Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 29, 2016

GANDHI ပြောခဲ့ဖူးတဲ့စကား


GANDHI ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

" ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့

တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ
တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်
ညစ်ပေသွားတတ်တယ်

သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့

နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့်
သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။

သက်တန့်ချို

No comments:

Post a Comment