Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 11, 2016

အမေရိကန်ရဲ့ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်

Byဇွဲရဲဝင့်
On Thu, 2016-11-10 06:30
Issue No.No.1268 Thursday, November 10, 2016

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် နိုင်သွားတယ်ဆိုတာက အ မေရိကန် ပြည်သူတွေအတွက်၊ ဖွဲ့စည်းပုံ ဥပဒေအတွက် ကြေကွဲ စရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ရုံ တင် မကပါဘူး။ အမေရိကန်ပြည် တွင်းကရော၊ ပြည်ပဒေသတွေမှာ ပါ ရှိနေတဲ့ လူမျိုးကြီး ဝါဒီတွေ၊ ဖိနှိပ်ကြီးစိုးမှု ဝါဒီတွေ၊ မဟာဖိုဝါဒ သမားတွေနဲ့ လူမျိုးရေး ခွဲခြားမှု ဝါဒီတွေအတွက် ဧရာမအောင်ပွဲ ကြီး ဖြစ်ခဲ့ပါတယ်။ သမ္မတနေရာ ကို ထရန့်ရရှိသွားတော့မယ်ဆိုတဲ့ တုန်လှုပ်စရာ သတင်းဟာ အမေရိ ကန် သမိုင်းကြောင်းနဲ့ လစ်ဘရယ် ဒီမိုကရက်ဝါဒအတွက် အားလျော့ စရာ ဖြစ်ရပ်ဆိုးပါပဲ။ ၂၀၁၇၊ ဇန် နဝါရီ ၂၀ မှာ အမေရိကန်သမိုင်း ရဲ့ ပထမဆုံးသော အာဖရိကနွယ် ဖွား သမ္မတတစ်ယောက်၊ ဂုဏ် သိက္ခာ၊ တည်ကြည်ဖြောင့်မတ်မှု၊ ရက်ရောမှုတွေနဲ့ ပြည့်စုံတဲ့လူ သား တစ်ယောက်ကို နှုတ်ဆက်ရ ပါတော့မယ်။ အင်အားလက်ကိုင် ပြု ကြီးစိုးလိုပြီး လူမျိုးရေး ခွဲခြားမှု ဝါဒရဲ့ အားသစ်တစ်ရပ်က ကြီးစိုး လာတော့မှာ ဖြစ်ပါတယ်။ ဒီလို အခိုက်အတန့်ကို သည်းခံ ကျော် ဖြတ်ဖို့ဆိုတာက အင်မတန်ခက်ခဲ မှာ အမှန်ပါပဲ။


ဒုက္ခဆိုးတွေကတော့ ရောက် ရှိလာတော့မှာ မြေကြီးလက်ခတ် မလွဲပါ။ လျော့တိလျော့ရဲနဲ့ ဗဟို တရားရုံးချုပ်၊ လက်ယာယိမ်းဝါဒီ တွေကို အားပေးအားမြှောက်လုပ် မယ့် လွှတ်တော်၊ အမျိုးသမီးတွေ၊ လူနည်းစု တိုင်းရင်းသားတွေ၊ လူ ထု လွတ်လပ်ခွင့်နဲ့ သိပ္ပံရေးရာ အ ချက်အလက်တွေကို အထင်သေး စက်ဆုပ်တဲ့ သမ္မတတစ်ယောက် နဲ့ စည်ကားနေပါတော့မယ်။ ထရန့်ဟာ ဒီအကြောင်းအရာတွေ ကို အကြိမ်ကြိမ် အထပ်ထပ် သက်သေပြခဲ့ပြီးသား လူတစ် ယောက်ပါ။ သူဟာ နှုတ်မစောင့် သူ တစ်ယောက် ဖြစ်ရုံမျှမကဘဲ အသိပညာ ကင်းကွာလွန်းသူ နိုင်ငံခေါင်းဆောင်တစ်ဦးအနေ နဲ့ ဈေးကွက် အခြေအနေတွေကို ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လာစေ ပါလိမ့်မယ်။ ပြီးတော့ အင်အား နည်းပါးသူတွေရဲ့ နှလုံးသားထဲမှာ အကြောက်တရားတွေ ခိုအောင်း လာစေမယ်။ ဒါ့အပြင် လူပေါင်း များစွာ စော်ကားမျက်ကွယ်ပြုခံရ လိမ့်မယ်။ အာဖရိကန်- အမေရိ ကန်တွေ၊ ပြီးတော့ မက္ကဆီကန်နဲ့ အာရှနွယ်ဖွားတွေက အစပေါ့။ ပြီးတော့ အမျိုးသမီးတွေ၊ ဂျူး တွေ၊ မွတ်စလင်တွေ အားလုံးပါ ပဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက် ပြီး ကိုင်တွယ်နိုင်ဖို့ အမျှော်လင့်နိုင် ဆုံး အခြေအနေကတော့ လာ မယ့်နှစ်တွေမှာ အမေရိကန်ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ ဘယ် လောက် ကြံ့ခိုင်အားကောင်းသ လဲ၊ ဒါမှမဟုတ် ဘယ်လောက် ထိလွယ်ရှလွယ် ရှိသလဲ ဆိုတာ ကို ဆန်းစစ်ဖို့ပါပဲ။

ရွေးကောက်ပွဲနေ့ အစော ပိုင်းမှာကတည်းက ထွက်ပေါ်လာ တဲ့ သတင်းတွေက စိုးရိမ်စရာ ဖြစ် ခဲ့ပါတယ်။ ဒါပေမဲ့ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ မြောက်ကယ်ရို လိုင်းနားတို့အပြင် ဖလော်ရီဒါလို ပြည်နယ်တွေမှာ ရီပက်ဘလေ ကန်တွေအတွက် မျှော်လင့်ချက် အလားအလာ ကောင်းနိုင်တဲ့ အ နေအထားလေးတွေ ရှိခဲ့တယ်။ အိမ်ဖြူတော်ကို အမျိုးသမီး သမ္မတ တစ်ဦး တက်လှမ်းလာနိုင် တဲ့အခါ အောင်ပွဲခံဖို့ အားခဲထား ကြတယ်။ ဒါပေမဲ့ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးဌာန အကြီးအ ကဲရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံး ဖြတ်ချက်မျိုးဟာ ဒီမိုကရက်တွေ အတွက် ထိခိုက်စေခဲ့ပါတယ်။ ဟီလာရီကလင်တန်ရဲ့ အီးမေးလ် ဆာဗာ ပြဿနာကို အစပြန်ဖော် စုံစမ်းမှုတွေက ဂျော်ဂျီယာလို ပြည်နယ်တွေမှာ ဒီမိုကရက်တွေ အနိုင်ရနိုင်တဲ့ အခြေအနေကို ဆုံးရှုံးသွားစေတယ်။ ဒါပေမဲ့ က လင်တန်အတွက် မျှော်လင့်စရာ တွေကတော့ ဆက်ရှိနေတုန်းပါပဲ။

နောက်ဆုံးတော့ ထရန့်ဟာ ဇာတ်ကြောင်း အလှည့်အပြောင်း တစ်ခုမှာ သမ္မတ ဖြစ်လာတော့ မယ်။ ဒါဟာ အမေရိကန်ရဲ့ စိတ် ဓာတ်၊ အမေရိကန်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍတွေမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ မသေ ချာ မရေရာမှုတွေဆီ ဦးတည်သွား စေပါတယ်။ ရွေးကောက်ပွဲမဲရေ တွက်မှု ရလဒ်တွေက ထရန့်စိတ်ကူးယဉ်ထားတဲ့ မောက်မာဝင့်ကြွား မှု၊ အမုန်းတရား၊ အထက်စီးဆန် မှု၊ မရိုးဖြောင့်မှု၊ အညှာအတာ ကင်းမှုတွေနဲ့ ကမ္ဘာမြေကို ပုံဖော်

ဖို့၊ ဒီမိုကရေစီ စံနှုန်းတွေကို သူ့ စိတ်တိုင်းကျ ဖျက်ဆီးပစ်ဖို့၊ အ မေရိကန်ရဲ့ တန်ဖိုးဂုဏ်ရည်တွေ ယုတ်လျော့ ပျက်သုဉ်းဖို့ ဦးတည် စေခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းတွေမှာ တော့ ဩဇာကြီးမားတဲ့ သတင်း မီဒီယာတွေက အခြေအနေကို ပြန်ပြီး ထိန်းညှိဖို့ ကြိုးစားလာပါ လိမ့်မယ်။ စာဖတ်သူတွေ၊ သ တင်းကြည့်ရှုသူတွေ စိတ်ထဲမှာ အမေရိကန်ရဲ့ ပင်ကိုဗီဇ အသိ ဉာဏ် ကြွယ်ဝမှု၊ အရေးပါအရာ ရောက်တဲ့ ယဉ်ကျေးမှုဂုဏ်ရည် တွေကို ပြန်ပြီး တွေးတောပုံဖော် လာနိုင်အောင် ကူညီပါလိမ့်မယ်။ အစွန်းရောက် အမျိုးသားရေး ဝါဒ ရဲ့ မလိုလားအပ်တဲ့ အစိတ်အပိုင်း တွေကို မျက်စိမှောက်မှုတွေ ရှိ လာမယ်။

ထရန့်ဟာ သူ့ရဲ့ ရွေးကောက် ပွဲကြို လှုပ်ရှားမှုမှာ မဲဆန္ဒရှင်သန်း ပေါင်းများစွာကို တစ်ခုခု လစ်ဟာ ဆုံးရှုံးသွားတာမျိုး၊ သောကပွေနေ ရတာမျိုး ခံစားချက်တွေ ဖြစ်ပေါ် စေခဲ့ပြီး ဖြစ်ပါတယ်။ ဖျော်ဖြေရေး သမားဆန်ဆန် လူတစ်ဦးက ကမ္ဘာမြေသစ်တစ်ခုကို လိုလား တောင်းဆိုတဲ့ သူတို့ရဲ့ နိုးကြား တောက်လောင်မှု၊ သူတို့ရဲ့ အာရုံ ခံစားမှုတွေကို ပျက်ပြယ်သွားစေ တော့မှာ ကြိုသိမြင်နေတာကြောင့် ပါ။

ဒီမိုကရက်ပါတီရဲ့ အာဏာ ရ ကာလတွေဟာ အလုံးစုံ ကောင်း မွန်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်လက်မဲ့ဦးရေ ၄ ဒသမ ၉ ရာခိုင်နှုန်း လျှော့ ချ နိုင်ခဲ့ တယ်။ ပထမဆုံး အာဖရိကနွယ် ဖွား အမေရိကန်သမ္မတတစ်ဦးကို တင်မြှောက်ပေးခဲ့တဲ့အပြင် ထိမ်း မြားလက်ထပ်ခွင့်ဆိုင်ရာ အခွင့်အ ရေး ညီမျှမှု၊ စီးပွားရေးနဲ့ ယဉ်ကျေး မှုဆိုင်ရာ ကောင်းကျိုး ဖြစ်ထွန်းမှု အချို့ကို ဆောင်ယူပေးခဲ့တယ်။

ထရန့်ကကော။ သူ့ရဲ့ ရွေး ကောက်ပွဲ လှုပ်ရှားမှုတွေဟာ မက္က ဆီကန်တွေကို စော်ကားတိုက် ခိုက်မှုနဲ့ စခဲ့တယ်။ မက္ကဆီကို ဘက်က ဝင်ရောက်လာတဲ့ ရွှေ့ ပြောင်းလုပ်သားတွေကို မုဒိမ်း သမားတွေလို့ သမုတ်ခဲ့တယ်။ လူ မျိုးရေးခွဲခြားမှုဟာ သူ့မူဝါဒပိုင်း မှာ အခြေခံအကျ ဆုံး ဗျူဟာတစ်ခု ဖြစ်ခဲ့တယ်။ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာပိုင်းကိုရော၊ ခန္ဓာ ကိုယ်ကိုပါ သူ့ရဲ့ ပင်ကိုအကျင့် စရိုက် ဝါသနာအတိုင်း လှောင် ပြောင် စော်ကားခဲ့တယ်။ ဒီကိစ္စ တွေကို သွားဝေဖန်ရင် သူက နိုင်ငံ ရေးမှာ အမှားမရှိဘူးဆိုတာမျိုးနဲ့ တုံ့ပြန်တယ်။ ဒီလို ကြမ်းကြုတ်ပြီး မနှစ်မြို့စရာ လူတစ်ယောက်ကို မဲပေးသူတွေ ရှိပါလိမ့်မယ်။ ဒါ ပေမဲ့ ဘယ်လိုနည်းနဲ့များ သူနိုင် သွားရတာလဲ။ တကယ်တော့ ထရန့်ဟာ ဂျော့ခ်ျဘုရှ်ကအစ၊ မစ် ရွမ်နေးအဆုံး ရီပက်ဘလေကန် နိုင်ငံရေးသမားတွေ တန်ဖိုးထား တဲ့ စံနှုန်းတွေကိုပါ ဖောက်ဖျက် ခဲ့သူပါ။

ထရန့်ဟာ ပါတီတွင်း ယှဉ် ပြိုင်မှုတွေမှာ အနိုင်ရခဲ့တာဟာ ထုံးတမ်းစဉ်လာတွေအတိုင်း ထိန်း သိမ်းကျင့်ကြံပြီး အောင်မြင်လာ တာ မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ မျှတမှု၊ ဘက်မလိုက်မှု၊ စူးစိုက်မှု၊ ဥပဒေ စိုးမိုးမှု အတွေးအမြင်တွေနဲ့ တင်မြှောက်ခံလာရတာ မဟုတ်ပါ ဘူး။ သူတကယ်တမ်း အခြေပြု ခဲ့တာဟာ အမုန်းတရားသာ ဖြစ် ပါတယ်။ ဖက်ဆစ်ဝါဒဟာ အမေရိ ကန်ရဲ့ အနာဂတ်မဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ဖြစ်ဖို့ လည်း ခွင့်မပြုသင့်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ လမ်းစဉ်တွေအတိုင်း ဆက်သွားရင်တော့ ဖက်ဆစ်ဝါဒ နဲ့ ခပ်ဆင်ဆင် ဦးတည်နေပြီဆို တာ အမှန်ပါပဲ။

ကလင်တန်ဟာလည်း အနာ အဆာတွေ ရှိခဲ့တဲ့ သမ္မတ လောင်း တစ်ဦးပါ။ ဒါပေမဲ့ တည် ကြည်တယ်၊ ထက်မြက်တယ်၊ ခေါင်းဆောင်မှု ပြည့်ဝသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သန်းပေါင်း များစွာသော မဲဆန္ဒရှင်တွေကြား မှာ သူ့ရဲ့ပုံရိပ်ကို အယုံအကြည် လျော့ကျသွားစေတာမျိုး၊ အားမ ကိုးလိုတော့တာမျိုး မဖြစ်အောင် ကျော်လွှားခဲ့သူပါ။ ပြည်သူ့ ကောင်းကျိုးအတွက် သူ့အနေနဲ့ ဘယ်လောက်ပဲ မြှုပ်နှံအားထုတ် ပါစေ၊ အခုရွေးကောက်ပွဲ ရလဒ် အရတော့ သူဟာ ထရန့်လောက်မှ ယုံကြည်မှု မခံရသလို ဖြစ်ခဲ့ပါ ပြီ။ ထရန့်ဆိုတာ သူ့ဖောက်သည် တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ အကျိုး တူ ပူးပေါင်းစာချုပ်သူတွေကို လို သလို လှည့်ဖြားခဲ့ဖူးတဲ့ လူတစ် ယောက်၊ လူသား ဂုဏ်ရည်တန် ဖိုးတွေကို သိက္ခာကျအောင် အ ကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးတဲ့ လူ တစ်ယောက်၊ အလိုကြီးမှု၊ မရိုး ဖြောင့်မှု၊ တစ်ယူသန်မှုတွေနဲ့ ထု ဆစ်ထားတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ အတ္တကြီးမှုဟာ သင့်တင့် မျှတတဲ့ လူမှုပတ်ဝန်းကျင် တစ်ခုနဲ့ ဝင်ဆံ့ဖို့ ခက်ခဲလောက်အောင် ကြီးမားလွန်းပါတယ်။

အမေရိကန်ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်တာ ကာလမှာ ဘားရက် အိုဘားမားကို သမ္မတအဖြစ် တင် မြှောက်ခွင့် ရခဲ့တယ်။ ဆိုက်ဘာ ယဉ်ကျေးမှု နယ်ပယ်မှာ လူမျိုးရေး ခွဲခြားမှုတွေကို ဟန့်တားဖြိုခွဲဖို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ လူမျိုးရေးခွဲခြားစော် ကားမှုကို ဝါဒဖြန့်ချိရေး နည်း လမ်းတစ်ခုလို မြိန်ရေရှက်ရေအသုံးချနေတဲ့ လူတစ်ယောက်က သမ္မတ ဖြစ်လာပါတော့မယ်။ ထရန့်ဟာ ဒီအပိုင်းကို သူ့ရွေး ကောက်ပွဲ လှုပ်ရှားမှုတွေမှာ အောက်ဆီဂျင်အဖြစ် အားဖြည့် အသုံးချခဲ့တာပါ။ စတိဗ်ဘန်နွန် ဟာ သူ့ရဲ့ ဝါဒဖြန့်ချိရေးမှူးနဲ့ ရွေး ကောက်ပွဲ လှုပ်ရှားမှု မန်နေဂျာပဲ ပေါ့။

နောက်ဆုံးမှာတော့ ရွေး ကောက်ပွဲရဲ့ နောက်ဆုံးပြည်နယ် တွေအတွက် မဲကြေညာမှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး ရှေ့ ဆက် ကြုံလာမယ့် ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ ပတ်သက်လို့ ဝမ်း နည်းမှု၊ စိုးရိမ်မှုတွေရောပြွမ်းရင်း ဆွေးနွေးခဲ့ပါတယ်။ ဒီနိုင်ငံမျိုးကို ဘာကြောင့်များ မစွန့်ခွာချင်စရာ ရှိတော့မှာလဲတဲ့။ ဖြေစရာ ရှာ မတွေ့ပါဘူး။ အမေရိကန်ရဲ့ ကြီး မြင့်မှု၊ အစွန်းအထင်း ကင်းမှုတွေ ဟာ မုသားတွေရဲ့ဖုံးအုပ်မှုကနေ လွတ်မြောက်ဖို့ ရုန်းကန်နေရ ရှာပါပြီ။ သဘောတရား အနေ နဲ့ကတော့ ကျောခိုင်းစွန့်ခွာမှုကို ရွေးချယ်ဖို့ပါပဲ။ လုပ်စရာ ဒီတစ် ခုပဲ ရှိနိုင်ပါတော့တယ်။

(NewYorker တွင် ဖော်ပြထား သည့် ဒေးဗစ်ရမ်းနစ်ခ်၏ An American Tragedy ဆောင်းပါး ကို ခြုံငုံဘာသာပြန်ဆိုသည်။)
http://www.7daydaily.com/story/80449


  • The Future First Lady, Melania Trump(အမေရိကန်သမ္မတကတော်ဖြစ်လာမည့်မီလာနီယာ ထရမ့်)
  • ထရမ့်ဘာကြောင့်နိုင်ခဲ့သလဲ
  • ကန်လွှတ်တော်နှစ်ရပ်လုံး Republican တို့ လွှမ်းမိုးဖွယ်ရှိ

  • No comments:

    Post a Comment