Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 10, 2016

ဗီဒီယိုကြော်ငြာကုမ္ပဏီ TubeMogul ကို ဒေါ်လာ သန်း ၅၄၀ ဖြင့် Adobe ဝယ်ယူ

By: 

နောင်နောင်
ကုမ္ပဏီအနေဖြင့် ရှယ်ယာတစ်ခုအတွက် ၁၄ ဒေါ်လာ ပေးချေမည်ဖြစ်ပြီး စုစုပေါင်းဝယ်ယူမှုတန်ဖိုးမှာ ဒေါ်လာ သန်း ၅၄၀ ဖြစ်ကြောင်း Adobe က ပြောကြားခဲ့သည်။ TubeMogul ကို ဝယ်ယူခြင်းသည် Adobe Marketing Cloud တွင် ပိုမိုအားကောင်းသော ဗီဒီယိုအစိတ်အပိုင်းတစ်ခုကို ထည့်သွင်းလိုခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ထုတ်ကုန်တိုင်းနဲ့ အမှတ်တံဆိပ်တိုင်းကနေ ဗီဒီယိုကြည့်ရှုတဲ့နှုန်းက အရမ်းကိုတိုးပွားလာပါတယ်။ TubeMogul ကို ဝယ်ယူတဲ့အတွက်ကြောင့် ဗီဒီယိုကြော်ငြာနဲ့ပတ်သက်ပြီး Adobe အနေနဲ့ သုံးစွဲသူများထံ ‘one-stop shop’ ကို ထောက်ပံ့ပေးနိုင်မှာဖြစ်သလို ကုမ္ပဏီရဲ့ Adobe Marketing Cloud သုံးစွဲသူများထံ ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်” ဟု Adobe ၏ ဒီဂျစ်တယ်ဈေးကွက်ရှာဖွေရေးအဖွဲ့မှ အမှုဆောင်ဒုဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာဖြစ်သူ ဘရတ်ရန်ချာက ပြောကြားခဲ့သည်။
Ref: TechCrunch

No comments:

Post a Comment