Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 22, 2016

အောင်မြင်သူတွေဟာ သာမန်လူတွေနဲ့ ဘာကွာခြားပါသလဲ

 အောင်မြင်သူတွေဟာ သာမန်လူတွေနဲ့ ဘာကွာခြားပါသလဲ။ အပြင်ပန်းကြည့်ရင်တော့ သာမန် လူတွေလိုပဲ သာမန်ဘ၀ကို ဖြတ်သန်းနေသလို ထင်ရပါတယ်။ တကယ်လည်း သူတို့ဟာ သာမန် ထက်ထူးခြားအောင် ပြုမူနေတာမရှိတတ်ကြပါဘူး။ ဒါပေမဲ့ အောင်မြင်သူတွေဟာ သာမန်လူဘ၀ကနေ အောင်မြင်တဲ့ဘ၀ကို ရောက်ဖို့အတွက် ထူးခြားတဲ့ အချက် တော်တော်များများကို ပိုင်ဆိုင်ဖို့ လိုအပ်သလို မပိုင်ဆိုင်ခဲ့ရင်တောင် မွေးမြူဖို့လိုအပ်ပါတယ်။

အောင်မြင်မှု - အောင်မြင်တဲ့သူရဲ့ အဓိကထူးခြားချက်က အောင်မြင်မှုပါပဲ။ ဒါများပြောနေစရာ လိုလို့လားလို့ ထင်ကြပါလိမ့်မယ်။ မိမိရဲ့ အရည်အချင်း အစစ်အမှန် နဲ့ အောင်မြင်တဲ့သူဟာ မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အရာရာကို အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်ကြပါတယ်။



ယုံကြည်မှု - သာမန်လူနဲ့ အောင်မြင်သူကွဲပြားသွားစေတဲ့ အဓိကအချက်တစ်ချက်က ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ ကံနဲ့ပဲဆိုင်တယ်လို့ သာမန်လူတွေက ယုံကြည်နေ ကြပေမဲ့ အောင်မြင်သူတွေကတော့ အောင်မြင်မှုဆိုတာ ကိုယ်တိုင်ရဲ့ရွေးချယ်မှုပဲလို့ အကြွင်းမဲ့ ယုံကြည်ထားတတ်ကြပါတယ်။ ဒါဟာ လုံးဝကို မှန်ကန်တဲ့ အမှန်တရားပဲဆိုတာ လူတိုင်း သိနိုင်ပါတယ်။ ဘယ်ကိုပဲရောက်နေနေ ကိုယ်တိုင်က တက်တက်ကြွကြွ လုပ်ကိုင်မှသာ အရာရာ အဆင်ပြေအောင်မြင်လာနိုင်မှာဖြစ်ပြီး ထိုင်ပြီးဇိမ်ယူနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ဘ၀ကိုရဖို့ ကိုယ်တိုင်ရွေးချယ်ပြီး ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။

ဘ၀ရှုထောင့် - သာမန်လူတွေက ဘ၀ဆိုတာ ကံဇာတ်ဆရာအလိုကျဖြစ်ပျက်နေတာလို့ လက်ခံထားကြလေ့ရှိပါ တယ်။ အောင်မြင်သူတွေကတော့ ဘ၀ဟာ မိမိကိုယ်တိုင်ရဲ့ လက်ထဲမှာ လိုရာဖန်တီးနိုင်တဲ့အရာ လို့ ရှုမြင်လက်ခံထားကြတယ်။ လူတွေမအောင်မြင်ကြတာဟာ အခြေအနေအရပ်ရပ်ကြောင့် ဖြစ်တယ်လို့ သာမန်လူတွေက ယုံကြည်ကြ တာကြောင့် ဘ၀ကို ကံကြမ္မာလက်ထဲပုံအပ်ကာ ဘောင်ခတ်နေထိုင်တတ်ကြပါတယ်။

စိန်ခေါ်တတ်မှု - သာမန်လူတွေဟာ အောင်မြင်မှုကိုရဖို့ ဖြတ်လမ်းနည်းတွေ၊ ရေတိုစီမံကိန်းတွေ ချမှတ်တတ်ကြပါတယ်။ ပြဿနာတွေ၊ အကျပ်အတည်းတွေကို ရှောင်ရှား တတ်ကြပြီး ဝေဖန်မှုကို လည်း လက်မခံနိုင်တတ်ကြတဲ့အပြင် အောင်မြင်သူတွေက အကြံဥာဏ်ပေးတာကိုတောင် ငြင်းဆန်တတ်ကြပါတယ်။ အောင်မြင်သူတွေကတော့ အခက်အခဲအကျပ်အတည်းတွေကို ကြုံတွေ့တဲ့အချိန်မှာ တည့်တည့်ရင်ဆိုင်ရုံသာမက ပြဿနာမကြုံခင်တည်းက ကြိုတင်ရှာဖွေဖြေရှင်းတတ်ကြပါတယ်။သူတို့အတွက်တော့ ပြဿနာဆို တာ အခွင့်အလမ်းလို့ ယူဆတာမို့ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ဖို့အမြဲအသင့်ရှိနေတတ်ပါတယ်။

စွန့်စားမှု - စွန့်စားတယ်ဆိုတာ မိုက်ရူးရဲဆန်တာမဟုတ်ပါဘူး။ အရှုံးကိုရင်ဆိုင်ဖို့ မကြောက်ပဲ လုပ်သင့်တာကို အမြန်ဆုံးလုပ်ဖြစ်အောင် စွန့်စားလုပ်ကိုင်ခြင်းပဲဖြစ်ပါတယ်။ တစ်ခုခုကိုလုပ်ဖို့ အကောင်းဆုံးအချိန်ဆိုတာကြီးကို စောင့်ဆိုင်းနေတာမျိုးမရှိပဲ မိမိလုပ်နိုင်တဲ့အချိန်မှာ ချက်ချင်းထ လုပ်ကြပြီး ကျရှုံးရင်လည်း အပြုံးမပျက်တတ်သူတွေ ဟာ အောင်မြင်သူတွေပါပဲ။ အောင်မြင်သူတွေ အဖို့ကတော့ အရှုံးဆိုတာ အောင်မြင်မှုကိုရပ်တန့်စေတဲ့အရာလည်း မဟုတ်သလို ကြိုးစားမှုကို ရပ်တန့်စေတဲ့အရာလည်း မဟုတ်ပါဘူး။ ရှေ့ဆက်တိုးဖို့ ပိုအားတက်စေတဲ့အရာပဲ ဖြစ်ပါတယ်။

ငွေကြေးအပေါ် သဘောထား - ငွေကြေးအပေါ်မြင်တဲ့အမြင်ဟာ အောင်မြင်သူနဲ့ သာမန်လူကြား ကွာခြားသွားစေတဲ့ အဓိကအချက်တစ်ချက်ပါပဲ။ အောင်မြင်သူတွေ က ငွေကြေးနဲ့ အရာရာကို ပြီးမြောက်အောင် ဆောင်ရွက်တတ်ကြပြီး သာမန်လူတွေကတော့ ငွေကြေးကိုသုံးပြီး လိုချင်တာကို ၀ယ်ယူဖို့သာ အာရုံစိုက်ကြပါတယ်။ သာမန်လူတွေက ရတဲ့ငွေနည်းနည်းကို စုဆောင်းဖို့ အာရုံ စိုက်နေချိန်မှာ အောင်မြင်သူတွေက ငွေကိုသုံးပြီး ငွေထပ်ရှာဖို့ကို အာရုံစိုက်တတ်ကြပါတယ်။

မိမိကိုယ်ကိုယုံကြည်မှု - အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ အရေးအကြီးဆုံးသော့ချက်က မိမိကိုယ် ကိုယုံကြည်မှုရှိခြင်းပဲ ဖြစ်ပါတယ်။ အောင်မြင်သူတွေရဲ့ ကိုယ်ရည် ကိုယ်သွေးထဲမှာ မိမိကိုယ်ကိုယုံ ကြည်မှုရှိတဲ့ပုံရိပ်ဟာ အထင်းသားမြင်နေရမှာဖြစ်ပါတယ်။ လှုပ်ရှားမှုတိုင်း ပြုမူပြောဆိုမှုတိုင်းမှာ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဟာ တမင်လုပ်ယူထားတာမဟုတ်ပဲ အလိုအလျောက် သိသာပေါ်လွင် နေမှာဖြစ်ပါတယ်။
http://yangonlife.com.mm/mm/article/14047

No comments:

Post a Comment