘဲလိုက်ပါလာတဲ့ အမျိုးသား တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်သိရပါတယ်။ လောလောဆယ်မှာတော့ အဆိုပါအမျိုးသားကို လှည်းကူးမြို့နယ်ဆေးရုံကို ပို့ ဆောင်ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
Kumudra
Author – Chan Thar

Photo – Kyaw Thu Shein

No comments:

Post a Comment