Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 21, 2016

ငယ်ငယ်က ဓာတ်ပုံတွေကို ဖေ့စ်ဘုတ်ခ်မှာတင်လို့ မိဘတွေကို တရားစွဲ

စက်တင်ဘာ ၁၈ – ဩစတြီးယားနိုင်ငံက အ သက် ၁၈ နှစ်အရွယ်မိန်းကလေးဟာ သူ့ ခွင့်ပြုချက်မရဘဲ ၂၀ဝ၉ ခုနှစ်ကစပြီး ဖေ့စ် ဘုတ်ခ်ပေါ်မှာ သူ့ဓာတ်ပုံ ၅၀ဝ ကျော်ကို တင်ခဲ့တဲ့ မိဘတွေကို တရားစွဲလိုက်ပါတယ်။

ဩစတြီးယားနိုင်ငံက ကာရင်တီ ယာပြည်နယ်က အမည်မဖော်လိုသူမိန်းက လေးဟာ သူလမ်းလျှောက်တတ်စအရွယ်က ရှက်စရာကိုယ်ရေးကိုယ်တာဓာတ်ပုံ တွေကို သူ့မိဘတွေက ဖြုတ်ချပေးဖို့ ငြင်းတာကြောင့် တရားရုံးတော်ကို လျှောက် ထားခြင်းဖြစ်ပါတယ်။ သူ့မိဘတွေက သူ့ အသက် ၁၁ နှစ်မှာ သူ့ဓာတ်ပုံတွေကို စတင်မျှဝေခြင်းဖြစ်ပေမဲ့ သူလမ်းလျှောက်  တတ်ခါစအရွယ်ကပုံတွေပါ သူအဆင်ပြေ မပြေမမေးဘဲ မျှဝေခဲ့ကြတယ်လို့ ဂန်ဇီဝိုချီ မဂ္ဂဇင်းကို ပြောပါတယ်။

‘သူတို့က ရှက်လဲ မရှက်ဘူး၊ အတိုင်း အတာလဲ မရှိဘူး၊ သမီးအိမ်သာပေါ်မှာ ထိုင်နေတဲ့ပုံဖြစ်ဖြစ်၊ ခုတင်ပေါ်မှာ ကိုယ် လုံးတီးအိပ်နေတဲ့ ပုံဖြစ်ဖြစ် အဆင့်တိုင်းကို ဓာတ် ပုံရိုက်ပြီး လူသိအောင် လုပ်ပစ် တယ်˘လို့ တ ရားလိုက ပြောပါတယ်။

မိန်းကလေးဟာ  အသက် ၁၄ နှစ်အ ရွယ်ရောက်မှ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ကိုယ်ပိုင် အကောင့်ဖွင့်ပြီးနောက် သူ့မိဘတွေ တင်ထားတဲ့ ဓာတ်ပုံတွေကို မြင်ခွင့်ရတယ်လို့ ဆိုပါတယ်။ ဒေါသထွက်ခဲ့တဲ့ အန်နာမိုင် ယာ (အမည်လွှဲ) က သူ့အမေနဲ့ အဖေကို သူ့ဓာတ်ပုံပေါင်း ၅၀ဝ ကျော်ကို ချက်ချင်း ဖြုတ်ချပေးဖို့ ပြောပေမဲ့ မိဘတွေက ငြင်း ဆန်ခဲ့ပါတယ်။ သည်နှစ်တွေအတောအတွင်း သူက ဆက်တိုက်တောင်းဆိုခဲ့ပေမဲ့ အမြဲငြင်းဆန်ခံခဲ့ရတဲ့အတွက် တရားစွဲရုံ အ ပြင် တခြားနည်းလမ်းမရှိတော့ဘူးလို့ ခံစား ခဲ့ရပါတယ်။ သည်နှစ်မှာ သူအသက် ၁၈ နှစ်ပြည့်တာနဲ့ တရားစွဲဆိုမှုကို လုပ်ခဲ့ပါတယ်။

အန်နာရဲ့ ရှေ့နေ မိုက်ကယ်ရာမီက ဓာတ်ပုံတွေဟာ  သူ့ရဲ့ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို ချိုးဖောက်ကြောင်း သက် သေပြနိုင်ရင် အမှုနိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလမှာ အမှုကို ကြားနာမှာဖြစ်ပြီး ဩစတြီး ယားမှာ သည်လိုအမှုက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အန်နာက သူ့ကိုယ်ရေးကိုယ်တာ အခွင့်အရေးချိုးဖောက်ခံရကြောင်း ပြောပေမဲ့ တစ်ဖက်မှာ သူ့မိဘတွေက သူကလေး ဘဝတုန်းကပုံတွေကို တင်တာဟာ ဘာမှ မမှားဘူးလို့  ယူဆကြပါတယ်။ ‘ဒီဓာတ်ပုံ တွေကို တင်တာက ကျွန်တော့်အခွင့်အရေးလို့ ယူဆတယ်၊ ပြောရရင် ဒါက ကျွန် တော်တို့သား သမီးဖြစ်ပြီး ဓာတ်ပုံတွေက ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်ခ်မိတ်ဆွေတွေက အရေးတယူ လက်ခံကြည့်ရှုကြတဲ့ မိ သားစု အယ်လ်ဘမ်ထဲမှာ တစ်စိတ်တစ် ဒေသဖြစ်ပါတယ်။ သူက  ဓာတ်ပုံအရိုက် မခံတော့တဲ့နောက် ပိုင်း သမီးရဲ့ ဓာတ်ပုံတွေကိုလဲ ကျွန်တော်တို့ ထပ်မတင်တော့ပါ ဘူး၊ သူ့ကလေးဘဝက ဓာတ်ပုံတွေကို ကြည့်ခွင့်ရတာကလဲ ဖေ့စ်ဘုတ်ခ်သူငယ်ချင်း ၇၀ဝ သာရှိတဲ့ အ ကန့်အသတ်ရှိ အုပ်စုတစ်စုသာ ဖြစ်ပါတယ်˘ လို့ သူ့ရဲ့ အဖေဖြစ်သူက ပြောပါတယ်။

စုပြည့်စုံ
[ref: Oddity Central , Sep 18, 2016]
http://www.kumudranews.com

No comments:

Post a Comment