Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 18, 2016

ပြည်တွင်းမှ ဖေ့စ်ဘုတ်ခ် သုံးစွဲသူ ဆယ့်ငါးသန်းဝန်းကျင်အထိရှိလာ



ရန်ကုန်၊ ဒီဇင်ဘာ ၁၈။

ပြည်တွင်းမှာ ဖေ့စ်ဘုတ်ခ် အမြဲသုံးစွဲသူ ပမာဏ ဟာ ယခုနှစ်ကုန်ပိုင်းမှာ ၁၀ သန်းကနေ ၁၅ သန်း ဝန်းကျင်အထိ ရှိတယ်လို့ ဖေ့ဘုတ်ရဲ့ ထုတ်ပြန် ထားပါတယ်။

သုံးစွဲသူ အားလုံးရဲ ၆၄ ရာခိုင်နုန်းက အမျိုးသားတွေ ဖြစ်ပြီးတော့ အမျိုးသမီး ကတော့ ၃၆ ရာခိုင်နုန်းဖြစ်ပါ တယ်။ သုံးစွဲသူအများစုက မြို့ပေါ်ဒေသတွေကဖြစ်ပြီးရာခိုင်နုန်းအများဆုံးက ရန်ကုန်ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ကဖေ့ဘုတ် သုံးစွဲသူရဲ့ ၅၀ ရာခိုင်းနုန်းဖြစ်ပါတယ် ။ ဒုတိယ အများဆုံးကတော့ မန္တလေး ဖြစ်ပြီး၃၉ ရာခိုင်နုန်းဖြစ်ပါတယ်။

ဒါကအရင် ကထုတ်ပြန်ချက်တွေနဲ့ နိုင်းယှဉ်ရင်တော့ နယ်ပိုင်းတွေမှလည်း ဖေ့စ်ဘုတ်ခ် သုံးစွဲသူ မြင့်တက်လာတာကို လည်းတွေ့ရပါတယ်။

တောင်ကြီး ဒေသမှ ဖေ့စ်ဘုတ်ခ်သုံးစွဲသူ ၅ ရာခိုင်နုန်းရှိပြီး ပုသိမ်၊ မော်လမြိုင် နှင့် မုံရွာတို့ မှာလည်း သုံးစွဲသူတွေ မြင့်တက်လာပါတယ်။
မြန်မာနိုင်ငံ မှာ Like အများဆုံးရရှိတဲ့ စာမျက်နှာကတော့ 7 Days News Journal ဖြစ်ပြီး Like အရေအတွက် ၁၂ သန်းကျော်ဖြစ်ပါတယ်။

ဒုတိယ Like အများဆုံးရရှိတဲ့ စာမျက်နှာကတော့ Eleven Media Group ဖြစ်ပြီး Like အရေအတွက် ၁၁ သန်းကျော်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Like အများဆုံးရရှိတဲ့ အနုပညာရှင်ကတော့ စာမျက်နှာကတော့ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး ဖြစ်ပြီး Like အရေအတွက် ၅.၃ သန်းကျော်ဖြစ်ပါတယ်။

ဒုတိယ Like အများဆုံး အနုပညာရှင်ကတော့ စာမျက်နှာကတော့ စိုင်းစိုင်းခမ်း လှိုင် ဖြစ်ပြီး Like အရေအတွက် ၅.၂ သန်းကျော်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ အနုပညာရှင်တွေထဲမှာ စိုင်းစိုင်းခမ်း လှိုင် က ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

မြန်မာနိုင်ငံ ရဲ့ ဖေ့စ်ဘုတ်ခ် အသုံးပြုသူရဲ့ ၉၀ ရာခိုင်းနုန်းကျော် ဟာ မိုဘိုင်းဖုန်းနဲ့ အသုံးပြုတယ်လို့ ဖော်ပြထားပါတယ်။

SOURCES : KUMUDRA ကိုသက်ဖြိုး

No comments:

Post a Comment