Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, December 20, 2016

လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းအား ဓားဖြင့်ထိုး၍ သေဆုံး



ကျွန်းစု ဒီဇင်ဘာ ၂၀ ရက်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ စစ်ဘုကျေးရွာတွင် ဒီဇင်ဘာလ(၁၉)ရက်နေ့ ည(၁)နာရီ အချိန်ခန့်က လင်မယားချင်းစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းအားဓားဖြင့်ထိုး၍ စခန်းသစ် တိုက်နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ရာ ၎င်းနေ့ နေ့လည်(၂)နာရီအချိန်က သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ဘုကျေးရွာရာအိမ်မှူးဖြစ်သူ ဦးသန်းထွန်းဦးသည် နေအိမ်၌နေစဉ် တစ်ရွာတည်း နေ အဘ ဦးဖေစိန်၏သား ဦးရဲဝင်း အသက်(၄၂)နှစ်သည် ၎င်းဇနီးဖြစ်သူ အဘ ဦးရွှေလင်း၏ သမီး မဝေေ၀မြင့် အသက်(၃၄)နှစ် တို့မှ လင်မယားချင်းစကားများရန်ဖြစ်နေကြောင်း သတင်းကြား၍ ဖျန်ဖြေရန်သွားရောက်ခဲ့ရာ ဦးရဲဝင်းအား အိပ်ယာထဲတွင် ရင်ဘတ်၌ မျက်နှာသုတ်ပ၀ါဖြင့် ဖိထားပြီး သွေးများထွက်နေသည်ကို တွေ့ရ၍ ဖြစ်စဉ်ကို မဝေေ၀မြင့်အားမေးမြန်းရာ ၎င်းတို့လင်မယား ခရုဝယ်ယူရာတွင် စရံငွေပေးထားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ရာမှ မဝေေ၀မြင့်က ခင်ပွန်းဖြစ်သူ ရင်ဘတ်ကို ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအား ကျေးရွာရာအိမ်မှူး ဦးသန်းထွန်းဦးမှ ကံမော်နယ်မြေရဲစခန်းသို့ ဥပဒေအရ အရေးယူဆောင်ရွက် ပေးနိုင်ရေး တိုင်တန်းခဲ့သောကြောင့် ကံမော်နယ်မြေရဲစခန်းမှ ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့် က (ပ)အမှတ် ၅၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ ဓားဖြင့်ထိုးသူ မဝေေ၀မြင့်အား အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ပြီး ဒဏ်ရာရရှိသူ ဦးရဲဝင်းမှ စိုးရိမ်ရသဖြင့် စခန်းသစ်တိုက်နယ်ပြည်သူ့ဆေးရုံသို့ မှုခင်းဆေးစာဖြင့် တင်ပို့ကုသခဲ့ရာ ဦးရဲဝင်းမှာ ဒီဇင်ဘာလ(၁၉)ရက်နေ့ နေ့လည် (၂)နာရီအချိန်က ရရှိသော ဒဏ်ရာဖြင့်သေဆုံး သွားသဖြင့် ကံမော်နယ်မြေရဲစခန်းမှ အမှုအား လူသတ်မှု ပုဒ်မ ၃၀၂ သို့ ပြောင်းလဲစစ်ဆေး ဆာင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

Ko Kyunthar
https://www.facebook.com/ko.kyunthar

No comments:

Post a Comment