Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 10, 2016

Eleven CEOနဲ့ အယ်ဒီတာချုပ်ကို ဖမ်းဆီးနိုင်ရန် ရှိနိုင်မယ့်နေရာအားလုံး ပိုက်စိပ်တိုက် ရှာဖွေနေဟုဆို

photo စစ်ထက်အောင်
ရန်ကုန် နိုဝင်ဘာ ၁၀။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ သိန်းတစ်ထောင်တန် နာရီ ကိစ္စနဲ့ ပက်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ Eleven Media Group ရဲ့ CEOဖြစ်သူ ဦးသန်းထွဋ်အောင် နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို တာမွေရဲစခန်းက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဆင့်ခေါ်ခဲ့ရာမှာ မလာရောက်ခဲ့တာကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖမ်းဆီးနိုင်ရန် သူတို့ရှိနိုင်မယ့် နေရာအားလုံးကို ပိုက်စိပ်တိုက်ရှာဖွေ နေတယ်လို့ သိရပါတယ်။
“ရှာတာက အဖွဲ့တွေခွဲပြီး ရှာဖွေနေပါတယ်။ ဓမ္မစေတီလမ်းက အိမ်တွေကိုလည်း ကျွန်တော်တို့ ညကတည်းက စောင့် ကြည့်မူ လုပ်ခဲ့ပါတယ်။ Eleven Media ရုံးကိုလည်း ညကတည်းက သွားပြီးသားပါ။ အားလုံးကို တရားဝင်လုပ်ပြီးသားပါ။ အဲ့ဒီမှာလည်း ရှိနိုင်တယ် မရှိနိုင်တယ် Comfirmလည်း လုပ်ထားပါတယ်။ အဲ့လိုလုပ်ထားတဲ့အတွက် သူတို့ရှိနိုင်မယ့် နေရာတွေ ဥပမာ ကိုဝေဖြိုးဆိုရင် အခြားသူလိပ်စာတွေ ရှိပြီးသားပါ။ အဲ့လိုနေရာတွေကို ပိုက်စိပ် တိုက်ရှာဖွေနေပါတယ်။ ” လို့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး မြင့်ထွေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အလဲဗင်းမီဒီယာဂရု ဖေ့စ်ဘွတ်ခ်အကောင့် အသုံးပြုသူနှင့် Than Htut Aung ဖေ့စ်ဘွတ်ခ် အသုံးပြုသူတို့ကို အာမခံမရသည့် ဆက်သွယ်ရေး  ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြု ခြင်း၊ မတရားတားဆီးကန့်ကွက် ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့် ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်)ခြိမ်းခြောက်ခြင်းတစ် ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

 အဆိုပါဥပဒေကို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

နေရဲရင့်
Kumudra
http://www.kumudranews.com

No comments:

Post a Comment