Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 26, 2016

TB Signs & Symptoms တီဘီရောဂါလက္ခဏာများ

TB Signs & Symptoms တီဘီရောဂါလက္ခဏာများ
တီဘီရောဂါဟာ ဆိုးပါတယ်။ အများဆုံးက အဆုပ်ကိုရောဂါရစေတယ်။ ဦးနှောက်၊ အရိုး၊ အူ၊ ကျောက်ကပ်စတဲ့ တခြားနေရာတွေမှာလည်းဖြစ်တယ်။ M. tuberculosis ခေါ်ဗက်တီးရီးယားကနေဖြစ်စေတယ်။ ကူးစက်နိုင်တယ်။ AFB +ve သလိပ်ထဲပိုးတွေ့သူကနေသာ သူများကိုကူးစက်ပါတယ်။
1. Fever ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
2. Coughing ချောင်းဆိုး = ချောင်းဆိုးနေတာ ၃ ပါတ်ကြာနေနိုင်တယ်။
3. Blood ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
4. Chills ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
5. Chest Pains ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
6. Night Sweats ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
7. Breathing Issues အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
8. Feeling Tired မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
9. Loss of Appetite အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
10. Loss Wright ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment