နယူးယောက်က မြန်မာပလာတာတစ်ကိုက်

နယူးယောက်က မြန်မာပလာတာ တစ်ကိုက် အမေရိကန် နယူးယောက်မြို့ ကွင်းန်အရပ်မှာ ပလာတာတစ်ချပ် စားဖို့က အလွန်လွယ်ကူ၏။ ပလာတာသည် အိန္ဒိယ လူမျိုးတို့၏ စားစရာဖြစ်သည်။ အိန္ဒိယစားသောက်ဆိုင်များမှာ အလွယ်တကူ မှာယူစားသောက်နိုင် ၏။ မလေးရှားနှင့် အခြားအာရှ လူမျိုးတွေမှာလည်း သူတို့ကိုယ် ပိုင် ပလာတာရှိသည်။ အိန္ဒိယဈေးဆိုင်များတွင် အဆင်သင့် နွှေးစားနိုင်သည့် ရေခဲရိုက်ပလာတာကို အချိန်မရွေးဝယ်ယူလို့ရ၏။ သို့သော်လည်း နယူးယောက်တိုင်းမ် သတင်းစာကြီးက စာတစ်တန် ပေတစ်ဖွဲ့ အသိအမှတ်ပြုရပြီး နယူးယောက်မြို့က မြန်မာစာကြိုက် သူများ၏အကြိုက် ပလာတာမှာ ဟင်္သာတသား ကိုမျိုးလင်းသွေး၏ မြန်မာ့လက်ရာစစ်စစ် ပလာတာဖြစ်သည်။ စနေနေ့တိုင်း ဖွင့်လှစ်သော နယူးယောက်ကွင်းန်အရပ် နိုင်ငံတကာ အစားအသောက်ဈေးမှ ကိုမျိုးလင်းသွေး၏ နာမည်ကြီး မြန်မာပလာတာ၏ မူလဇာစ်မြစ်က သူ၏ဇာတိ ဧရာဝတီတိုင်း ဟင်္သာတမြို့လေးဖြစ်သည်။

‘‘ဒီပလာတာလုပ်တတ်တဲ့ အကြောင်းကတော့ ကျွန်တော့်အဖေကြောင့်ပါ။ အဖေက မုန့်လုပ်စားတာ ၀ါသနာပါတယ်ဗျ။ အဖေက စာကလေးခွေကြော်တဲ့ လုပ်ငန်းကို လုပ်ပါတယ်။ ပုံးတွေနဲ့ထည့်ပြီး စီးပွားဖြစ်လုပ်တဲ့ လုပ်ငန်းပါ။ သူက ချက်တာပြုတ်တာ ၀ါသနာပါတယ်။ ဦးကြီးပုရဲ့ ချက်နည်း ပြုတ်နည်း ၅၀၀ စာအုပ်ဝယ်ပြီး ချက်နေတာပဲ။ တစ်နေ့မှာ အဖေ က ငါတို့ ပလာတာလုပ်စားမယ် တဲ့။ ဒါပေမဲ့ ပလာတာမလုပ်တတ် တော့ ဆရာခေါ်မယ်ပေါ့။ အဲဒီမှာ အိမ်နားက လုပ်တတ်တဲ့ ဆိုက် ကားသမား တစ်ယောက်ကို ဂျုံဝယ်ပေး၊ ဆီဝယ်ပေးလုပ်ခိုင်းတာ။ အဲဒီမှာ ကျွန်တော်လည်း ခြေဆော့လက်ဆော့နဲ့ ပလာတာလုပ် တတ်သွားတာပဲ’’

ထိုကနေတစ်ဆင့် ကိုမျိုးလင်းသွေးသည် အလှူများမှာ ပလာတာ လိုက်လုပ်ပေး၏။ ဟင်္သာတမြို့ ကရင်နှစ်သစ်ကူးပွဲတော်၌ အချပ် ၂,၀၀၀ လုပ်ရသည်အထိ သူ၏ ပလာတာက လူကြိုက်များခဲ့သည်။ နောက်ပိုင်းတွင် သူ၏ဖခင်က ငါးကန်လုပ်ငန်း လုပ်ကိုင်သောအခါမှာ ကိုမျိုးလင်းသွေးက ချက်ပြုတ်လုပ်ကိုင် ပေးရင်း မြန်မာဟင်းများကိုပါ ချက်ပြုတ်တတ်လာခဲ့သည်။

၁၉၉၄ မှာ သူက အမေရိကန် နိုင်ငံကို ရောက်ရှိလာခဲ့သည်။ ၁၉၉၅ တွင် မြန်မာပဲပလာတာ၏ အရသာကို တောင့်တကြသည့် အမေရိကန်ရောက် မြန်မာလူမျိုးမိတ်ဆွေတွေကို သူက ပဲပလာတာ လုပ်ကျွေးခဲ့သည်။ သည်မှာတင် သူ၏ပလာတာက နယူးယောက်က မြန်မာလူမျိုးများအကြားမှာ အသိအမှတ်ပြုခံရသည်။ ထို့နောက်မှာ ကိုမျိုးလင်းသွေးက အစားအစာ ဈေးရောင်းပွဲများ၌ ပလာတာကို စတင်လုပ်ရောင်းခဲ့ သည်။ သို့သော်လည်း ပွဲရှိမှသာရောင်းတာဖြစ်ပြီး စီးပွားဖြစ်လုပ်ငန်းကြီး မဟုတ်ပါ။ သူ၏မူလအလုပ်က နယူးယောက် ကျောက်မျက်ရတနာတန်းက အလုပ်ဖြစ် သည်။

‘‘လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မိတ်ဆွေတစ်ယောက်ရဲ့ အမျိုးသ မီးပေါ့။ သူက ယိုးဒယားအမျိုးသ မီး။ လမ်းဘေးဈေးပွဲတော်တွေမှာ ယိုးဒယားစာရောင်းတယ်။ သူက ထိုင်းစာဖက်ထိုင်းလို့ ခေါ်တဲ့ခေါက်ဆွဲကြော်တွေ ဘာတွေ ရောင်းတယ်။ သူ့ဆီ သွားလည်ရင်းနဲ့ ငါလည်း ပလာတာကို အဲဒီလို ရောင်းကြည့်မယ်ဆိုပြီး စလိုက်ရောင်းကြည့်တယ်’’
READ နိုင်ငံ့ဝန်ထမ်းများ တိုးမြှင့်ပေးမည့် လစာပမာဏ သေချာမှ လွှတ်တော်သို့ အသိပေးမည်

သို့သော်လည်း လမ်းဘေး ဈေးပွဲတော်များက နေရာအတည် တကျမရှိ။ အခြားအစားအစာများ ကဲ့သို့ မြန်မာအစားအစာများက အမေရိကန်များနှင့် သိပ်မရင်းနှီးလှ။ ဈေးပွဲတော်မှာ ရောင်းနေသော ကိုမျိုးလင်းသွေး၏ ပလာတာ၊ ဘူးသီးကြော်များကို သူတို့က စိတ်ဝင်တစား လာရောက် မြည်းစမ်းကြည့်သည်။ သို့သော် အတည်တကျ မဟုတ်သည့် ဆိုင် များမို့ စားသုံးသူများ အကြိုက်တွေ့ပြီး နောက်တစ်ခါ လာစားရန်က မဖြစ်နိုင်ပါ။ ဆိုင်ကို ထပ်ရှာတွေ့ရန်မှာလည်း မလွယ်ကူ။

ထိုအခါ အတည်တကျ အမြဲ ရောင်းချနိုင်မည့် နေရာတစ်ခုကို သူ ရှာဖွေခဲ့၏။ စားသောက်ဆိုင် ခန်းများကဲ့သို့ ဈေးကြီးပေးငှားရ မည့် နေရာမျိုးလည်းမဟုတ်။ ပုံမှန်လည်း ရောင်း၍ရမည့်နေရာ ဖြစ်ရမည်။ ထို့နောက် နယူးယောက် ကွင်းန်ရပ်ကွက်ရှိ ညဘက် နိုင်ငံတကာ အစားအစာ စားသောက် တန်းကို သူ ရှာတွေ့လာခဲ့သည်။ ထိုညဈေးတန်းသည် နှစ်စဉ်ဧပြီလမှ ဆောင်းရာသီမရောက်မီ အောက်တိုဘာအထိ စနေနေ့တိုင်း ဖွင့်လှစ်သည်။ ထိုနေရာမှာ မြန်မာပလာတာနှင့် အစားအစာများကို ရောင်းချရန် သူ မှတ်ပုံတင် ခဲ့သည်။

သူမှတ်ပုံတင်စဉ်က ထိုဈေး တန်းမှာ ရောင်းချရန် မှတ်ပုံတင် သည့် ဆိုင်များအနက် သူက ဒုတိ ယမြောက်ဆိုင်ဖြစ်သည်။ သူတို့ ကလည်း သူရောင်းချမည့် မြန်မာ အစားအသောက်များကို စိတ်ဝင် စားသည်။ ထို့ကြောင့် ရောင်းချ ခွင့်ပေးခဲ့သည်။

‘‘ပထမနှစ်မှာပဲ လူသိများ လာတယ်။ ဂျပန်သတင်းဌာနအင်န်အိတ်ခ်ျကေရုပ်သံရဲ့ အစီအစဉ်နှစ်ခုက လာရိုက်တယ်။ ကျွန်တော့်အိမ်ကိုလာပြီး ချက်တာပြုတ်တာကအစ တီဗီလာရိုက်ယူကြတယ်။ ဒုတိယနှစ်မှာတော့ နယူးယောက်တိုင်းမ် သတင်းစာက လူတွေ လာစားတယ်။ သူတို့ဘာသာသူတို့ လာစားတာပါ။ ဆောင်းပါးရေးမယ် ဘာမယ် လည်း မသိပါဘူး။ အဲဒီမှာ ကျွန်တော့်ဆီက ကီးမားပလာတာကို ၀ယ်သွားတယ်လို့ သိရတယ်။ ပြီးတော့ အိမ်မှာ သူတို့ ပြန်နွှေးစား ကြတယ်တဲ့။ အဲဒီမှာတင် အရသာ ကမပျက် စားလို့ကောင်းတော့ သဘောကျသွားတယ်လို့ ပြောပါ တယ်’’

ကိုမျိုးလင်းသွေး၏ ပလာ တာကို နယူးယောက်တိုင်းမ် ဆောင်းပါးရေးခဲ့သူ လီဂယာမစ် ရှန်က မြန်မာပလာတာအကြောင်း ကို ယခုကဲ့သို့ ပုံဖော်ခဲ့သည်။ မြန် မာပလာတာသည် အိန္ဒိယပုံစံကနေ အခြေခံထားသော်လည်း အိန္ဒိယပလာတာကဲ့သို့ မထူချေ။ ပိုပြီးပါးသည်။ ပါးလို့ရနိုင်သမျှအ ထိ ပါးပြီး ကြွပ်ကာ စား၍ကောင်း လှ၏။ မြန်မာကီးမားပလာတာကို ၀ယ်ပြီး ရထားတစ်နာရီကြာစီးကာ အိမ်ကိုပြန်ရောက်သည့်တိုင် အရသာက နဂိုပုံအတိုင်း ကြွပ်ရွရွနှင့် စားကောင်းနေသေးသည်ဟု ဆောင်းပါးမှာ ရေးသားထား၏။ သူက ကိုမျိုးလင်းသွေး၏ ဆိုင်ဖြစ်သော Burmese Bites မှာ စားခဲ့ရသော ပလာတာနှင့် ကြက်သား ဟင်း၊ ကီးမားပလာတာနှင့် အုန်းနို့ခေါက်ဆွဲသုံးမျိုးစလုံးကို ညွှန်း ထားသည်။
READ မြန်မာ နိုင်ငံရခိုင်ပြည်အရေးကြောင့် ဆူဇူကီးဖလားကို မလေးရှား သပိတ်မှောက်ရန် စီစဉ်နေ

‘‘ပလာတာက တကယ်တော့ အိန္ဒိယအစာပါ။ ကီးမားပလာတာ မှာရော ကြက်သားဟင်းမှာပါ မဆလာတွေ ထည့်ထားတယ်ဆို တော့ အိန္ဒိယပုံစံက လာတာပါပဲ။ အုန်းနို့ခေါက်ဆွဲ ဆိုတာလည်း ထိုင်းက လာတာပဲလေ။ ဒါပေမဲ့ အိန္ဒိယကီးမားပလာတာက အ သားတွေကိုညှပ်ပြီး များများထည့် ထားတာ။ ကျွန်တော်တို့ ကီးမား ပလာတာကတော့ နည်းနည်းလေး နဲ့ တစ်ကန့်စီလေးတွေ ထည့်ထား တာပါ’’


သူ၏မူရင်းအလုပ်က နယူး ယောက် ကျောက်မျက်တန်းက ရ တနာဆိုင်မှာ ဖြစ်သော်လည်း ကို မျိုးလင်းသွေးက အစားအသောက် ရောင်းချတာကိုပျော်သည်။ စား သုံးသူများနှင့် ဆက်ဆံရတာကို နှစ်သက်သည်။ ဈေးသည်အချင်း ချင်း ရိုင်းရိုင်းပင်းပင်းနေရသည့် ဘ၀ကို မွေ့လျော်၏။ သူအဓိက ရောင်းချနေသည့် ကွင်းန်ညစား သောက်ဆိုင်တန်းကလည်း သူ့ကို သဘောကျပြီး သူကလည်း သည် ညဈေးမှာ ရောင်းချရသည်ကို နှစ် လို၏။ သည်စားသောက်ဆိုင်တန်း တွင် သာမကဘဲ နယူးယောက်က ယူနီယံစကွဲယား။ မက်ဒီဇင်။ ဘ ရော့ဝေးဒ်နှင့် ပင်လယ်စာဈေး တန်းများမှာလည်း ကိုမျိုးလင်း သွေးက ဆိုင်ထွက်သည်။ မြန်မာ နှစ်ခြင်းအသင်းတော် ဈေးပွဲတော် များမှာလည်း ပုံမှန်သွားရောင်းချ ၏။ Burmese Bites ဆိုသည့် နာ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုဖွင့်ထားပြီး စားသုံးသူများကို ဆိုင်နှင့်ပတ်သက်ပြီး ရှင်းပြပေး သည်။

ထို့နောက်မှာ စားသောက် ဆိုင် လောကထဲကို ခြေစုံပစ်ဝင် ရန် စိတ်ကူးသည်။ သို့သော် တွက် ချက်စဉ်းစားရသည်က အများကြီး ဖြစ်၏။ သူ့မှာ ဇနီးသည်နှင့် သား သမီးသုံးယောက်ရှိသည်။ သည် လုပ်ငန်းက သူ၏ ကျောက်မျက် ရတနာဆိုင်မှာ လုပ်သလောက် ပုံ မှန်ဝင်ငွေရှိချင်မှလည်း ရှိမည်။ သူ ၏ ကျောက်မျက်ရတနာဆိုင် လုပ်ငန်းရှင်ကလည်း သဘောကောင်း ၏။ လုပ်ဖော်ကိုင်ဖက်များက လည်း အဆင်ပြေသည်။ ယခုကဲ့ သို့ အဆင်ပြေ၀င်ငွေပုံမှန်ရသော အလုပ်တစ်ခုကို စွန့်လွှတ်ဖို့က လည်း သိပ်မလွယ်လှ။ သို့သော် နောက်ဆုံးတွင် သူက စိတ်ကျေနပ် မှု လွတ်မြောက်မှုကို ဦးစားပေး လိုက်သည်။

‘‘စိတ်ကို လွတ်မြောက်ခွင့် ပေးလိုက်တာပေါ့။ ကျွန်တော့်အ သက်လည်း မငယ်တော့ဘူး။ ကျန်တဲ့အချိန်လေးမှာ ကိုယ်ကြိုက်တာ လေးလုပ်ချင်တယ်။ အောင်မြင်ချင်လည်း အောင်မြင်မယ်။ မအောင်မြင်လည်း မအောင်မြင်ဘူးပေါ့။ ကျွန်တော်က စားသုံးသူတွေနဲ့ ရောင်းချရတာကို ပျော်တယ်။ ဈေးသည်အချင်းချင်းလည်း ရင်းရင်းနှီးနှီးဆက်ဆံရတာကို ကြိုက် တယ်။

Credit: 7Day Daily
http://www.7daydaily.com/story/84095
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)