Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 24, 2017

ကမ္ဘာကြီးရဲ့ ကြွယ်ဝ ချမ်းသာမှု အားလုံးနီးပါးကို ဘီလီယံနာ ၈ ယောက်က ထိန်းချုပ်ထား

ဒီနေ့ CNN သတင်းမှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖတ်မိတယ်။ ကမ္ဘာကြီးရဲ့ ကြွယ်ဝ ချမ်းသာမှု အားလုံးနီးပါးကို ဘီလီယံနာ ၈ ယောက်က ထိန်းချုပ်ထားတာတဲ့။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူပေါင်း ၃.၆ ဘီလီယံ ရဲ့  ငွေကြေးတွေဟာ ဒီ ၈ ယောက် လက်ထဲမှာပဲ ရှိတယ် ဆိုတဲ့ သဘောပေါ့။ အဲဒီ ၈ ယောက်ထဲမှာ သူဌေးကြီး ဘီဂိတ် နဲ့ ဝါရင်ဘတ်ဖယ် ၊ ဖေ့ဘုတ် ဖန်တီးရှင် မက်ဇူကာပတ် ၊ Bloomberg တီထောင်သူ မိုက်ကယ် ဘလွန်းဘတ် တို့ ၄ ယောက်ကို သိပေမယ့် ကျန်တဲ့ ၄ ယောက်ကို မသိဘူးရယ်။
အဲဒီ ၄ ယောက်မှာ ပထမ တစ်ယောက်က မက္ကဆီကို တယ်လီကွန်းကုမ္ပဏီ သူဌေးကြီး Carlos Slim တဲ့။ သူ က 49 ဘီလီယံ ချမ်းသာတယ်တဲ့။
နောက်တစ်ယောက်က Amazon ကုမ္ပဏီကြီး ရဲ့  စီအီးအို Jeff Bezos တဲ့ သူကတော့ 70.4 ဘီလီယံ ချမ်းသာတယ်တဲ့။
နောက်တစ်ယောက်က Zara ဖက်ရှင် ကုမ္ပဏီကြီး ရဲ့  သူဌေးကြီး Amancio Ortega တဲ့။ သူကတော့ 72 ဘီလီယံ လောက် ချမ်းသာတယ်တဲ့။
နောက်ဆုံးတစ်ယောက်က Oracle Corporation ရဲ့  စီအီးအို Larry Ellison တဲ့။ သူတို့ ကုမ္ပဏီက အိုင်တီ ကုမ္ပဏီကြီး ဖြစ်ပြီး သူကတော့ 49 ဘီလီယံ ချမ်းသာတယ်တဲ့။ အဲဒီ ၈ ယောက် ပေါင်း ပိုင်ဆိုင်တဲ့ ငွေ ကြေးက 426 ဘီလီယံ ရှိပါတယ်တဲ့။
အဲဒီ ရီပို့မှာ ထပ်ပြောထားတာ က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ်ကထက် နှိုင်းယှဉ်ကြည့်ရင် အပေါ်ဆုံးက လူချမ်းသာ ၁ % ရဲ့  ဝင်ငွေဟာ အောက်ဆုံးကလူ ၅၀% ပေါင်းတာနဲ့ အတူတူပါပဲတဲ့။
နောက်ပြီး ထပ်ပြောထားတာက အဲဒီလို လူ ၈ ယောက်က
ကမ္ဘာပေါ်မှာ ရှိတဲ့ လူပေါင်း ၃.၆ ဘီလီယံ ရဲ့  ငွေကြေးတွေကို ထိမ်းချူပ်သလို ဖြစ်နေတာဟာ ကမ္ဘာကြီး အတွက် အရမ်း အန္တာရယ် များပါတယ်တဲ့။ ဘာရယ် မဟုတ်ပါဘူး။ ဖတ်မိတဲ့ ဗဟုသုတကို ဝေမျှတာပါ။
Ye Min

No comments:

Post a Comment