Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 16, 2016

ဒေါ်လာ(၅)သိန်း အကုန်အကျခံပြီး ၀န်ထမ်း(၁၀၀)ကို အပန်းဖြေခရီးပို့ပေးခဲ့တဲ့ သူဌေး

လူတော်တော်များများက သူတို့အလုပ်ရှင်တွေကို သဘောမကျကြပါဘူး။ အလုပ်လုပ်နေတဲ့ တစ်ချိန်လုံး ဖိအားပေးနေတဲ့ သူဌေးတွေ၊ စက်ရုပ်တစ်ခုလို အလုပ်တွေ ဆက်တိုက်ခိုင်းတဲ့ သူဌေးတွေ၊ လစာပေးချိန်မှာ နေ့ရွှေ့ညရွှေ့လုပ်တဲ့ သူဌေး
တွေ၊ လစာထဲကနေ ဟိုကြေးဖြတ်လိုက်၊ ဒီကြေးနှုတ်လိုက်သူဌေးတွေထဲမှာ သင်လည်း ပါဝင်တယ်ဆိုရင်တော့ သင့်ကို
သေချာပေါက် ၀န်ထမ်းတွေက အခဲမကြေကြဘူးဆိုတာပါဘဲ။

ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် အလုပ်သမား/၀န်ထမ်းပဲ ဖြစ်ဖြစ် သူဌေးပဲဖြစ်ဖြစ် ကိုင်းကျွန်းမှီ-ကျွန်းကိုင်းမှီ သဘောထားနိုင်မှာ နှစ်ဦးနှစ်ဘက် တိုးတက်မှာဖြစ်သလို၊ သဘောမကျခြင်းဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်လည်း ကင်းစင်နိုင်မှာ ဖြစ်ပါ
တယ်။ အခု သတင်းဆောင်းပါးပါ ၀န်ထမ်း 100 ကတော့ ရှားပါး အလုပ်ရှင်ကို ပိုင်ဆိုင်ထားရလို့ အခြားသူတွေထက် ကံ
ကောင်းတယ် ဆိုရမှာပါ။

စင်္ကာပူနိုင်ငံ Evolve MMA အကယ်ဒမီက ၀န်ထမ်းတွေကို သူတို့ရဲ့သူဌေး Chatri Sityodtong က လုပ်ငန်းခွင်ခဏရပ်နားပြီး မော်လ်ဒိုက်နိုင်ငံကို ပို့ပေးခဲ့ပါတယ်။ ကုန်ကျစာရိတ်ဟာ ဒေါ်လာ(5)သိန်းအထိ ရှိပါတယ်။ မော်လ်ဒိုက်မှာရှိတဲ့ အကောင်းဆုံး ကြယ်ငါးပွင့်ဟော်တယ်မှာ တည်းစေပါတယ်။

Evolve MMA အကယ်ဒမီကို 2009 ခုနှစ် ဇန်န၀ါရီလမှာ Chatri Sityodtong က တည်ထောင်ပေးခဲ့ပါတယ်။ Chatri Sityodtong ဟာ အာရှမှာ သြဇာတိက္ကမအကြီးမားဆုံးပုဂ္ဂိုလ်စာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။ ၎င်းရဲ့ အကယ်ဒမီမှာ ကမ္ဘာ့အဆင့်မီ နည်းပြပေါင်းများစွာ ထားပြီး၊ Muay Thai, ဘရာဇီး jiu-jitsu, Mixed Martial Arts, Boxing, Wrestling, No-Gi Grappling စတဲ့ ကစားနည်းတွေကို သင်ကြားပို့ချပေးနေတဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။ နည်းပြနဲ့ သင်တန်းဝမ်း
ထမ်းစုစုပေါင်း အယောက် 100 ရှိပါတယ်။

လင်းဇော်ကို (Shwemom)

source : viral4real.com

No comments:

Post a Comment