Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 10, 2016

UX/UI developer များနဲ့ designer များအတွက် ထိပ်တန်း community (၁၂) ခု

By: 

နောင်နောင်
အွန်လိုင်း community များဟာ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေ မေးမြန်းခြင်း၊ script များ ရှာဖွေခြင်းနဲ့ ဒီဇိုင်းတုံ့ပြန်ချက်များ မေးမြန်းခြင်းတို့အတွက် အကောင်းဆုံးနေရာများဖြစ်ပါတယ်။ အောက်ဖော်ပြပါ community/forum များကတော့ designer များနဲ့ developer များက လမ်းညွှန်ချက်များ လိုအပ်တဲ့အခါမှာ သွားရောက်လေ့လာသင့်တဲ့ ထိပ်တန်း community များ ဖြစ်ပါတယ်။
ဒီဇိုင်းအတွက် ရှာဖွေနေသူများအတွက် Dribbble က ထူးကဲတဲ့ community နဲ့ social network တစ်ခုဖြစ်ပါတယ်။ ဆိုက်အတွင်းမှာ web designer, logo designer, graphic designer, typographer, illustrator မြောက်မြားစွာနဲ့ ၎င်းတို့ ဖလှယ်ထားတဲ့ တီထွင်ဆန်းသစ်တဲ့လက်ရာ မြောက်မြားစွာကို တွေ့မြင်နိုင်ပါတယ်။
Mockplus ဟာ မကြာသေးမီက အဖွဲ့ဝင်အားလုံးနဲ့ စိတ်ပါဝင်စားသူမည်သူမဆို ၎င်းတို့ရဲ့ ဒီဇိုင်းရင်းမြစ်များအား ဝေမျှနိုင်စေမယ့် Discussion Community ကို ဖြန့်ချိပေးခဲ့ပါတယ်။ ဒါ့အပြင် အကြောင်းအရာပံ့ပိုးကူညီသူနဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် အထောက်အကူပေးသူတို့အတွက် ranking system တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။
Design community မှာ ဦးဆောင်နေသူဖြစ်တဲ့ UX Mastery Community ဟာ UX ပရော်ဖက်ရှင်နယ်တွေရဲ့ ဒီဇိုင်းတွေ တိုးတက်လာအောင် အထောက်အကူပြုစေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီ platform ဟာ UX ကို နှစ်သက်သူမည်သူမဆိုနဲ့ အကြံဉာဏ်တွေ ရှာဖွေဝေမျှလိုသူတွေက လွတ်လပ်စွာ ပြုလုပ်နိုင်ပါတယ်။
Slack ပေါ်မှာ user experience နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ UX designer ၆၀၀ ရှိပါတယ်။ ဒီ community ရဲ့ ရည်ရွယ်ချက်က ရင်းမြစ်တွေနဲ့ အသိပညာ ဝေမျှပြီး ဒီဇိုင်းပြဿနာတွေ ဖလှယ်ဖို့နဲ့ အပြန်အလှန်ကူညီနိုင်ဖို့ ဖြစ်ပါတယ်။
ဒီဟာကတော့ user experience designer တွေ၊ UX researcher တွေ၊ information architect တွေနဲ့ human-computer interaction designer တွေအတွက် အမေးအဖြေပုံစံဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ မေးခွန်းအားလုံးကို usability, website design, GUI-degsgin, interaction-design, user-behavior, user-expectation စတဲ့ မတူညီတဲ့ အကြောင်းအရာနယ်ပယ်တွေနဲ့ tag လုပ်ထားပါတယ်။
ယူကေမှာအခြေစိုက်တဲ့ Web Designer Forum မှာ အဖွဲ့ဝင် ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် လိုအပ်သူများအတွက် Marketplace, Gallery နဲ့ Jobs ဆိုပြီး ကဏ္ဍတွေ ခွဲခြားပေးထားပါတယ်။
GDF ကတော့ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံး graphic design form များထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ အဖွဲ့ဝင် ၂၀,၀၀၀ ကျော်ရှိပါတယ်။ ဒီ community ဟာ ထိရောက်လွန်းပြီး ဆိုက်မှာ web design resource, web development, website marketing and business, software and hardware စသဖြင့် ကဏ္ဍအမျိုးအစား များစွာပါဝင်ပါတယ်။
Sitepoint ကလည်း အဖွဲ့ဝင် ၂၅,၀၀၀ ကျော်ရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ community တစ်ခု ဖြစ်ပါတယ်။ Programming tip များရှာဖွေခြင်းနဲ့ စီးပွားရေးအကြံဉာဏ်များရယူခြင်းတို့အတွက် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆိုက်မှာ PHP, HTML, JavaScript, CSS, marketing, database, UX design, hosting အကြောင်းနဲ့ပတ်သက်ပြီး အဖြေတွေကိုရှာဖွေနိုင်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဒီဇိုင်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတွေကို ဝေမျှဆွေးနွေးနိုင်တဲ့ နေရာတစ်ခုအနေနဲ့ စတင်ခဲ့တဲ့ Designer News ဟာ ဒီဇိုင်းနဲ့ နည်းပညာနယ်ပယ်မှာ လုပ်ကိုင်နေသူတွေရဲ့ global community တစ်ခုဖြစ်ပါတယ်။
Hacker News ကတော့ စွန့်ဦးရေးလုပ်ငန်းနဲ့ ကွန်ပျူတာသိပ္ပံတို့ကို အာရုံစိုက်ထားတဲ့ လူမှုရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီ community ဟာ Reddit ရဲ့ အစောပိုင်းကာလများနဲ့ ဆင်တူပေမယ့် downvote submission များအတွက် option များ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။
How Design ဟာ နာမည်ကျော်ကြားတဲ့ ဒီဇိုင်း community တွေထဲက တစ်ခုဖြစ်ပါတယ်။ News, Design Business, Interactive, Design Career, Online Learning, How Events, Competitors စတဲ့ မတူညီတဲ့ ကဏ္ဍအမျိုးအစားတွေ ပါဝင်ပါတယ်။
Designers Talk Forum က ကြီးမားပြီး တက်ကြွတဲ့ forum တစ်ခုဖြစ်ကာ အဖွဲ့ဝင် ၂၅,၀၀၀ ကျော်ရှိပါတယ်။ Coding, web design စတာတွေအတွက် ကဏ္ဍများစွာပါဝင်သလို graphic design နဲ့ web design တွေအတွက်လည်း ကဏ္ဍတွေထောက်ပံ့ပေးထားပါတယ်။
Ref: TechInAsia
http://internetjournal.media/article/8590

No comments:

Post a Comment