Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 4, 2017

အပျိုစင် မိန်းကလေးတွေကို သမီးကညာဆက်တဲ့ဓလေ့ အဆုံးသတ်ဖို့


(အာဖဂန်နစ္စတန်နိုင်ငံမှာ Baad လို့ ခေါ် တဲ့ ဓလေ့တစ်ခုရှိတယ်။ ပြိုင်ဘက် ရန်ဘက်ဖြစ်တဲ့ မျိုးနွယ်စုတစ်ခုနဲ့ တစ်ခု ရန်မီးဆက်လက်မပွားရအောင် သမီးကညာပေးရတာ ဖြစ်တယ်။

ဆယ်ကျော်သက်၊ ဒါမှမဟုတ် ဒါထက် ငယ်ရွယ်တဲ့ သမီးကညာခမျာ ပေးအပ်ခံရတဲ့ မိသားစုက အသက် ၅၀-၆၀  အရွယ် သက်ကျားအိုကို လင်အဖြစ် ပေါင်းသင်းရရုံမက အဲသည် မိသားတစ်စုလုံးရဲ့အစေခံကျွန်ပမာအလုပ်အကျွေး ပြုရ ပါတယ်။

အထူးသဖြင့်  ပကတ်ရှတန်နဲ့ အခြား မျိုးနွယ်စုတွေက သမီးကညာ ပေးတဲ့ ဓလေ့ကို  ကျင့်သုံးနေကြတယ်။

ခေတ်မီတဲ့ အမြင်ရှိသူ အာဖဂန်နစ္စတန် လူငယ်တွေက သမီးကညာပေးတဲ့ ဓလေ့ဆိုး ရပ်တန့် ပျောက်ကွယ်သွားအောင် ဆန့်ကျင်လုပ်ဆောင်နေကြတယ်။

ယခု အပတ်မှာတော့ သည် အ ကြောင်းကို တင်ပြချင်ပါတယ်။)

*

သမီးကညာဆက်တာက လူကို အ သေသတ်လိုက်တာမျိုးပါပဲ။ ပြိုင်ဘက်မျိုးနွယ်စုဝင်တစ်ယောက် အသတ်ခံလိုက်ရ ပြီးနောက်မှာ သည်ဓလေ့ ကျင့်သုံးတယ်။

မျိုးနွယ်စုတွေဟာ တစ်ခါတစ်ရံ မြေအတွက်၊ ရေအတွက် အသေအကျေ တိုက်ခိုက်ကြလေ့ရှိတယ်။

မျိုးနွယ်စုအကြီးအကဲ၊ ဒါမှမဟုတ် အုပ်ချုပ်ရေး ကောင်စီတွေက ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်၊ သွေးထွက်သံယို  သတ်ဖြတ်မှုတွေ ဆက်လက် ဖြစ်ပွားမလာအောင်၊ ပြေလည်မှုရအောင် ဆောင်ရွက်ပေးတယ်။ ပြဿနာ တစ်ခုဖြစ်ရင် အကြီးအကဲတွေက ကျူးလွန်သူရဲ့  မိသားစု ထဲက မိန်းမငယ်တစ်ယောက်ကို ရွေးချယ်ပြီး အ ကျူးလွန်ခံရသူဘက်ကို မယားပြုဖို့ ပေးအပ်စေတယ်။  အာဖဂန်နစ္စတန်မှာ ဒါကို  Baad လို့ ခေါ်တယ်။
သီအိုရီအရကတော့ မိသားစုနှစ်ခု တစ်ဖက်နဲ့ တစ်ဖက် ဝရုန်းသုန်းကား  ပဋိပက္ခတွေ ဆက်မဖြစ်ကြရအောင် သဘောတူညီချက် လုပ်တာ ဖြစ်တယ်။ ဒါပေမဲ့  လက်တွေ့မှာတော့ မိန်းမပျိုလေးတွေကို လျော်ကြေးလို သဘောထားပြီး အပေး အယူလုပ်ကြတာ ဖြစ်တယ်။

အရိုင်းအစိုင်း  အလေ့အထကို ဆန့် ကျင်ရမယ့် အချိန်လို့ ကန်ဝါလီ  အက်ဒီက ပြောတယ်။

အက်ဒီက အသက် ၂၈ နှစ်ရှိပြီ။ သူက ကဘူးမြို့တော်မှာ ရှိတယ်။ သူ့ပတ်ဝန်းကျင်မှာ လှုပ်ရှားတက်ကြွတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ဝန်းရံနေတယ်။

ဆေးရောင်စုံ တဲလေးတွေက အမျိုးသမီးရုပ်ပုံတွေ၊  ကြွေးကြော်သံဆောင်ပုဒ်တွေ ၊ စာတန်းတွေ ရေးထိုးထားတဲ့ အလံတံခွန်တွေ ဆင်ယင်ထားတယ်။

တစ်ခုကို ဖတ်ကြည့်လိုက်ရင်တော့ ‘အမျိုးသမီးတွေဟာ ကျွန်တော်တို့ အတွက် ကိုယ်လုပ်တော်တွေ မဟုတ်ပါ”တဲ့ ။ နောက်တစ်ခုဖတ်ကြည့်လိုက်တော့ “အာဖဂန် အမျိုးသမီးတွေအပေါ်မှာ လူမဆန်စွာ ပြုကျင့်တာ အခုပဲ ရပ်ပါ”တဲ့။

“ကညာဆက်ရတဲ့ ကိစ္စဟာ မှား တယ်၊ တရားမမျှတဘူးလို့ ကျွန်တော်  သိပါတယ်”ဆိုပြီး ကန်ဝါလီအက်ဒီက ပြော တယ်။

“လွန်ခဲ့တဲ့ ၁၈  လက ဒါကို ဆန့်ကျင်ဖို့  ကျွန်တော် ငါးရက်ကြာ အစာငတ်ခံ ဆန္ဒ ပြတယ်”လို့ သူက ဆက်ပြောတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အခြား မျိုးနွယ်စုကို တိုက်ခိုက်တာ ရပ်တန့်ပေးဖို့  ကျွန်တော်တို့ မိသားစုကို ကညာဆက်တဲ့ အနေနဲ့ ကောင်မလေး တစ်ယောက်ရ တယ်၊ ကလေးမလေးက နှစ်နှစ်သမီးပဲရှိသေးတယ်၊ ဒါကိုတွေ့တော့ ကျွန်တော် တကယ်ပဲ တုန်လှုပ် ချောက်ချား ရပါတယ်၊  ဒါပေမဲ့ ကျွန်တော့်   ဆန့်ကျင် ကန့်ကွက်မှု ကို ဘယ်မိသားစုဝင်ကမှ မထောက်ခံဘူး၊ ထောက်ခံအားပေးမှု မရှိဘူး၊ ဒါကြောင့် ကျွန်တော်အိမ်ကထွက်ခဲ့တယ်”
သမီးကညာ ဆက်ရတဲ့ ကိစ္စရဲ့ ရက် စက်ကြမ်းကြုတ်မှုကို သူစတင်မြင်ရချိန်  ကစပြီး ဆန့်ကျင်ကန့်ကွက်တာ စတင်တယ်လို့ အက်ဒီက ပြောတယ်။

သူက ပါ့တီယာ ပြည်နယ်က ဖြစ်တယ်။ သူ့မှာနှမနှစ်ယောက်ရှိတဲ့ထဲက ၁၂ နှစ်အရွယ် နှမငယ်တစ်ယောက်ကို သဘောထားကွဲလွဲကြတာ ဖြေရှင်းကြတဲ့ အနေနဲ့  အဝေးတစ်နေရာကို ပေးပစ်လိုက် တယ်။  သူတို့မိသားစုကလည်း  သည်လို ပုံနဲ့ မိန်းကလေးတစ်ယောက်ကို လက်ခံခဲ့ ရတယ်။

“ကျွန်တော်တို့ မိသားစုမှာ ဖြစ်ပျက်ခဲ့ တာတွေက သမီးကညာဆက်ရတဲ့ ဓလေ့ကို ကျွန်တော်ဆန့်ကျင်ဖို့ တွန်းအားဖြစ်လာတယ်˘လို့ အက်ဒီက ပြောတယ်။

“ဒီလို စဖြစ်တာ လွန်ခဲ့တဲ့ ခြောက်နှစ်ကပါ၊ ကျွန်တော် မိသားစုကို မတွေ့ရတာ ငါးနှစ်ရှိပြီ”

အက်ဒီ ဆက်ပြောတာက “ကျွန်တော် အိမ်ရိပ်တောင် မနင်းဘူး၊ ဘာကြောင့်လဲ မေးရင် ကျွန်တော့် အစ်ကိုတွေက အင်မတန်ပါဝါထက်တဲ့ စစ်နယ်ရှင်ပယ်ရှင် ကြီးတွေလေ၊ သေနတ်တွေလဲ ကိုင်ထား တယ်၊

“…. သူတို့က ကျွန်တော့်ကို ခြိမ်း ခြောက်တယ်၊ သူတို့က ကျွန်တော့်ကို ပြောတယ်၊ ဆန့်ကျင်ကန့်ကွက်နေတာတွေ ရပ်၊ ဒါကို က မိသားစုအတွက် ရှက်စရာပါ”

အက်ဒီကဘူးမြို့တော်ကိုရောက်လာ ကတည်းက သူ့လှုပ်ရှားမှုကို ထောက်ခံ တဲ့ တက်ကြွစည်းရုံးလှုပ်ရှားသူတွေရဲ့ အားပေးကူညီမှုကိုရတယ်။  တက်ကြွလှုပ် ရှားသူ နာ့စ်ရူးလက်ရှ်ဆာဖာဟာ လ အ နည်းငယ် ကတည်းက သူနဲ့ အတူ အနီး ကပ် လုပ်ကိုင်အားပေးသူ ဖြစ်တယ်။

“ပါ့တီယာမှာ မစ္စတာအက်ဒီရဲ့တဲကို ပုလိပ်က ဖယ်ရှားခံလိုက်ရတော့ သူ ကဘူး ကို လာဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်တော် တို့က သူ့ကို အထောက်အပံ့ပေးတယ်၊ တဲ တစ်လုံး ထိုးပေးတယ်၊ ဒါကြောင့် သူ့ဆန့် ကျင်လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်နိုင်သလို အခုအထိ သူဒီမှာ ရှိနေတာ ဖြစ် ပါတယ်၊

“ကျွန်တော်တို့   သူ့ကို အပြည့်အဝ ထောက်ခံကြတယ်၊ သူက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ဖို့ အတွက် ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်နေတာ” လို့ ဆာဖာက ပြောတယ်။
အကြမ်းဖက်မှုတွေထဲမှာ သံသရာ လည်နေတဲ့ ဒေသကို ပြောင်းလဲဖို့ သူက အကြမ်းမဖက်တဲ့ ဆန့်ကျင်ကန့်ကွက်နည်းကို စတင်လုပ်နေတာလို့ အက်ဒီက ပြောတယ်။ ပြီးတော့ အားနွဲ့ပြီး ဆန့်ကျင် ခုခံဖို့ အင်အားမရှိတဲ့ အမျိုးသမီးလေးတွေ အပေါ်မှာ ကျင့်သုံးနေတဲ့ ခေတ်နောက် ပြန်ဆွဲ ယဉ်ကျေးမှုကို ဆန့်ကျင်ဖို့ တဲ့။

အက်ဒီရဲ့  ဆန့်ကျင်ကန့်က∑က်မှုကို စတင်တာနဲ့ အခြားသော လူမှုကူညီရေး အသင်းအဖွဲ့တွေကလည်း သူတို့ ထောက် ခံကြောင်း ထုတ်ပြန်ကြေညာကြတယ်။

တိုဖန်မန်ဂဲလ်ဟာ ပါဝင်ထောက်ခံတဲ့ စည်းရုံးလှုပ်ရှားသူတွေထဲက တစ်ယောက် ဖြစ်တယ်။

တိုင်းပြည်မှာ အစ္စလာမ့် အယူဝါဒ  ဒါမှ မဟုတ် လူသားဝါဒ  မဟုတ်တဲ့ ဓလေ့ထုံးစံတွေ အများကြီး ရှိနေတယ်လို့ တိုဖန်က ကျွန်တော့်ကို ပြောတယ်။

အက်ဒီရဲ့ ဆန့်ကျင်တိုက်ခိုက်မှုဟာ အာဖဂန် အားလုံးအတွက် ဆန့်ကျင်တိုက်ခိုက်မှုပဲလို့ တိုဖန်က ဆိုတယ်။

အက်ဒီရဲ့ ဆန့်ကျင်ဆောင်ရွက်မှုက နေ မကြာမတင်ကာလမှာပဲ အကျိုး ရလဒ်တွေ ခံစားရတယ်။

“ပထမဆုံး အနေနဲ့ ကျွန်တော်တို့ မိသားစုမှာ သမီးကညာ ပေးဆက်တာ အဖြစ် လွန်ခဲ့တဲ့ ၁၀ နှစ်က  လက်ခံရရှိထား တဲ့ မိန်းကလေးကို မူရင်းသူ့မိသားစုထံ  ပြန်ပို့ပေးလိုက်တယ်၊ ပါ့တီယာ ပြည်နယ် မှာ ယခု ကိစ္စဟာ ပထမဆုံး စဖြစ်တာပဲ” လို့ အက်ဒီက ရှင်းပြတယ်။

“ဒုတိယအနေနဲ့ အာဖဂန်နစ္စတန် ဘာသာရေး ကောင်စီက သမီး ကညာ  ဆက်တာဟာ အစ္စလာမ့်အယူ မဟုတ်ဘူး လို့  ထုတ်ပြန်ကြေညာတယ်”

“တတိယ”  ဆိုပြီး အက်ဒီဆက် ပြော တာက ‘အခုဆိုရင် ကျွန်တော်ရဲ့ ဆန့် ကျင်ကန့်ကွက်မှုဟာ အာဖဂန် ပြည်သူလူထု   အားလုံးရဲ့ စွမ်းဆောင်နိုင်မှုတစ်ခု ဖြစ်လာ ပြီ၊ သမီးကညာ ဆက်တာကို လက်မခံတဲ့ လမ်းကြောင်းကို အမျိုးသမီး အမျိုးသားတွေ လိုက်နိုင်တယ်”

အာဖဂန် လူ့အခ∑င့်အရေးကော်မရှင်က ဇေဘာဟိုင်ဒရီကတော့ သမီးကညာဆက်တာနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ   ပိုမို မြင့်တက်လာပြီ၊ အရှိန်အဟုန်နဲ့ ဆန့် ကျင်လာကြပြီလို့ ပြောတယ်။

¯မနှစ်က ပထမ ခြောက်လနဲ့ နှိုင်းယှဉ် ကြည့်ရင် ဒီနှစ်မှာ သမီးကညာဆက်တာကို ထိမ်းမြားတဲ့ အရေအတွက် လျော့ကျ လာပါတယ်”လို့ သူက ပြောတယ်။

¯အဓိက ကတော့ လူအများစုကို အသိ ပညာပေးနိုင်တာရယ်၊ ဘာသာရေးကောင်စီရဲ့ ကြေညာချက်ရယ်ကြောင့်ပါ၊ အရင်ကတော့ ဘာသာရေးကောင်စီက ရေငုံနှုတ် ပိတ်နေတာ၊ အက်ဒီက စည်းရုံးလှုပ်ရှား လာတဲ့ နောက်မှာ သမီးကညာ ဆက်ရတာ ဟာ ရာဇဝတ်မှုမြောက်တယ်လို့ ထုတ်ပြန် ကြေညာရတာ”

သမီးကညာ ဆက်ရတဲ့ ကိစ္စမှာ မိန်း ကလေးဟာ ဆယ်ကျော်သက် အဦးပိုင်း၊ ဒါမှမဟုတ် ဒါထက်ငယ်တဲ့ အရွယ်မှာ အသက် ၅၀ ဒါမှ မဟုတ် ၆၀ သက်ကျားအိုနဲ့ ထိမ်းမြားရတာပါ။ သမီးကညာ ဆက်ရတာ နဲ့ ပတ်သက်လို့ တရားဝင် အရေအတွက် ကိန်းဂဏန်း မရှိပေမဲ့ ကျေးလက်ဒေသ အ ထူးသဖြင့် ဝေးလံခေါင်းပါး ဒေသတွေမှာတော့ ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တက္ကသိုလ်  ကျောင်းသား အာမက်ရှိတ်ဟာ ပညာဆက်လက် သင်ယူဖို့ ကဘူးမြို့တော်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

‘အမှုအခင်းဖြစ်တယ်ဆိုတာ ကိုယ် ရေးကိုယ်တာ ကိုယ့်ကိစ္စနဲ့ကိုယ်ပါ၊ ဒါကို ကျွန်တော့်နှမ ဒါမှမဟုတ် ကျွန်တော့်သမီး က ဓားစာခံ ဝင်မလုပ်ရဘူး၊ ဒါပေမဲ့ တစ်ခါ တလေမှာ မိသားစု ဒါမှမဟုတ် လူမျိုးစုနွယ် နှစ်ခုအတွင်းမှာ အချင်းချင်း တိုက် ခိုက်သတ်ဖြတ်မှုတွေ ရပ်တန့်သွားစေဖို့ အတွက် တစ်ယောက်ယောက်က ဝင်ရောက် စွန့်လွှတ် အနစ်နာခံလိုက်သင့် တယ်၊ ဒါကြောင့် သမီးကညာ ဆက်တဲ့ ဓလေ့က ကောင်းတယ်လို့ ကျွန်တော်ပြောတာ” လို့ ရှိတ်က ဆိုတယ်။

သမီးကညာ ဆက်ရတဲ့ ဓလေ့ဟာ အမျိုးသမီး တစ်ယောက်ကို တစ်စုံတစ် ယောက်ရဲ့ ဇနီးမယားအဖြစ် သွတ်သွင်းရုံမက မိသားတစ်စုလုံးရဲ့ အစေခံ ကျွန် အ ဖြစ်ပါ ခိုင်းစေတာခံရတာ၊ အဟိတ် တိရစ္ဆာန်လို အဆက်အဆံခံရတာမျိုး ဘယ် သောအခါမှ မရှိစေရဘူးလို့ ကန်ဝါလီ အက်ဒီက ယူဆတာပါ။

သည်ထုံးစံကြီး လုံးဝအဆုံးသတ်သွားတဲ့အထိ ဆက်လက် ဆန့်ကျင် လုပ်ဆောင် ဖို့ အက်ဒီက သန္နိဋ္ဌာန်ချထားပါတယ်။

ကျော်ရင်မြင့်
(Asia Callling က Ghayor Waziri ရေးတဲ့ Activist fighting to end Baad tradition, the trade of virgin slaves in Afghanistan ကို ဆီလျော် အောင် မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။)

No comments:

Post a Comment